Friday 10 February 2012

ဦးဂမ္ဘီရကို အာဏာပိုင်တွေ ခေါ်ဆောင်သွား


မကြာခင်ကမှ ပြန်လွတ်လာတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်သံဃာတစ်ပါးဖြစ်သူ အရှင်ဂမ္ဘီရကို သောကြာနေ့ မနက်အစောကြီးပိုင်း (၂း၀၀) မှာ သူယာယီသီတင်းသုံးနေတဲ့ လယ်တီကျောင်းကနေ အဏာပိုင်တွေက လာခေါ်သွားတယ်လို့ ဆရာတော်ရဲ့ အကိုဖြစ်သူက ဘီဘီစီကို ပြောပြပါတယ်။

၂၀၀၇ သံဃာလှုပ်ရှားမှုမှာ ဦးဆောင်သူ တစ်ဦးအဖြစ် ပါဝင်ခဲ့ဘူးတဲ့ အရှင်ဂမ္ဘီရကို လာရောက်ခေါ်ဆောင် သွားသူတွေက သူတို့ကိုသူတို့သာသာနာရေးဦးစီဌာနကလို့ ပြောသူတွေလည်းပါဝင်သလို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရကလို့ ပြောသူတွေလည်း ပါဝင်ကြောင်း လယ်တီတိုက်က သံဃာတပါးက ဘီဘီစီကို ပြောပါတယ်။

ဘယ်ကိုခေါ်သွားမယ်ဆိုတာ မပြောကြောင်းနှင့် အရှင်ဂမ္ဘီရယူဆောင်သွားတဲ့ဖုန်းကိုလည်း ဆက်သွယ်လို့ မရတော့ကြောင်းလည်း အဲဒီဦးဇင်းက ပြောပါတယ်။

ဆရာတော်ဦးဂမ္ဘီရဟာ ဇန်န၀ါရီလမှာ သူပြန်လွတ်လာပြီးတဲ့နောက်ပိုင်း ချိန်ပိတ်ခံထားရတဲ့ မဂ္ဂင်ကျောင်းအပါအ၀င် ကျောင်းတိုက်တချို့ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီအတွက် မဂ္ဂင်ကျောင်းကို အာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်က တခါပြန်ချိတ်ပိတ်ပြီး ဦးဂမ္ဘီရအပါအ၀င် သံဃာတော်တချို့နဲ့ကပ္ဗိယတွေကို ကျောင်းကနေ နှင်ထုတ်ခဲ့ပါတယ်။ 

အဲဒီနောက် ဆရာတော်ဦးဂမ္ဘီရနှင့် သံဃာတော်တွေဟာ သင်္ကန်းကျွန်းက လယ်တီကျောင်းမှာ ခေတ္တသီတင်းသုံးနေထိုင်နေပြီး ခုအဲဒီကျောင်းကနေ အာဏာပိုင်တွေရဲ့ခေါ်ဆောင် သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

Ref: BBC

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes