Wednesday 16 November 2011

၂၀၁၄ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဥက္ကဋ္ဌနေရာ မြန်မာကိုပေးဖို့ သဘောတူပြီ

လာမဲ့ ၂၀၁၄ ခု အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက ဥက္ကဋ္ဌအနေနဲ့ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပရေးကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ သဘောတူလိုက်ကြပါတယ်။

AFP
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံ အဖွင့်အခမ်းအနားတွင် ညီလာခံ တက်ရောက်လာကြသော အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအား အတူတကွ တွေ့မြင်ရစဉ်။ AFP PHOTO/SONNY TUMBELAKA
မိမိတို့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ၂၀၁၄ ခုနှစ်မှာ ကျင်းပမဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာကျင်းပဖို့ အားလုံးက သဘောတူညီကြပါတယ်လို့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Natalegawa က ပြောပါတယ်။ အဲဒီလို သဘောတူညီချက်တွေရဖို့ ပြီးခဲ့တဲ့ မေလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဂျူလိုင်လက ကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တဲ့အခါ အပြုသဘော ဆောင်ခဲ့ကြတယ်လို့ သူကပြောပါတယ်။ ဒီကနေ့ သဘောတူညီချက်အရ လာမဲ့ ကြာသပတေးနေ့မှာကျင်းပမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရ ခေါင်းဆောင်တွေ ပါဝင်ကြတဲ့ ထိပ်သီး ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံကို တရားဝင် အာဆီယံ ဥက္ကဋ္ဌအဖြစ် အတည်ပြုပေး လိ့မ်မယ်လို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။ အာဆီယံ အခြေခံ ဥပဒေအရ ဥက္ကဋ္ဌနေရာကို အက္ခရာစဉ်အရ သတ်မှတ်ထားတဲ့အတွက် မြန်မာနိုင်ငံဟာ ၂၀၁၅ အထိ ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပနိုင်ခွင့် မရှိပေမဲ့ ကွန်မြူနစ် လာအိုအစိုးရနဲ့ နေရာချင်းလဲပြီး ၂၀၁၄ ခုမှာ ဥက္ကဋ္ဌနေရာ ယူမှာဖြစ်ပါတယ်။
Ref: RFA 



ရုပ်/သံ VOA



aseanfm
အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ်
၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကိစ္စရပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီး အားလုံးက ကန့်ကွက်မှုမရှိဘဲ သဘောတူ ထောက်ခံခဲ့ကြကြောင်း သိရှိရပါသည်။

ထိုသို့ သဘောတူထောက်ခံခဲ့ခြင်းမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ နူဆာဒူအာကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်းအဝေးတွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
388629_273519346019029_114803668557265_719324_448693817_n
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။


"လူကြီးတွေ အဆင့်ကတော့ အားလုံးမြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အားလုံးဝိုင်းဝန်းကြိုဆို ထောက်ခံပြီးတဲ့အခါမှာ ၂၀၁၄ခု နှစ် ဥက္ကဌအတွက်ကိုတော့ အားလုံးထောက်ခံပြီးတော့ ခေါင်းဆောင်တွေဆီကို တင်ပြပေးမယ်"ဟု ဆွေးနွေးပွဲအပြီးတွင် Eleven Media Group မှမေးမြန်းခဲ့သော မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုခဲ့ပါသည်။

388629_273519349352362_114803668557265_719325_2090944454_n
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ သတင်းထောက်များနှင့် တွေ့ဆုံစဉ်။
"ကျွန်တော်ပြောရမှာကတော့ အများစုသဘောထား အမြင်တွေက ကောင်းတယ် ဆိုတာပါပဲ။ ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အသိအမှတ်ပြုပါတယ်။မြန်မာနိုင်ငံဟာ တစ်ကယ်ကိုပဲ အပြုသဘောဆောင်တဲ့ အခြေအနေတွေကို ဖန်တီးနေပြီးတော့ ဒီအရှိန်အဟုန်ကို ဆက်ထိန်းနိုင်မယ်ဆိုရင် ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌနေရာကို ရနိုင်ပါလိမ့်မယ်"ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါက သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့အပြင်အာဆီယံဥက္ကဋ္ဌ ရွေးချယ်ရေးသည် မိမိတို့ခေါင်းဆောင်များကသာ ဆောင်ရွက်နိုင်သည့် ကိစ္စဖြစ်ကြောင်း၊ မိမိတို့နိုင်ငံခြားရေးဝန်ကြီးများ ဆုံးဖြတ်နိုင်သည့်ကိစ္စ မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ယင်းကိစ္စကိုထပ်မံဆွေးနွေးမည်ဆိုပါက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်မည့် အာဆီယံပူးပေါင်းဆောင်ရွက်ရေးကောင်စီ(အေစီစီ)တွင် တရားဝင်လမ်းကြောင်းအရ ဆွေးနွေးရမည် ဖြစ်ကြောင်း၊ ယင်းကောင်စီတွင် ဆွေးနွေးမည့်သူများမှာလည်း မိမိတို့နိုင်ငံခြားရေးဝန်ကြီးများပင် ဖြစ်ပါကြောင်း နာတာလီဂါဝါက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကိစ္စနှင့် ပတ်သက်ပြီး အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်ကို Eleven Media Groupမှ မေးမြန်းခဲ့ရာ အပြုသဘောဆောင်သော တိုးတက်မှုများရှိနေပြီး ဆုံးဖြတ်ချက် ချရမည့်သူများနှင့် သက်ဆိုင်ကြောင်း ဖြေကြားသွားခဲ့သည်။

မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌနေရာအတွက် တာဝန်ပေးခြင်းကို အာဆီယံနိုင်ငံခေါင်းဆောင်များ တက်ရောက်မည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဆက်လက်ဆုံးဖြတ်မည် ဖြစ်သော်လည်း ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ကျင်းပသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း အရေးပါသော အစည်းအဝေး တစ်ခု ဖြစ်ပါသည်။ မေလအတွင်းက ပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင်မူ မြန်မာနိုင်ငံအား အလှည့်ကျဥက္ကဌ တာဝန်ပေးရန်အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အကြား သဘောထားကွဲမှု အချို့ရှိခဲ့ပါသည်။
နိုဝင်ဘာလ ၁၅ရက်နေ့တွင် ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေကို နံနက် ၉နာရီအချိန်မှ ညနေ ၃နာရီ မိနစ် ၃၀ အချိန်အထိ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
388629_273519352685695_114803668557265_719326_1696020616_n
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် Eleven Media Group ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားစဉ်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes