![]() |
၂၀၁၀ ပြည့်နှစ်အစောပိုင်းက ဘင်္ဂလာဒေ့ရှ်နှင့် မြန်မာ အငြင်းပွားနေသည့် ရေပိုင်နက်အနီး တွေ့ရသော မြန်မာ စစ်သင်္ဘောများ (ဓာတ်ပုံ - The Dailystar) |
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အငြင်းပွားနေသော ပင်လယ်ပြင်ရေပိုင်နက် ပြဿနာကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွင် စက်တင်ဘာ ၈ ရက်မှ ၂၄ ရက်အထိ ကြားနာစစ်ဆေးသွားမည် ဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားရှိ ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက် အများအပြားရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုနေရာအား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ တရားရုံး International Tribunal for Law of the Sea ( ITLOS) မှ ဖြေရှင်းပေးရန် ၂၀၀၉ ခုနှစ်က တင်ပြခဲ့ကြသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားရှိ ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက် အများအပြားရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုနေရာအား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ တရားရုံး International Tribunal for Law of the Sea ( ITLOS) မှ ဖြေရှင်းပေးရန် ၂၀၀၉ ခုနှစ်က တင်ပြခဲ့ကြသည်။
ကြားနာ စစ်ဆေးမှုတွင် အကျိုးဆောင်ပေးနိုင်ရန် နှစ်နိုင်ငံ စလုံးဘက်မှ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများကို ခေါ်ယူထားပြီး ဘင်္ဂလားဒေ့ရှ်ဘက်အား စက်တင်ဘာ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကြားနာ၍ မြန်မာနိုင်ငံဘက်ကို ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကြားနာမည်ဟု သိရသည်။ ထိုကိစ္စကို ၂၀၁၂ နှစ်ဆန်းပိုင်းတွင် အဆုံးအဖြတ် ပေးမည် ဖြစ်သည်။
မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ရေကြောင်းပညာကျွမ်းကျင်သူ ပါမောက္ခ Bernard H.Oxman ကတင်ပြမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် ဂါနာနိုင်ငံမှ Thomas Mensah တို့က တင်ပြကြမည်ဖြစ်ကာ တရားရုံး၏ သဘာပတိအဖြစ် တရားသူကြီး Jesus ဆောင်ရွက်မည် ဖြစ်သည်။
ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံသို့ တင်ပြခြင်းမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အတွက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများက ဆိုသည်။
မြန်မာနိုင်ငံဘက်က ရေပိုင်နက် ဧရိယာကို အညီအမျှ ခွဲဝေပိုင်ဆိုင်လိုသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကမူ နိုင်ငံတွင်း ရှိသည့် လူဦးရေနှင့် စီးပွားရေးအခြေအနေ အပေါ်မူတည်၍ ရေပိုင်နက်အတွင်းရှိ သယံဇာတကို အချိုးကျ ရလိုကြောင်း တောင်းဆိုရာမှ ဖြေရှင်းမရ ဖြစ်ခဲ့ကြသည်။
လူဦးရေ အချိုးကျအတိုင်း ဆုံးဖြတ်မည်ဆိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း ၂၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် သန်း ၅၀ ကျော်သာ ရှိသောကြောင့် အချိုးကျ ခွဲယူရမည့် ကိစ္စကို မကျေနပ်ရာမှ စတင်၍ ပြဿနာကြီးထွားခဲ့ကြသည်။
၎င်းရေပိုင်နက် အငြင်းပွားရာနေရာ၌ ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာဘက်က သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လုံခြုံရေး ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ခဲ့ပြီး ၎င်းနောက် အပြန်အလှန် ရေတပ်စစ်သင်္ဘောများ စေလွှတ်ရာမှ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။
အငြင်းပွားမှုဖြစ်ပွားပြီးနောက် နယ်စပ်တလျှောက်၌ နှစ်နိုင်ငံ စစ်တပ်များက လုံခြုံရေး တင်းကျပ်စွာ ချထားပြီး နယ်စပ် တလျှောက်၌ သံဆူးကြိုးများ ကာရံထားသည်။
Source: ဧရာဝတီ
0 comments:
Post a Comment