Wednesday 16 November 2011

ရေဘေး ကယ်ဆယ်ရေး စခန်း စတင်ဖွင့်လှစ်

အသိပေး ကြေညာခြင်း
ထိုင်းနိုင်ငံရောက် တိုင်းရင်းသား အလုပ်သမား အပေါင်းတို့ -
ထိုင်းနိုင်ငံတွင် လက်ရှိ ရေလွှမ်းမိုးမှုများကြောင့် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို ကူညီဖြေရှင်း နိုင်ရန် ထိုင်းနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ယက်(MWRN)တို့ ပူးပေါင်း၍ ယာယီ ကယ်ဆယ်ရေး စခန်းကို ၁၆ - ၁၁ - ၂၀၁၁ ရက်နေ့တွင် စမွတ်စွန်ခရမ် ခရိုင် မဲကောင်မြို့နယ် ၀ပ်စထာထမ် ဘုန်းကြီးကျောင်းဝင်းအတွင်း ၌ စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း အသိပေး နှိုးဆော် အပ်ပါသည်။
အောက်ပါ အကြောင်းကိစ္စများကို ကူညီဖြေရှင်းပေးပါမည်။
၁. နေထိုင် စားသောက် တည်းခိုရေး
၂. မိမိတို့၏ နေရပ်အသီးသီးသို့ ပြန်လိုပါက ကူညီဆောင်ရွက်ပေးခြင်း
၃. မိမိတို့၏ ရပိုင်ခွင့်နှင့် အလုပ်သမား အခွင့်အရေးများ၊ လုပ်အားခများ နစ်နာမှုမရှိပဲ ရရှိရန် ကူညီဆောင်ရွက် ပေးခြင်း
၎. အလုပ် ဆက်လက် လုပ်ကိုင်လိုသူများအတွက် အလုပ်အကိုင် ကူညီ ရှာဖွေပေးခြင်းနှင့် အခက်အခဲ များကို တတ်နိုင်သည့်ဘက်မှ ကူညီဖြေရှင်းပေးခြင်း
ဆက်သွယ်ရန်
၁။ ဦးအောင်ကျော်                          ၀၈၆-၇၅၅၅-၃၃၇
၂။ ကိုလှစိုး                                   ၀၈၅-၁၉၇၆-၉၁၃
၃။ ကိုသိန်းမင်းဦး                            ၀၈၉-၇၄၀၈-၈၇၆
၎။ ကိုဝိုင်း                                     ၀၈၇-၄၀၁၄-၀၈၈
၎။ ဦးတိုး                                      ၀၈၆-၈၉၁၅-၈၀၃

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes