Sunday 13 November 2011

မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများသည် လာမည့်နှစ်များအတွင်း ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်ခံစားနိုင်ခြေ အမြင့်မားဆုံးဖြစ်နေ

w77_02
မုံရွာ-မန္တလေးလမ်းပိုင်း ညောင်ပင်ဝန်းကျေးရွာလမ်းတွင် အောက်တိုဘာလအတွင်းက ရေကြီးရေလျံမှုဖြစ်ပွားစဉ်


  မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများသည် နောင်လာမည့်နှစ်များအတွင်း ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှုမှ ရိုက်ခတ်ခံစားနိုင်ခြေအမြင့်ဆုံးတွင် ရှိနေကြောင်း သိရှိရသည်။
မြန်မာပါဝင်သည့် အရှေ့ တောင်အာရှနိုင်ငံများသည် ယခုနှစ်များအတွင်း နှစ်စဉ် မုန်တိုင်းဒဏ်ကို သတိပြုရမှုများ၊ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ကြုံတွေ့နေရသည့်အပြင် မိုးခေါင်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်း ထန်စွာ ရွာသွန်းခြင်း စသည့် ရာသီဥတုအစွန်း ရောက်အခြေအနေများကိုလည်း ရင်ဆိုင်လာရသည်ဟု သိရှိရသည်။
''အရှေ့တောင်အာရှနိုင်ငံတွေဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်နိုင်ခြေအရှိဆုံး ဒေသဖြစ်နေပါတယ်။ ADB Report  က အဲဒီလို ဆိုထားတယ်''ဟု FREDA မှ ဒုတိယ ဥက္ကဋ္ဌဦးအုန်းက ပြောကြားသည်။
''မြန်မာနိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းကြောင့် အသက်ပေါင်းများစွာ သေကျေပျက်စီးမှုဖြစ်ခဲ့တယ်။ ပျက်စီးဆုံးရှုံးမှု အဆိုးရွားဆုံးဖြစ်ခဲ့တယ်။ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့လည်း မုန်တိုင်းဝင်တာပဲ။ ဒါပေမယ့် ဧရာဝတီကမ်းရိုးတန်း ဒေသတွေမှာ ဒီရေတောတွေပြုန်းခဲ့ တော့ မုန်တိုင်းကြောင့် ပျက်စီးဆုံး ရှုံးမှုက ပိုများခဲ့တာပါ''ဟု ဦးအုန်းက ပြောကြားသည်။
အရှေ့တောင်အာရှနိုင်ငံများအတွင်း လူဦးရေများပြားစွာ နေထိုင်လျှက်ရှိပြီး ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများမှု၊ စိုက်ပျိုးရေး လုပ်ငန်းအပေါ် မှီခိုနေမှု၊ သဘာဝအနေအထားများ စသည်တို့ကြောင့် ရာသီဥတု ပြောင်းလဲမှုတွင် ထိခိုက်ခံ စားနိုင်ခြေ အမြင့်ဆုံးရှိနေခြင်းဖြစ်သည်။
အစွန်းရောက်ရာသီဥတုဖြစ် စဉ်များသည် သစ်တောပြုန်းတီးခြင်း ကြောင့် အဓိကဖြစ်ပေါ်နေပြီး ပင် လယ်ရေမျက်နှာပြင်မြင့်တက်မှုမှာ တစ်နှစ်လျင် ပျမ်းမျ တစ်မီလီမီတာမှ သုံးမီလီမီတာ၊ အပူချိန်တိုးတက်မှုမှာ ဆယ်စုနှစ် တစ်ခုလျင် ၀ ဒသမ ၁ ဒီဂရီစင်တီဂရိတ်မှ ၀ ဒသမ ၃ ဒီဂရီ  အထိ မြင့်တက်မှုရှိနေသည်။
ယင်းဒေသသည် ၂၀၀၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး၏ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုမှ ၁၂ ရာခိုင်နှုန်းကို ထုတ်လွှတ်နေကာ မြေအသုံးချမှု ပြောင်းလဲလာမှုများနှင့် သစ်တောကဏ္ဍကြောင့် ၇၅ ရာခိုင် နှုန်း၊ စွမ်းအင်ကဏ္ဍကြောင့် ၁၅ ရာ ခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍကြောင့် ၈ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း ယခုနှစ်များအတွင်း သစ်တောပြုန်းတီးမှုများ၊ မြေအနေအထားပြောင်းလဲမှုများ စသည့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းများကို ကြုံတွေ့နေရပြီး မုန်တိုင်းနှစ်စဉ်ဝင်ရောက်ခြင်း၊ ရေကြီးမှု နှစ်စဉ် ဖြစ်ပေါ်ခြင်းတို့ ရှိလာ သည်။    
Ref: EMG                

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes