Monday 13 February 2012

ကမ္ဘာကျော် အဆိုတော် Whitney Houston ကွယ်လွန်

၁၉၈၀ နဲ့ ၉၀ ခုနှစ်တွေအတွင်း သီချင်းစီးရီးပေါင်းများစွာ သီဆီ ထုတ်လုပ်ခဲ့သူWhitney Houston



အမေရိကန် ကမ္ဘာကျော် အဆိုတော်လည်းဖြစ်၊ သရုပ်ဆောင်လည်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် Whitney Houston တယောက် ကွယ်လွန်သွားပြီဖြစ်ပါတယ်။
လော့အိန်ဂျလိစ် ပြည်နယ် ဘယ်ဗလီဟေးလ်စ် မြို့က သူတည်းခိုနေတဲ့ ဟော်တယ်အခန်းထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
Whitney Houston ဟာ ၁၉၈၀ နဲ့ ၉၀ ခုနှစ်တွေအတွင်း သီချင်းစီးရီးပေါင်းမျာစွာ သီဆိုအသံသွင်းထုတ်လုပ်ခဲ့ပြီး သူ့သီချင်းတွေဟာ အရောင်းရဆုံး ဖြစ်ခဲ့ပါတယ်။ 
"I will always love you" ဆိုတဲ့ သီချင်းကတော့ ကမ္ဘာပေါ်မှာ လူသိအများဆုံးသော သူရဲ့သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ် နောက်ပိုင်းမှာတော့ သူဟာ မူးယစ်ဆေးဝါးနဲ့ အရက်ကို စွဲသွားခဲ့ပါတယ်။
Whitney Houston ဟာ ဂီတဘက်မှာ မှတ်ချက်ပြုလောက်အောင်ကို အံ့သြဖွယ်ကောင်းပြီး အရည်အချင်း ရှိတဲ့ အနုပညာရှင်တဦး ဖြစ်တယ်လို့ မိုတောင်း သီချင်းထုတ်လုပ်တဲ့ ကုမ္ဗဏီကို တည်ထောင်သူ ဘရီဂေါ်ဒီက ပြောပါတယ်။
Ref: BBC

ကမ္ဘာပေါ်မှာလူသိအများဆုံး သူမရဲ့ တေးတစ်ပုဒ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes