Friday 2 December 2011

Chatham House Prize 2011 ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်

လန်ဒန်မှာကျင်းပတဲ့ Chatham House ဆုပေးပွဲ
 ဗြိတိန်မှာရှိတဲ့ Chatham House အဖွဲ့ကြီးက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Chatham House Prize 2011 ဆုချီးမြှင့်ခဲ့ပါတယ်။

ကြာသပတေးနေ့ ညနေ လန်ဒန်မြို့က Chatham House မှာကျင်းပခဲ့တဲ့ ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုတင်သွင်းယူထားတဲ့ဗီဒီယိုပြောကြားချက် မှတ်တမ်းကိုလည်း ပြသခဲ့ရာမှာ ‘မြန်မာ အစိုးရအဖွဲ့ထဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့ တကယ်လုပ်ဆောင်ချင်သူတွေရှိနေပါတယ်၊ ဒီအချိန်ဟာ စွန့်စားထိုက်တဲ့အချိန်လို့ ကျမ ယူဆပါတယ်’ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အဲဒီဆုပေးပွဲအခမ်းအနားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madaleine Albright က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုတက်ယူခဲ့ပါတယ်။

Chatham House ဟာ နိုင်ငံတကာရေးရာတွေကို လွတ်လပ်စွာသုံးသပ်ပြီး အဓိကကျတဲ့ နိုင်ငံတကာ ဖြစ်ရပ်တွေကို သိရှိနားလည်လာအောင် ဆောင်ရွက်နေတဲ့ ထင်းရှားတဲ့အဖွဲ့ဖြစ်ပြီး နှစ်စဉ် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ထူးခြားတဲ့ အကျိုးပြုလုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဆုချီးမြှင့်ခဲ့ရာမှာ ၂၀၁၁ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ချီးမြှင်ခဲ့တာဖြစ်ပါတယ်။ 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes