Wednesday 8 February 2012

အလုပ်သမားအချင်းချင်း လူသတ်မှု

05.02.2012 တနင်္ဂနွေနေ့ ညနေ (183း0)နာရီ အချိန်ခန့်တွင် ထိုင်းနိုင်ငံ စမုဆာခွန်ခရိုင် မဟာချိုင်မြို့ ရှိ

မောင်ဝင်းထွန်းပိုင်၏ ဇနီးသည်နှင့် ၃ ရက်သားကလေးငယ်
ထိုင်းယူနီယမ်အလုပ်ရုံအနီး ဆွယ်(လမ်းသွယ်) တစ်နေရာတွင် ဓါးထိုးလူသတ်မှုတစ်ခုဖြစ်ပွါးခဲ့ပါသည်။
ဓါးထိုးခံရ၍သေဆုံးသူမှာ တနင်္သရီတိုင်း ပုလောမြို့နယ် ထမင်းမစားရွာမှ  မောင်ဝင်းထွန်းပိုင် အသက် ၂၃ နှစ် ဖြစ်ပြီး ထိုင်းယူနစ်အလုပ်ရုံတွင် ညဂိုဏ်းအလုပ်သမား ဖြစ်သည်။ သေဆုံးသူမှာ ဇနီးသည်နှင့် အသက်၂ နှစ်သမီးတယောက်နှင့်  ၃ ရက်သား သမီး ၁ ယောက် ကျန်ရစ်ခဲ့သည်။

အခင်းဖြစ်ပွါးရာသို့ တာဝန်ရှိသူများ လာရောက်စစ်ဆေးပြီး အလောင်းအား ဘန်ကောက် မှုခင်း  စစ်ဆေးရေး  ဆေးရုံသို့သယ်ဆောင်သွားသည်။ အလောင်းအား သဂြိုင်္လ်နိုင်ရေးအတွက် ဂရုဏာဝါဒီ နာရေးကူညီမှု အသင်းမှ  ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်ရေးကွန်ယက် M.W.R.N သို့ အကြောင်း ကြားကူညီတောင်းခံလာသဖြင့် အသင်းတာဝန်ရှိသူ ကိုမောင်ခိုင် ကိုဇေ နှင့် လူ့အခွင့်ရေးဖေါင်ဒေးရှင်း H.R.D.F. မှ မဇာတို့ ပူးပေါင်း၍   07.02.2012 ရက်နေ့တွင်   အလောင်းအား ဘန်ကောက်ဆေးရုံမှ သွားရောက် သယ်ဆောင်လာပြီး  မဟာချိုင်မြို့ ဝပ်ဟုန် ဘုန်းတော်ကြီးကျောင်းတွင်သဂြိင်္ုလ်နိုင်ရန် ဂရုဏာဝါဒီ အသင်းအား လွှဲပြောင်းအပ်နှံခဲ့ပါသည်။

သေဆုံးသူ မောင်ဝင်းထွန်းပိုင်မှာ ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) နေထိုင်ခွင့်လက်မှတ် (ဗီဇာ ) အလုပ်လုပ်ခွင့်လက်မှတ် (၀ပါမင့်) စသည်တို့ ကိုင်ဆောင်ထားသော်လည်း အလုပ်ရှင်မှ လူမှုဖူလုံရေး (ပကာန်စန်ခွန်) ကို အခုချိန်ထိလုပ်ပေးထားခြင်းမရှိသောကြောင့် ကျန်ရစ်သောမိသားစုအတွက်အလွန်ပင် အခက်ခဲတွေနေရပါသည်။

ကျန်ရစ်သူဇနီးသည်မှ   မီးဖွါးပြီး ၃ ရက်မျှသာ ရသေးသူဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှစပြီး ကျန်းမာရေးအရ အလုပ်မလုပ်နိုင်ကြောင်းယခုအချိန်တွင်  မောင်နှစ်မများထံတွင်မှီခိုနေထိုင်ရကြေင်းအကူညီများလိုအပ်
ကြောင်းကို M.W.R.N အဖွဲ့အားပြောကြားသွားပါသည် ။နစ်နာကြေးများရှိရန်အတ်ွက်  M.W.R.N မှ H.R.D.F.ထံသို့ ကူညီတောင်းခံသွားမည်ဖြစ်ကြောင်း M.W.R.N မှ ပြန်ကြးရေးမှုး ကိုမောင်ခိုင် မှပြော ကြားသွားပါသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes