Tuesday 14 February 2012

ပို့ကုန်ရောင်းရငွေ အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံမှု ကင်းလွတ်ခွင့် ပြုထားသော ပို့ကုန်များကို ကင်းလွတ်သက်သာခွင့် သက်တမ်း ခြောက်လ ထပ်မံတိုးမြှင့်

7205

ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ရော်ဘာ ကဲ့သို့လယ်ယာစိုက်ပျိုး ရေးထွက်ကုန်များ၊ ငါး၊ ပုစွန်၊ ကဏန်းကဲ့သို့ ရေချိုရေငန်ထွက် ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ(ကန့်သတ်ကုန် ပစ္စည်းမှ အပ)၊ သစ်၊ ၀ါး၊ ကြိမ်တို့ဖြင့် ပြုလုပ်ထားသော တန်ဖိုးမြှင့်ပစ္စည်းများ၏ ပို့ကုန်ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်း ကင်းလွတ်ခွင့်ကို ခြောက်လသက်တမ်း ထပ်မံတိုးမြှင့်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ် လ ၁၄ ရက်နေ့အထိ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထို့ပြင် လက်ခစားအပ်ကုန် စနစ်(CMP)ဖြင့် ဆောင်ရွက်လျက်ရှိ သောလုပ်ငန်းများမှ နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်လျှော့ပေါ့ သက်သာ ခွင့်ပြုခြင်းကိုလည်း ခြောက်လသက်တမ်း ထပ်မံတိုးမြှင့်ခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့အထိ သက်သာခွင့်ရရှိမည် ဖြစ်ကြောင်း သိရပါသည်။ အထက်ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့် များသက်တမ်းတိုးမြှင့်ခြင်းကို ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန အမိန့်ကြော်ငြာစာ အမှတ် ၄၃-၂၀၁၂၊ ၄၄ -၂၀၁၂၊ ၄၈-၂၀၁၂တို့ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။


ထို့ပြင် လက်ခစားအပ်ကုန် စနစ်(CMP)ဖြင့် ဆောင်ရွက်လျက်ရှိ သောလုပ်ငန်းများမှ နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်လျှော့ပေါ့ သက်သာ ခွင့်ပြုခြင်းကိုလည်း ခြောက်လသက်တမ်း ထပ်မံတိုးမြှင့်ခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့အထိ သက်သာခွင့်ရရှိမည် ဖြစ်ကြောင်း


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း “ပို့ကုန်တချို့အပေါ် ပေးထားတဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နဲ့ လက်ခစားလုပ်ငန်းတွေ အပေါ်ပေးထားတဲ့ ၀င်ငွေခွန် သက်သာခွင့်တွေကို နောက်ထပ်ခြောက်လ သက်တမ်းတိုးမြှင့်ပေးပါတယ်။ ငွေလဲနှုန်းထားရယ်၊ ကုန်သွယ်မှု အခြေအနေတွေနဲ့ နိုင်ငံရဲ့ စီးပွားရေး အနေအထားတွေ အရ ထပ်ပြီး သက်တမ်းတိုးပေးရတာ ဖြစ်ပါတယ်။ ပို့ကုန်ဦးစားပေး နိုင်ငံအဖြစ်ကိုသွားမှာ ဖြစ်တာကြောင့် ပို့ကုန်လုပ်ငန်းတွေ ဒီထက်ဖွံ့ဖြိုးအောင် ပံ့ပိုးပေးသွားရမှာပါ”ဟု ပြောကြားပါသည်။

ပို့ကုန်လုပ်ငန်းရှင် တစ်ဦးကလည်း “သက်တမ်းခြောက်လ ထပ်ပြီး တိုးမြှင့်ပေးတဲ့အတွက် လုပ်ငန်းရှင်တွေ ပိုအဆင်ပြေပါတယ်။ လက်ရှိ ငွေလဲနှုန်းနဲ့ ကုန်သွယ်ရေး အနေအထားတွေက သက်တမ်းမတိုးပေးရင် ပို့ကုန်လုပ်ငန်းတွေအတွက်ခက်ခဲ နေတုန်းပါပဲ။ ကုန်ထုတ်လုပ်မှုစရိတ် က အခုထိ မကျသေးတော့ ကုန်ကျစရိတ်က နိုင်ငံတကာနဲ့ယှဉ်ရင် မြင့်နေတယ်။ ကျပ်ငွေဈေးကလည်း မြင့်နေတော့ လုပ်ရတာ အခက်အခဲ ရှိနေတုန်းပဲ။ ပို့ကုန်ကျရင် ကျန်တဲ့ စီးပွားရေး ကဏ္ဍတွေလည်း အနည်းနဲ့ အများထိတာ ဆိုတော့ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်သက်တမ်းကို တိုးမြှင့်ပေးတာ အားလုံးအတွက် အဆင်ပြေနိုင်ပါတယ်”ဟု ရှင်းပြပါ သည်။

ပြည်ပပို့ကုန်မှ ရငွေအပေါ် စည်းကြပ်ကောက်ခံခဲ့သည့် ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်သက်သာခွင့် များကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အသိပေးပြောကြား ခဲ့ခြင်းဖြစ်သည်။ ဆန်၊ ပဲမျိုးစုံ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေချိုရေ ငန်ထွက်ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှ  ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် နေ့အထိ ခွင့်ပြုပေးခဲ့ကြောင်း၊ သစ်၊ ၀ါး၊ ကြိမ်တို့ဖြင့် ပြုလုပ်ထားသော တန်ဖိုးမြှင့်ပစ္စည်းများ အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ကို စက်တင်ဘာလ ၁ ရက်နေ့မှ ဖေဖော် ၀ါရီလ ၁၄ ရက်နေ့အထိ  ခွင့်ပြုပေး ခဲ့ပြီး လက်ခစားအပ်ကုန် လုပ်ငန်းများအပေါ် ကောက်ခံသည့် ၀င်ငွေခွန် သက်သာခွင့်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

၁၉၉၀-၁၉၉၁ခုနှစ် မှ ၂၀၁၀-၂၀၁၁ခုနှစ် ဘဏ္ဍာရေးနှစ်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု အခြေအနေပြ ဇယား (တန်ဖိုး - အမေရိကန်ဒေါ်လာသန်း)

ဘဏ္ဍာရေးနှစ်    ပို့ကုန် သွင်းကုန် ကုန်သွယ်မှုပမာဏ ကုန်သွယ်ရေးပိုငွေ၊ လိုငွေ
၁၉၉၀-၁၉၉၁      ၂၅၆၁ .၉ ၅၅၂၂ .၈ ၈၄၈၄ .၇ -၂၅၆၀ .၉
၁၉၉၅-၁၉၉၆   ၅၀၄၃ .၈ ၁၀၃၀၁ .၆ ၁၅၃၄၅ .၄ - ၅၂၅၇ .၈
၁၉၉၉-၂၀၀၀      ၈၉၄၇ .၃     ၁၆၂၆၄ .၈ ၂၅၂၁၂ .၁ - ၇၃၁၇ .၅
၂၀၀၀-၂၀၀၁            ၁၉၆၀ .၀   ၂၃၁၉ .၀ ၄၂၇၉ .၀ -၃၅၉ .ဝ
၂၀၀၂-၂၀၀၃             ၃၀၆၂ .၈       ၂၂၉၉ .၆       ၅၃၆၂ .၅      ၇၆၃ .၂
၂၀၀၃-၂၀၀၄             ၂၃၅၆ .၈       ၂၂၄၀ .၀       ၄၅၉၆ .၈       ၁၁၆ .၉
၂၀၀၄-၂၀၀၅             ၂၉၂၇ .၈        ၁၉၇၃ .၃        ၄၉၀၁ .၁     ၉၅၄ .၆
၂၀၀၅-၂၀၀၆             ၃၅၅၇ .၂        ၁၉၈၄ .၄        ၅၅၄၁ .၆       ၁၅၇၂ .၈
၂၀၀၆-၂၀၀၇            ၅၂၃၂ .၇        ၂၉၃၆ .၇        ၈၁၆၉ .၄       ၂၂၉၆ .ဝ
၂၀၀၇-၂၀၀၈             ၆၄၀၁ .၇        ၃၃၅၃ .၄       ၉၇၅၅ .၁        ၃၀၄၈ .၃
၂၀၀၈-၂၀၀၉             ၆၇၇၈ .၉       ၄၅၄၃ .၅        ၁၁၃၂၂ .၃      ၂၂၃၅ .၎
၂၀၀၉-၂၀၁၀            ၇၅၈၆ .၉        ၄၁၈၁ .၄        ၁၁၇၆၈ .၃      ၃၄၀၅ .၅
၂၀၁၀-၂၀၁၁            ၈၈၆၁ .၁       ၆၄၁၂ .၇        ၁၅၂၇၃ .၈      ၂၄၄၈ .၎

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes