Sunday 5 February 2012

m.w.r.n အသိပညာတိုးတက်ရေးစီမံကိန်း

ထိုင်းနိုင်ငံ စမွန်ဆာခွန်ခရိုင် မဟာချိုင်မြို့တွင် အလုပ်သမားရေးရာကိစ္စများအား ကူညီဖြေရှင်းပေးနေသော
ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်အရေးကွန်ယက် (M.W.R.N) အဖွဲ့မှ အသိပညာသင်တန်းများကို ဖွင့်လှစ်လိုက်ပြီ။

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအားအားလပ်သောအလုပ်ပိတ်ရက်တနင်္ဂနွေနေ့တိုင်း
တွင် အသိပညာစွမ်းရည်မြင့်မားတိုးတက်ရေးအစီစဉ်ဖြင့် ထိုင်းစာ၊ကွန်ပျူတာအင်္ဂလိပ်စာအစရှိသောဘာသာ
ရပ်များကို မဟာချိုင်မြို့ ဝေလ(9 ) လမ်းရှိ M.W.R.N စာကြည့်တိုက်တွင် သင်ကြားပေးလျက်ရှိပါသည်။

ထိုဘာသာရပ်များအနက် အခြေခံကွန်ပျူတာသင်တန်းကို 15.1.2012 ရက်နေ့တွင် သင်တန်းသားဦးရေ
စုစုပေါင်း 50 ယောက်ဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးနေပါသည်။


ကွန်ပျူတာသင်တန်းပို့ချနေစဉ်
ယနေ့ 5.2.2012 နေ့တွင် အခြေခံထိုင်းစာသင်တန်းကို သင်တန်းသားဦးရေကျား၊မ စုစုပေါင်း 55 ယောက်ဖြင့် 3 လသင်တန်းအား စတင်ဖွင့်လှစ်လိုက်ပါသည်။



ထိုင်းစာသင်တန်းအားပို့ချနေစဉ်
ထိုသင်တန်းများဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံရောက် အလုပ်သမားများအား အချိန်ကို အကျိုးရှိစွာ အသုံးချပြီး၊ ဘဝအတွက်အသိပညာဗဟုသုတများရရှိကာထိုင်းနိုင်ငံတွင်နေထိုင်
နေစဉ်အတွင်းနှင့်မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသွားသည့်အခါတွင်လည်း လိုအပ်လျှင် လိုအပ်သလို
အသုံးချနိုင်ရန်၊ လုပ်ငန်းခွင်ပြင်ပတို့တွင်လက်တွေ့အထောက်ကူဖြစ်စေရန် ရည်ရွယ်၍  ဖွင့်လှစ်ပို့ချရခြင်း
ဖြစ်ပါသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes