Wednesday 16 November 2011

ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရန် စီစဉ်

နိုဝင်ဘာ ၁၄ ၂၀၁၁


ထိုင်းနိုင်ငံ အလုပ်သမား သမဂ္ဂများနှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေး ကွန်ယက် (M.W.R.N) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ရေဘေးတွင် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ရန် စီစဉ်ခဲ့ပြီး နိုဝင်ဘာ ၁၆၊ ၂၀၁၁ ရက်နေ့တွင် စမွတ်ဆွန်ခရမ် ခရိုင် မဲကလောင်နယ်ရှိ ၀ပ်စထာထမ် ဘုန်းကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေး စခန်း စတင် ဖွင့်လှစ်ရန် အတည်ပြုခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်မည့် ၀ပ်စထာထမ် ဘုန်းကြီးကျောင်းတွင် စမွတ်ဆွန်ခရမ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်အဖွဲ့များ၊ ထိုင်းနိုင်ငံ အလုပ်သမား သမဂ္ဂများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ M.W.R.N မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ခဲ့ကြသည်။




ဓာတ်ပုံ - စမွတ်ဆွန်ခရမ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်အဖွဲ့များ၊ ထိုင်းနိုင်ငံ အလုပ်သမား သမဂ္ဂများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ M.W.R.N မှ တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံ ဆွေးနွေးကြစဉ်

ထို့နောက် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံ သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သီးခြားတွေ့ဆုံခဲ့ကြပြီး ဒုက္ခသည်များအတွက် လိုအပ်သည်များ ကူညီထောက်ပံ့ရန် ဆွေးနွေးခဲ့ကြသည်။


 ဓာတ်ပုံ - ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံ သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးစဉ်

ကယ်ဆယ်ရေး စခန်းဖွင့်လှစ်မည့် နေရာမှာ စမွတ်ဆွန်ခရမ်ခရိုင်၊ မဲကလောင်နယ်၊ ၀ပ်စထာထမ် ဘုန်းကြီးကျောင်းဝင်း အတွင်းဖြစ်ပြီး လိပ်စာ အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

Wat Sathatham, Bang Chakreng, Mueang Samut Songkhram, Samut Songkhram 75000, Thailand


View Larger Map

ဝပ်စထာထမ် ဘုန်းကြီးကျောင်းဝင်း တည်နေရာပြ မြေပုံ 







ဓာတ်ပုံ - ၀ပ်စထာထမ် ဘုန်းကြီးကျောင်းဝင်းရှိ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်မည့်နေရာ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes