Wednesday 25 May 2011

သားအိမ်တွင် အသားလုံးတည်ခြင်း အမျိုးသမီးငယ်များလည်း ဖြစ်ပွားလာ

Posted by Popular News
အသက် ၄ဝ ကျော် အမျိုးသမီးများ၌သာ ဖြစ်ပေါ်တတ်သော ဗိုင်ယိုးမားဟုခေါ်သည့် သားအိမ်၌ အသားလုံးတည်ခြင်းသည် ယခုအခါတွင် အသက်လတ်ပိုင်း အရွယ်များ နှင့် ငယ်ရွယ်သူများတွင်ပါ ဖြစ်လာကြောင်း သားဖွားနှင့်မီးယပ်အထူးကု ဆရာဝန်တစ်ဦး ကပြောသည်။
အဆိုပါ ဗိုင်ယိုးမားရောဂါသည် အမျိုးသမီးများ၌ ဓမ္မတာမမှန်ခြင်း၊ ရက်နည်းခြင်းနှင့် သွေးအားနည်းခြင်းစသည့် အခြေအနေများကြောင့် ဖြစ်လာတတ်ကြောင်း သိရသည်။
”သူက သားအိမ်ပေါ်မှာ အသားလုံးဖြစ်နေတဲ့အတွက် အဲဒီကနေ သွေးထွက်တော့ သွေးနီဥဆုံး ရှုံးမှုများလာတာပေါ့။ ဓမ္မတာလာတဲ့ ရက်ကလည်း တစ်လလုံးဖြစ်နေပြီး အလုံးကလည်း ကြီးလာမယ်ဆိုရင် ဒါမှမဟုတ်အာထရာဆောင်းရိုက် ကြည့်လို့ တစ်လုံးထက် ပိုနေမယ် ဆိုရင် ခွဲစိတ်သင့်တယ်။ အသားလုံးဆိုပြီး ကင်ဆာအကြိတ် သဘောမျိုးတော့ မဟုတ်ဘူး။ ခွဲစိတ်မယ်ဆိုရင်လည်း သားအိမ်နံရံက အသားလုံးကို ထုတ်ချင်တော့ သွေးကြောခွဲပြီးမှ အသားလုံးကို ဖြတ်ထုတ်ရတယ်။ အဲဒီအချိန်မှာ သွေးထွက်လွန်ရင်းကနေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် သားအိမ်ထုတ်ပစ်လိုက်ရတာမျိုး တွေရှိတယ်။ အဲဒီအခါကျတော့ လူမှုရေးပြဿနာတွေ ရှိလာနိုင် တယ်” ဟု ၄င်းကပြောသည်။
အပျိုဖော်ဝင်ငယ်ရွယ်သူများ ဓမ္မတာမမှန်ပါက သံဓာတ်အပြည့် အားဆေး၊ ဟင်းသီးဟင်းရွက်နှင့် သွေးအားကောင်းစေသည့် အသားငါးများကို စားသင့်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။
”အသားလုံးက ညာဘက်ခြမ်းမှာဆိုတော့ အဲဒီဘက်က သိသာတယ်။ နေရတာတစ်မျိုးကြီးပဲ။ ဆေးထိုးတာက ခြောက်လတစ်ခါ ထိုးပြီးရင် ဆေးကသုံးလစာပုံမှန် သောက်ရတယ်။ ရက်ပြည့်သွားလို့ ဆေးမထိုးဘဲနေရင် အသားလုံးက ကြီးလာပြီး ဖြစ်တဲ့ဘက်အခြမ်းက အရမ်းနာတယ်။ ဆရာဝန်နဲ့ ခွဲစိတ် ဖို့ တိုင်ပင်ထားပါတယ်” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ ရောဂါခံ စားနေရသူ အသက် ၃၇ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
¤င်းဗိုင်ယိုးမားရောဂါသည် ကိုယ်ဝန်ဆောင်မိခင်များတွင် ဖြစ်ပွားကာ အသားလုံးအရွယ်အစား ကြီးလာပါက လမစေ့ဘဲ ကလေး မွေးဖွားခြင်းနှင့် မီးဖွားရန်ခက်ခဲခြင်း များ ရှိနိုင်ကြောင်း မျိုးဆက်ပွား ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

”ကိုယ်ဝန်ဆောင်မိခင်တွေ ကျတော့ အသားလုံးကသားအိမ်ရဲ့ နံရံအပြင်အပေါ်ဘက်မှာ ဖြစ်တာဆို တော့ အသားလုံးကကြီးလာရင် ကလေးကိုပိနေတဲ့အတွက်ကြောင့် လမစေ့ဘဲ ကလေးမွေးသွားနိုင်တယ်။ သားအိမ်ရဲ့အောက်ဘက်မှာ ဖြစ်တာဆိုရင် ကလေးမွေးဖို့အတွက် အခက်အခဲတွေရှိနိုင်တယ်။ ဒါပေမဲ့ ကလေးမွေးရင်းနဲ့ အတူတူ အသားလုံးကိုလည်း ခွဲထုတ်လို့ရ တယ်။ နည်းနည်းတော့စိုးရိမ်ရ တယ်။ အာထရာဆောင်းရိုက်တာ က အသံနဲ့ပုံရိပ်ကို ဖမ်းတာဆိုတော့ အသားလုံးတစ်လုံးလို့ ထင်ရပေမယ့် တကယ်ခွဲလိုက်တော့မှ ထင်တာထက် အသားလုံးများနေတာကို တွေ့ရတတ်တယ်။ ကြိုတင်သိလို့ ခွဲစိတ်ထားရင် အကောင်းဆုံးပေါ့” ဟု ၄င်းကပြော သည်။

မေသီရိ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes