Friday 18 November 2011

ပုပ်ရဟန်းမင်းကြီးနှင့် မူဆလင်ဗလီဆရာတို့ နှုတ်ခမ်းချင်းတေ့ အနမ်းချွေ

နိုင်ငံပေါင်း ၁၂၀ မှာ ဖက်ရှင်စတိုးဆိုင်ပေါင်း ၆၀၀၀ ကျော် ဖွင့်လှစ်ထားတဲ့ အီတလီအခြေစိုက် United Colors of Benetton ကုမ္ပဏီက ပုပ်ရဟန်းမင်းကြီးနဲ့ မူဆလင်ဗလီဆရာတစ်ဦးတို့ နှုတ်ခမ်းချင်းတေ့
အားပါးတရ အနမ်းချွေနေတဲ့ ပိုစတာပုံကို ဖန်တီးပြီး ၄င်းရဲ့ ဘရန်းတံဆိပ်တွေအတွက် ဗုဒ္ဓဟူးနေ့က ကြော်ငြာခဲ့သည်။
ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်နဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က ထင်ရှားတဲ့ ဗလီဆရာ အာမဒ် မိုဟာမဒ် အယ်လ် တာယဘ် တို့နှစ်ဦး ချစ်တင်းနှောနေတဲ့ ပုံဖြစ်အောင် ကွန်ပျူတာနည်းပညာနဲ့ဖန်တီးပြီး ကြော်ငြာခဲ့သည်။ အဲဒီနေ့မှာပင် နှစ်ဖက် ဘာသာရေးအယူသီးသူများက ထိုကြော်ငြာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
Benetton ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ "ဒီကြော်ငြာရဲ့ ရည်ရွယ်ချက်ကတော့ ပုံစံမျိုးစုံဖြစ်နေတဲ့ ဘာသာရေး အမုန်းတရားတွေနဲ့ ယဉ်ကျေးမှုပဋိပက္ခတွေ ပြေလည်စေဖို့ ရည်ရွယ်တာပါ။ ပုပ်နဲ့ ဗလီဆရာ ဆီက ခွင့်ပြုချက် မယူခဲ့တဲ့အတွက် တောင်းပန်ပါတယ်၊ တကယ်လို့ ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာရင်တော့ ဒီပုံတွေ ပြန်သိမ်းသွားပါမယ်" လို့ ရှင်းလင်း ပြောဆိုထားသည်။
နောက် ဖက်ရှင်ကုမ္ပဏီက ယဉ်ကျေးမှု မုန်းတီးမှုတွေ ပပျောက်စေဖို့အတွက် အမေရိကန် သမ္မတအိုဘားမားနဲ့ တရုတ်သမ္မတ ဟူချင်တောင်း တို့ နမ်းနေတဲ့ပုံရယ်၊ အစ္စရေးဝန်ကြီးချုပ် နတန်ယာဟု နဲ့ ပါလက်စတိုင်း သမ္မတ မာမွဒ် အဘာစ် တို့ နမ်းနေတဲ့ ဓာတ်ပုံတွေလည်း အတုဖန်တီး ကြော်ငြာသွားဦးမည်ဟု ဆိုသည်။
ပုပ်နဲ့ ဗလီဆရာရဲ့ ကြော်ငြာပုံတွေ တကမ္ဘာလုံးက မီဒီယာတွေမှာ ဖော်ပြခံရပြီးနောက်၊ Benetton ကုမ္ပဏီက "အနမ်းဆိုတာ စကြာဝဋ္ဌာရဲ့ အချစ်သင်္ကေတပါ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကြား ငြိမ်းချမ်းမှု ရစေနိုင်တဲ့ သင်္ကေတပါ၊ အားလုံး တစ်ဦးကိုတစ်ဦးချစ်ခင်မှုနဲ့ အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုတွေကို ဦးတည်စေဖို့ပါပဲ" လို့ ပြောဆိုခဲ့သည်။
ဝင့်ထန်း

Ref: မောက္ခ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes