သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Tuesday, 3 December 2013
ဘန်ကောက်မြို့ ၊ ၃-၁၂-၂၀၁၃ ထိုင်းဝန်ကြီးချုပ် ရှင်လပ် ရှင်နာဝပ် ထရာ ရုပ်သံသတင်းအစီအစဉ်
ထိုင်းဆန္ဒပြ အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်နဲ့တွေ့ဆုံ
ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်က ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ သူတွေ့ဆုံခဲ့ကြောင်း၊ သူတို့ရဲ့ လှုပ်ရှားမှုကို ရုပ်သိမ်းပေးဖို့ ငြင်းဆိုခဲ့ပြီး ကြားဖြတ်အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းရေးနဲ့ လက်ရှိအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။Suthep Thaugsuban က ဆန္ဒပြသူတွေစုဝေးစခန်းချရာဘန်ကောက်မြို့လယ်မှာသူ့ကိုထောက်ခံသူတွေကိုတနင်္ဂနွေနေ့က ပြောဆိုလိုက်တာပါ။ ဒီပဋိပက္ခမှာ ဘက်မလိုက်ဘဲ ကြားနေတယ်လို့ဆိုတဲ့ ထိုင်းစစ်တပ်က အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူတွေရဲ့ အစည်းအဝေးကို လုံခြုံရေး စောင့်ကြည့် ပေးခဲ့ပါတယ်။တနင်္ဂနွေနေ့မနက်ပိုင်းက ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်ရုံးစိုက်ရာ အစိုးရ ရုံးဝင်းကို ခဲတွေနဲ့ပေါက်ခဲ့လို့ ထိုင်းရဲတွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲခဲ့ရပါတယ်။ လွန်ခဲ့တဲ့အပတ်ကစခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဒီတခါ ပထမဆုံးအကြိမ် မျက်ရည်ယိုဗုံး အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ အစိုးရကတော့ ဘန်ကောက်မြို့ခံတွေကို လုံခြုံမှုအတွက် ညဘက် အိမ်ပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။
အတိုက်အခံခေါင်းဆောင် ဒု-ဝန်ကြီးချုပ်ဟောင်း Suthep Thaugsuban (ဒီဇင်ဘာ ၁၊ ၂၀၁၃)
VOA
Posted in: ၀၄။ ထိုင်းသတင်း"လ" စူးစမ်းရေးယာဉ် တရုတ်လွှတ်တင်
တရုတ်နိုင်ငံက "ကျောက်စိမ်းယုန်ကလေး"လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ငယ်ကို ဆီချွမ်ပြည်နယ်၊ အာကာသစခန်းကနေ လကမ္ဘာဆီ လွှတ်တင်နေစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
VOA
Posted in: ၀၂။ နိုင်ငံတကာသတင်းဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ
Tuesday, December 3, 2013
colay.com.mm
Posted in: ၀၂။ နိုင်ငံတကာသတင်းe-Asia Joint Research Program Intelligent Infrastructure ဆိုင်ရာ အလုပ်ရုံ ဆွေးနွေး
မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်း၍ နည်းပညာ သုတေသန ဆိုင်ရာ အဆင့်မြှင့်တင်မှု တစ်ရပ် အနေဖြင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (အင်းစိန်)နှင့် ဂျပန်နိုင်ငံ Japan Science and Technology Agency (JST) တို့၏ နည်းပညာ သုတေသန e-Asia Joint Research Program Intelligent Infrastructure ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ နည်းပညာ တက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပရာ သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ၊ ဂျပန်နိုင်ငံမှ (JST)မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်ခိုင်မိုးနှင့် ဂျပန်နိုင်ငံ (JST) မှ ညွှန်ကြားရေးမှူး Mr.Toshihiko တို့က အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ Mr.Soichi Kubota u e-Asia အစီအစဉ်ဖြင့် နည်းပညာဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်မှု စီမံချက်များတွင် လူ့စွမ်းအား အရင်းအမြစ် ပျိုးထောင်ခြင်းနှင့် ပညာသင်ဆု ပံ့ပိုးမှုများကို ဟောပြောဆွေးနွေး ခဲ့ကြသည်။ Dr.Haruo Takeda က ''Intelligent Structure" နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ မြို့ပြ အဆင့်မြှင့်တင် ဆောင် ရွက်မှု၊ နေ့စဉ် လူနေမှုကိစ္စများ အတွက် အသုံးဝင်မည့် အဆောက်အအုံ ဒီဇိုင်းများ၊ စက်ပစ္စည်းများ၊ အာရုံခံ ကိရိယာများ၊ အီလက်ထရွန်နစ် ကိရိယာ ပစ္စည်းများနှင့် နည်းပညာများ အကြောင်းကို ပရိုဂျက်တာဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်မျိုး(ဧရာဝတီ)
Posted in: ၀၃။ မြန်မာ့ သတင်းမြန်မာနိုင်ငံ မိုဘိုင်းလ်ဆင်းကတ် ဈေးနှုန်းနှင့် အင်တာနက် မြန်နှုန်း Ooredoo မှ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်မည်
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်ပဆက်သွယ် ရေးကုမ္ပဏီနှစ်ခု အနက်မှ တစ်ခုဖြစ်
သည့် Ooredoo Myanmar အနေဖြင့် မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်သည့် အချိန်တွင် မြန်မာနိုင်ငံ၌ လက်ရှိ ရောင်းချနေသည့် ဈေးနှုန်းများနှင့် အင်တာနက် မြန်နှုန်းများကို ပြောင်းလဲပစ်မ ည် ဖြစ်ကြောင်း Ooredoo Myanmar ၏ စီးပွားရေးရာများ ဆိုင်ရာ အရာရှိချုပ် အရှေ့တောင်အာရှ ဒေသဆိုင်ရာ ရှေ့နေချုပ်ဖြစ်သူ ScottWeenink က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ အပြင် မြန်မာနိုင်ငံသားများအနေဖြင့်
မြန်မာနိုင်ငံတွင် မိုဘိုင်းလ်နှင့် အင်တာနက် ကွန်ရက် မရှိခြင်း၊ အခြေခံ အချက်များဖြစ်သည့် အီးမေးလ်များစစ်ဆေးခြင်းနှင့် နိုင်
ငံခြားသို့ ဖုန်းခေါ် ဆိုခြင်းများ အတွက် အဆင်မပြေ ဖြစ်လျက်ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
''အခုလတ်တလော မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ရတာ အခက်အခဲ ရှိပါတယ်။ အီးမေးလ် တွေ စစ်တဲ့အခါမှာ များသောအားဖြင့် ဟိုတယ်မှာရှိတဲ့ Wifi ကိုပဲ အားကိုးနေရတယ်။ ဖိုင်တစ်ဖိုင်ကို download လုပ်ဖို့ တစ်နေကုန် ကြာရင် ကြာတတ်ပါတယ်။ ဒါပေမဲ့
မြန်မာ နိုင်ငံမှာ ကျွန်တော်တို့ စပြီးတော့ လုပ်တယ်ဆိုတာနဲ့ ဒါတွေကို ပြောင်းပစ်နိုင်ပါတယ်'' ဟု Scott Weenink က ပြော
ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် 3G ကွန်ရက်ဖြင့် လုပ်ဆောင်မည် ဖြစ်ပြီး ၁၅ နှစ် သက်တမ်း လုပ်ကိုင်ခွင့် ရရှိထားသော Ooredoo သည် မိုဘိုင်းလ်ကွန်ရက် လုပ်ကိုင် ဆောင်ရွက်မည့် အပြင် မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုနှင့် အချက်အလက်များ ရယူနိုင်သော ဝန်ဆောင်မှု များလည်း လုပ်ကိုင်သွားမည် ဖြစ်သည်။
ကံထူး
Posted in: ၀၃။ မြန်မာ့ သတင်းထိုင်းရှိ ဗီဇာသက်တမ်းကုန် အလုပ်သမားများ အတွက် one stop service centre များ ယခုလအတွင်း ဖွင့်လှစ်မည်
ထိုင်းရှိ ဗီဇာသက်တမ်းကုန် အလုပ်သမားများ အတွက် one stop service centre များ ယခုလအတွင်း ဖွင့်လှစ်မည် Created on Tuesday, 03 December 2013 ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် one stop service centre များကို ယခုအလတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ အလုပ်သမားများ အတွက် one stop service centre များကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အပါအ၀င် ထိုင်း-မြန်မာ နယ်စပ်ဒေသများ ဖြစ်သည့် မယ်ဆိုင် (တာချီလိတ်)၊ မဲဆောက် (မြ၀တီ)၊ ပူနရွန် (ထီးခီး)၊ ဆင်ဂေါင်း (မောတောင်)နှင့် ရနောင်း (ကော့သောင်း)တို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ ''one stop service centre တွေဖွင့်ဖို့ စီစဉ်နေပါတယ်။ ထိုင်းမြန်မာ နယ်စပ်ဒေသတွေဖြစ်တဲ့ တာချီလိတ်၊ မြ၀တီတို့မှာဖွင့်ဖို့ လောလောဆယ် လျာထားပါတယ်။ နောက်ကျရင်တော့ အပြောင်းအလဲ ရှိနိုင်ပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမားများ ဆက်လက်လုပ်ကိုင်ခွင့် ရရေးအတွက် ယခင်ယာယီ နိုင်ငံကူးလက်မှတ်အစား နိုင်ငံကူးလက်မှတ် ပတ်(စ်)ပို့အနီ ပြောင်းလဲထုတ်ပေး သွားမည်ဖြစ်ပြီး အလုပ်သမားများ အနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း စသည့် အထောက်အထား များနှင့်အတူ နယ်စပ်ဒေသရှိ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းများ (one stop service centre) တွင် လာရောက် ပြုလုပ်ရမည် ဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမား ၃၀၀၀၀ ကျော် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ သိရသည်။ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ယင်းအလုပ်သားများ အတွက် one stop service centre ဖွင့်လှစ်ရေးတို့ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့သည်။ Reposted by pyae phyo Credit to EMG www.facebook.com/mmcities ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးပွဲအား တွေ့ရစဉ်
Posted in: ၀၄။ ထိုင်းသတင်းပြည်နယ်နှင့်တိုင်းလေးခုတွင် ကွန်ပျူတာပညာရှင် အသင်းအသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်
မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်း (MCPA) အသိအမှတ်ပြု Network စာမေးပွဲများကို တစ်ပြိုင်နက်ကျင်းပမည်ဖြစ်သည်ဟု
အဆိုပါစာမေးပွဲမှာ အိုင်တီပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသည့် ကျောင်းသား၊ ကျောင်း သူများ၏ အရည်အချင်းကို အသိအမှတ်ပြုခံနိုင်စေရန် ဦးတည်သောစာမေးပွဲဖြစ်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။
ဖြေဆိုနိုင်သည့် စာမေးပွဲအမျိုးအစားများမှာ Network Associate Examination (NA), Network Professional Examination (NP) တို့ဖြစ်ကာ စာမေးပွဲအောင်မြင်သူများအနေဖြင်
အသေးစိတ်သိရှိလိုသူများအနေဖြင့်
Mizzima - News in Burmese
Posted in: ၁၁။ ကွန်ပျူတာနည်းပညာအဓိကပြိုင်ဘက် ထိုင်းဖြစ်ဟု စစ်တုရင် နည်းပြပြော
ဆီးဂိမ်း စစ်တုရင်ပြိုင်ပွဲတွင် မြန်မာကစားသမားများအနေဖြင့် ထိုင်းကစားသမားများကို အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုင်းအသင်းသာလျှင် အဓိက ပြိုင်ဘက်ဖြစ်ကြောင်း မြန်မာစစ်တုရင်နည်းပြချုပ် ဦးခင်ကိုက သုံးသပ်ပြောကြားသည်။
“ရိုးရာစစ်တုရင်ပြိုင်ပွဲနဲ့ အာဆီယံစစ်တုရင်ပြိုင်ပွဲတွေမှာ မြန်မာကစားသမားတွေအနေနဲ့ ထိုင်းကစား သမားတွေကို အဓိကထားယှဉ်ပြိုင်ရပါမယ်။ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲမှာတော့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက ကစားသမားတွေရဲ့လက်ရည်က တော်တော်လေးကောင်းတယ်လို့ သိထားရပါတယ်”ဟု ဦးခင်ကိုက ပြောသည်။ရိုးရာစစ်တုရင်ပြိုင်ပွ
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ စစ်တုရင်ပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၂ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်၊ ဇဗ္ဗူသီရိဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
Mizzima - News in Burmese
Posted in: အားကစားသတင်းကွယ်လွန်သူ ဟက်ကာ Aaron Swartz အကြောင်း
ငယ်ငယ်လေးကတည်းက ကွန်ပြူတာပညာကို တစ်စိုက်မတ်မတ်လေ့လာ ခဲ့ ပြီး အသက် ၁၃ နှစ်ကစလို့ ဝဘ်ဆိုဒ်နဲ့ လုံခြုံရေး စနစ် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေပြီ ဖြစ်ပါတယ်။ သူ့ကို ယနေ့တိုင် အမေရိကန် ကွန်ပြူတာ ဟက်ကာ၊ ပရိုဂမ်မာ အဖြစ် လူသိများစေပါတယ်။
Reddit တို့လို ကမ္ဘာကျော် ဆိုရှယ်ဆိုဒ်ကို ပူးတွဲတည်ထောင်ခဲ့ သူပါ။ ပြီးတော့ RSS လို့ခေါ်တဲ့ Web Feet format ကို တီထွင် ဖန်တီးမှုထဲမှာလည်း ဦးဆောင်ပါဝင်သူ ဖြစ်ပါတယ်။ w3c, MarkDown တို့မှာလည်း လုပ်ကိုင်ပြီး Wikipeida မှာလည်း အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ ပါသေးတယ်။ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
ဟားဗတ်စ် တက္ကသိုလ်မှာလည်း research fellow အဖြစ် အသိအမှတ်ပြု ခံရပြီး ပညာရေးမှာလည်း တက်ကြွလှုပ်ရှားပါဝင်ခဲပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်မှာ သူဟာ နိုင်ငံတော်က ပေးအပ်တဲ့ James Madison Award ကို ရရှိခဲ့ပါတယ်။ ယင်းဆုက အစိုးရ ဆိုင်ရာသတင်းအချက်အလက်များအား လုံခြုံအောင် ထိန်းသိမ်းပေးနိုင်သူ အိုင်တီပညာရှင်များကို ပေးအပ်တဲ့ ဆု ဖြစ်ပါတယ်။ အကြီးမားဆုံး အင်တာနက်လုံခြုံရေး အားနည်းချက်ကို ရှာဖွေနိုင်သူကိုလည်း ပေးတဲ့ဆု ဖြစ်ပါတယ်။ ဒါကြောင့် Aaron က ကွယ်လွန်ပြီးမှ ရရှိခဲ့တာပါ။
၂၀၁၁ ခုနှစ်တုန်းကပါ။ JSTOR အမည်ရ အွန်လိုင်းပညာရေး စာကြည့်တိုက်ကနေ သုသေတန စာတမ်းပေါင်း များစွာကို Download ဆွဲယူခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ JSTOR ဟာ နိုင်ငံပေါင်း ၁၆၀ ကျော် ရဲ့  ပညာရေး သုတေသန သတင်းအချက်အလက်များကို သိမ်းဆည်းထားတဲ့ အွန်လိုင်းစာကြည့်တိုက်တစ်ခုဖြစ်ပြီး အချို့ အရာတွေကိုပဲ access ပေးလုပ်တာပါ။ အများစိုကို လျှို့ ဝှက်ထားပါတယ်။ ယင်းအတွက်လည်း ကမ္ဘာ့အတော်ဆုံး ဟက်ကာများ ထားရှိပြီး အချက်အလက်ကို လုံခြုံစေပါတယ်။ တည်ထောင်ပြီး တစ်သက်လုံး တိုက်ခိုက်မှုပေါင်းများစွာ ကြုံပေမယ့် ဘာမှမဖြစ်ခဲ့တဲ့ ယင်း ဆိုဒ်ဟာ Aaron Swartz ကြောင့် သတင်းများ ပေါက်ထွက် စေခဲ့ပါတယ်။ ပမာဏ အတိအကျ မဖော်ပြထားပါဘူး။ သို့ပေမယ့် ယင်းပြစ်မှုအတွက် ထောင်ဒဏ် ၃၅ နှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ သန်းသတ်မှတ်တဲ့အတွက် သတင်းအချက်အလက်အတော်များများ ပါဝင် သွားလို့ ဖြစ်ပါတယ်။
ပစ်မှုအတွက် Aaron Swartz ဟာ တရားရုံးတက်ရမှာပါ။ သို့ပေမယ့် သူ ဆန့်ကျင်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ မှာ ကြိုးဆွဲချ သေနေတဲ့ Aaron Swartz ကို သူ့အခန်းထဲမှာ တွေ့ရှိခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နဲ့တင် ကွယ်လွန်ခဲ့တဲ့ Aaron Swartz ဟာ ကမ္ဘာ့ အတော်ဆုံး ဟက်ကာများ စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )
Posted in: ၁၁။ ကွန်ပျူတာနည်းပညာအတိုက်အခံတွေ တောင်းဆိုချက် ထိုင်းဝန်ကြီးချုပ်လက်မခံနိုင်
Posted in: ၀၄။ ထိုင်းသတင်း
တာသိကြာမှာပါ အဲဒီအထဲက download link ကို Survey ခံတဲ့
လိမ်ညာမှုကို ပြောပြပါ့မယ် အထူးသဖြင့် hackin ဆော့ဝဲတွေကို
ဒေါင်းတဲ့အခါ survey ဖြေနိုင်မှ ဒေါင်းရမယ်ဆိုတာ တွေနဲ့လိမ်
ပါတယ်အမှန်တော့ အဲဒီ hacking ဆော့ဝဲက လည်း အစစ်အ
မှန်မဟုတ်ပါဘူးပိုက်ဆံလိမ်ယူတာပါ အခုမှ အင်တာနက်စသုံး
ခါစ သမားများအတွက်မျှားသောနည်းတစ်ခုပါ ကိုယ်ကလို
ချင်ဇောနဲ့ သူတို့ပြောသလိုငွေလွှဲပေးလိုက်ပြီဆိုတာနဲ့ ကုန်
မယ့်သာမှတ်ပါ ။တကယ်သာ software တစ်ခုနဲ့ facebook တို့
gmail တို့သာဟက်ရနေမယ်ဆိုရင် လူတိုင်းဝယ်နေကြမှာပါ ။။။
အခုမှ အင်တာနက်သုံးသူတွေ သတိပြု စေဖို့ ပါ။အင်တာနက်
ပါးဝနေသူတွေကတော့ ဒါတွေ သိပြီးသားမို့အေးဆေးပါ
>>>ဆော့ဝဲမြို့တော်
Posted in: ၁၁။ ကွန်ပျူတာနည်းပညာထိုင်းနိုင်ငံရေး နောက်ဆုံး အခြေအနေ - ဖမ်းဝရမ်းထုတ်ပြီ
မစ်ယင့်လတ် ဟာ ဆန္ဒပြ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပေမယ့် ရွေးကောက် တင်မြောက်ခံ သူ့ အစိုးရ နုတ်ထွက်ဖို့ ကိစ္စ ကတော့ အခြေခံ ဥပဒေနဲ့ မကိုက်ညီ ဘူးလို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ကို ဆန့်ကျင်တဲ့ အစိုးရ နုတ်ထွက် ပေးရေးနဲ့ တောင်းဆို ဆန္ဒပြ သူတွေဟာ ဘန်ကောက် တိုင်းရဲချုပ်ရုံး သိမ်းပိုက်ဖို့ အတွက် ကြိုးစား တာကြောင့် ရဲနဲ့ ထိပ်တိုက် တွေ့ပြီး ရဲကနေ ရာဘာ ကျည်ဆံ သုံးရတဲ့ အထိ ဖြစ်ခဲ့ရ ပါတယ်။
ဝန်ကြီးချုပ် ရုံးနဲ့ ဘန်ကောက် တိုင်းရဲရုံး အရှေ့မှာ သွပ်ဆူး ကြိုးတွေ ကွန်ကရစ် တုံးတွေနဲ့ အဆင့်ဆင့် ကာထားကာ အတွင်းပိုင်းမှာ ရာချီတဲ့ ရဲတွေက ဒိုင်းတွေ ကာပြီး ကာကွယ်ထား ပါတယ်။
ဆန္ဒပြသူတွေက သွပ်ဆူးကြိုး တွေကို သဲအိပ်တွေနဲ့ ဖိချပြီး ဝင်ဖို့ကြိုးစားကြပါတယ်။ ကွန်ကရစ် တုံးကြီးတွေကို မ ထုတ်ဖို့ အတွက် ဘက်ခိုး မြေတူး ကားကြီး မောင်းလာ ပြီး ဆွဲထုတ် တာပါ။ အဲ့ဒီ အချိန်မှာ ရဲက မျက်ရည်ယို ဗုံးနဲ့ ပစ်လိုက်၊ မျက်ရည်ယို ဓါတ်ငွေ့ ရောစပ် ထားတဲ့ မီးသတ်ပိုက် ရေနဲ့ ထိုးပက်လိုက်နဲ့ နောက်ဆုံး မှာ ရာဘာ ကျည်နဲ့ ပစ်ခတ်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။
ဒဏ်ရာ ရသူတွေကို ကယ်ဆယ်မှု အခြေအနေ
တနေ့လုံး လိုလိုပဲ ဆန္ဒပြ သူတွေက ရှေ့တိုးလိုက် ရဲက ပစ်လိုက်နဲ့ ဖြစ်နေခဲ့ ပါတယ်။ ထိခိုက် ဒဏ်ရာ ရသူတွေကို ကယ်ဆယ် ရာမှာ ပုံမှန် ကျန်းမာရေး ဝန်ထမ်း တွေ အပြင် စစ်တပ်က ဆေး တပ်ဖွဲ့ဝင် ၃ဝ ကလည်း ဒီနေ့မှာ လာရောက် ကူညီ ဆောင်ရွက် ပေးခဲ့ ပါတယ်။
ဒဏ်ရာရ သူတွေကို ဆေးရုံး အသီးသီးကို ပေးပို့ တာကြောင့် ဒဏ်ရာရသူ ဘယ်နှစ်ယောက် ရှိမလဲ ဆိုတာ အတိ အကျ မပြောနိုင်သေးဘူး။ ရာမာအထိဘောဒီ ဆေးရုံက ထုတ်ပြန်ချက် အရ ကျည်ဆံ အစစ်နဲ့ ဒဏ်ရာ ရသူ ၂ ဦး ရှိပြီး ရာဘာ ကျည်ဆံနဲ့ ထိမှန်သူ တစ်ဦး ရှိတယ်လို့ ထုတ်ဖေါ် ပြောကြားထား ပါတယ်။
မိုးချုပ် လာချိန်မှာတော့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ရုံးနဲ့ ဘန်ကောက် တိုင်းရဲရုံး တွေကနေ ဆုတ်ခွာပြီး အနီးနားက သပိတ် စခန်းတွေကို ပြန်သွားကြတယ်။
ဖမ်းဝရမ်းထုတ်ပြီ
ညနေပိုင်းမှာတော့ တစ်ထောင် လောက်ရှိတဲ့ လူတစ်စုက မြို့လယ်ခေါင်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရုံးချုပ် အရှေ့ကို လာရောက် ဆန္ဒပြနေကြပြန်ပါတယ်။
ဆန္ဒပြ ခေါင်းဆောင် စူထေ့ပ်ကိုတော့ အစိုးရက နိုင်ငံတော် ပုံကန်မှုနဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ နောက်ထပ် ခေါင်းဆောင် ၄ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။
ဘန်ကောက်မြို့ ဆန္ဒပြ နေတဲ့ နေရာတွေမှာ စိုးရိမ် စရာရှိသလို တခြား နေရာက သူတွေက စိုးရိမ်မှု ရှိပေမယ့် တမြို့လုံး မှာတော့ ပုံမှန် သွားလာ ရောင်းဝယ် နေကြ ပါတယ်။ ထိုင်းတောင်ပိုင်းက ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း ဆန္ဒပြမှုတွေ ရှိပေမယ့် အကြမ်းဖက်မှုတွေ တော့ မရှိဘူးလို့ သိရပါတယ်။
BBC
Posted in: ၀၄။ ထိုင်းသတင်းMonday, 2 December 2013
ရိုဟင်ဂျာများအားနိုင်ငံသားပေးရန် UN တောင်းဆိုမှုကိုကန့်ကွက်
Posted in: ၀၃။ မြန်မာ့ သတင်းရင်လတ်ကို ထိုင်းဝန်ကြီးရာထူးမှ နှုတ်ထွက်ရန် ထိုင်းပြည်သူတို့ ရာဇသံပေး
Posted in: ၀၄။ ထိုင်းသတင်းTuesday, 20 November 2012
အမေရိကန် သမတ အိုဘားမား ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်
အမေရိကန် သမတ ဘားရက် အိုဘားမား ဟာ ဒီနေ့မှာ သူ့ရဲ့ ၆ နာရီကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန် သမတ တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ သမိုင်းဝင် ခရီးစဉ်လဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံ သမတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကိုလဲ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကနေ တိုက်ရိုက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သမတ အိုဘားမားနဲ့ အတူ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်လည်း အတူ လိုက်ပါခဲ့ပါတယ်။ သမတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ မိန့်ခွန်း ရုပ်/သံ ထုတ်လွှင့်တင်ဆက်မှုကို အောက်ပါ ဗီဒီယို တွေမှာ ကြည့်ရှုနိုင်ပါတယ်။
Posted in: ၀၃။ မြန်မာ့ သတင်း


18:36
Unknown







.jpg)


