Monday 6 February 2012

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများဆိုင်ရာ စီးပွားရေးဖိုရမ်နှင့် ဆွေးနွေးပွဲပြုလုပ်မည်

Ministry of Commerce နှင့် Fiscal Policy Research Institute Foundation တို့ကြီးမှူး၍ မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုရင်းနှီး မြှပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ စီးပွားရေးဖိုရမ်နှင့်တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းကဏ္ဍအုပ်စု ၄ ခု ဆွေးနွေးရန် ခွဲခြားထားပြီး အာမခံလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်း၊ စတီးပစ္စည်းနှင့် ဆောက်လုပ် ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ပလပ်စတစ် ပစ္စည်းလုပ်ငန်း၊ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းလုပ်ငန်း၊ ဓာတုဗေဒ ထုတ်ကုန်ပစ္စည်းလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့တွင် ပူးပေါင်းလုပ်ကိုင်နိုင်ရန်အတွက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes