Friday 17 February 2012

အော်တိုတယ်လီဖုန်းနှင့် မိုဘိုင်းဖုန်းများအားလုံး၏ တယ်လီဖုန်းအခွန်ပေးဆောင်မှုကို မတ်လဆန်းပိုင်းမှစ၍ Postpaid စနစ်မှ Prepaid စနစ်သို့ ပြောင်းလဲသွားမည်



အော်တိုတယ်လီဖုန်းများနှင့် မိုဘိုင်း ဖုန်းများအားလုံး၏ တယ်လီဖုန်းအခွန် ပေးဆောင်မှုကို မတ်လဆန်းပိုင်းတွင် Postpaid စနစ်မှ Prepaid စနစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အော်တိုတယ်လီဖုန်းနဲ့ မိုဘိုင်းဖုန်းများအား Postpaid စနစ်ကနေ ကြိုတင်ငွေပေးချေစနစ် Prepaid စနစ်ကို ပြောင်းလဲဆောင်ရွက်ရန်စတင်ဆောင်ရွက်နေပါပြီ။

 ငွေကြေးကိစ္စဖြစ်တဲ့အတွက် လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုကို သေချာစေရန် ဆောင်ရွက်နေတာဖြစ်ပါတယ်။ စမ်းသပ်နေတာဖြစ်ပါတယ်။ မတ်လဆန်းပိုင်းမှာ Postpaid စနစ်ကနေ ကြိုတင်ငွေပေးချေ စနစ် Prepaid စနစ်ကို ပြောင်းလဲဆောင်ရွက်နိုင်မှာပါ''ဟု ပြောကြားခဲ့သည်။ 

တယ်လီဖုန်းသုံးစွဲသူများအနေဖြင့် တယ်လီဖုန်းအခွန်ကို ငွေလက်ခံစခန်းများတွင် သွားရောက်ပေးဆောင်ရန် လိုတော့မည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။      
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes