Tuesday 14 February 2012

အလုပ်ရုံမီးလောင်မှု နောက်ဆက်တွဲ သတင်း

     11.2.2012 ရက်နေ့တွင်အလုပ်ရုံမီးလောင်မှုဖြစ်သွားသော စမွတ်ဆာခွန်ခရိုင်၊မဟာချိုင်မြို့ရှိ ထိုင်းယူနစ်အလုပ်ရုံသို့ 12.2.2012 ရက်တွင် မြန်မာနိုင်ငံမှ အလုပ်သမားကိုယ်စားလှယ်များလာရောက်ပြီး
မဟာချိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်ရေးကွန်ယက်(M.W.R.N) အဖွဲ့နှင့်ပူးပေါင်းပြီးအလုပ်ရုံ
နှင့်ဆေးရုံရှိလူနာများထံသို့သွားရောက်ကာစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ထို့သို့သွားရောက်စစ်ဆေးရာတွင်
ဆေးရုံရှိတာဝန်ရှိသူများကလည်း ထိခိုက်ဒဏ်ရာရသောအလုပ်သမားများအား ဒဏ်ရာသက်သာတဲ့အထိ
ဂရုစိုက်၍ကုသပေးပါမည်ဟုပြောကြားခဲ့သည်။အလုပ်ရုံမှတာဝန်ရှိသူများကလည်း အလုပ်သမားများအား
ဆက်လက်၍ အလုပ်ကိုပုံမှန်ပြန်လုပ်နိုင်ရန်စီစဉ်ပေးပါမည်ဟုကတိပြုခဲ့သည်။
     နောက်တနေ့တနင်္လာနေ့တွင်မီးလောင်မှုဖြစ်သွားသောအလုပ်ခန်းမှအလုပ်သမားများအားအစည်းဝေးခေါ်
၍ အလုပ်သမားတချို့ကိုတခြားအလုပ်ခန်းများသို့သွားရောက်လုပ်ကိုင်စေပြီး တချို့ကိုတခြားမြို့များတွင်
ရှိသောအလုပ်ရုံခွဲများသို့သွားရောက်လုပ်ကိုင်စေခဲ့သည်။ ထိုသို့သွားရောက်လုပ်ကိုင်သောအလုပ်သမားများအ
တွက်အိမ်ခန်းများကိုလည်းအလုပ်ရုံမှလုံခြုံရေးနှင့်တကွစီစဉ်ပေးထားကြောင်းပြောကြားခဲ့သည်။ထို့အပြင်အ
လုပ်သမားတယောက်စီအတွက် တနေ့တာစားစရိတ်အတွက် 50 ဘတ်နှင့်တစ်လအတွက်အိမ်ခန်းခ 500 ဘတ်ကိုလည်းပေးခဲ့သည်။ထိုအလုပ်သမားများကို15.2.2012ရက်တွင်သွားရောက်လုပ်ကိုင်စေမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။
     ယနေ့တွင်M.W.R.Nမှတာဝန်ရှိသူများကဆေးရုံသို့သွားရောက်ကြည့်ရှုရာမီးလောင်မှုကြောင့်ဒဏ်ရာ
ရသောလူနာများအားလုံးဒဏ်ရာသက်သာ၍ဆေးရုံမှပြန်ဆင်းသွားပြီဖြစ်ကြောင်းသိရပါသည်။
     

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes