Monday 5 September 2011

ကွမ်းယာဆိုးကျိုး

အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကို နေ့စဉ်စားသုံးပါက ကြီးထွားမှုနှုန်း ရပ်တန့်စေနိုင် 

ဆယ်ကျော်သက် အမျိုးသမီးငယ်များပါ ကွမ်းယာစားသုံးမှု ရှိလာပြီး အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကို နေ့စဉ်စားသုံးပါက ကြီးထွားမှုနှုန်း ရပ်တန့်စေနိုင်  အမျိုးသားများသာမက ဆယ်ကျော်သက် အမျိုးသမီးငယ်များပါ ကွမ်းယာစားသုံးမှုရှိလာပြီး အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကို နေ့စဉ်အများအပြား စားသုံးပါက ကြီးထွားမှုနှုန်းရပ်တန့် စေနိုင်ကြောင်း သုတေသနပြုချက် များအရ သိရှိရပါသည်။ 
 သုတေသန ပြုချက်များအရ ကွမ်းသီး၌ တိုင်နင်ဟုခေါ်သည့် အဖန် ရည်၊ အဆီ၊ လစ်ဂ်နင်၊ ဖီနောလ် လစ်ပေါ်လီမာနှင့် အယ်လ်ကလွိုက်၊ ခါးသော အော်ဂင်းနစ်ဘေ့စ် ဒြပ်ပေါင်းများပါရှိကာ တိုင်နင်ဓာတ် အဖန်ရည်သည် ချုပ်စေသည့်အရာ ဖြစ်၍ သားရေလုပ်ငန်း၊ အရောင်ဆိုး လုပ်ငန်းများ၌ အသုံးပြုကြကြောင်း၊ တိုင်နင်ဓာတ်သည်နှင်းခူ၊ ယားနာ များကိုပျောက်စေသော်လည်း တိရစ္ဆာန် များတွင် လေ့လာချက်အရကြီးထွားမှုကို ဟန့်တားစေကြောင်း၊ သွေးဖြူဥတစ်မျိုးဖြစ်သည့် ခန္ဓာကိုယ်အတွက် ခုခံအားပေးသော လင်ဖိုဆိုဒ်တိုးပွား မှုကို ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းစေကြောင်း၊ လင်ဖိုဆိုဒ်တိုးပွားမှုကို ဟန့်တားခြင်းသည် ဆဲလ်အသက်နဲ့ ဆဲလ်လုပ်ငန်း၏ အခြေခံအကျဆုံးဖြစ်သော ဒီအင်အေထုတ်လုပ်မှုကို ကမောက်ကမ ဖြစ်စေကြောင်း သိရှိရပါသည်။ 
ထို့ကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကိုနေ့စဉ် အများအပြားစားသုံးပါက တိုင်နင် ဓာတ်သည်ကြီးထွားမှုကို ရပ်တန့်စေကြောင်း သုတေသနပြုချက်များအရ သိရှိရပါသည်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာ သုတေသန အေဂျင်စီကကွမ်းသီးသည် ကင်ဆာဖြစ်စေသော အဓိကပစ္စည်းအဖြစ် ဆေးရွက်ကြီးနှင့် အလားတူကြောင်း သတ်မှတ်ထားသည်။ "ကျောင်းနေအရွယ် ကျောင်းသားတွေက ပါးစပ်တွေရဲနေအောင် ကွမ်းစားတာတွေ ရှိပါတယ်။ ကျောင်းသူတွေက ပါးစပ်ရဲလောက်အောင်တော့ စားတာမတွေ့ရပေမယ့် အပျော်သဘောနဲ့ စားလာတာတွေ့ရတယ်။ ကျောင်း ပရ၀ဏ်အတွင်းမှာလည်း ကွမ်းမစားဖို့ဆောင်ရွက်နေပါတယ်"​ဟု အထက်တန်းပြ ဆရာတစ်ဦးက ဆိုသည်။ ကွမ်းယာ ရောင်းချသူတစ်ဦးက "ဆယ်ကျော်သက် မိန်းကလေးတွေပါ ကွမ်းစားတာတွေ့ရတယ်။ နောက်ပြီးအိန္ဒိယက၀င်တဲ့ ကွမ်းယာထုပ်လေး တွေကိုလည်း မိန်းကလေးတွေ အစားများကြတယ်" ဟု ဆိုပါသည်။ ကွမ်းစားခြင်းကြောင့် ပါးစပ်၊ လျှာ၊ အစာမျိုပြွန်၊ လည်မျိုပြွန်ဝ (အသံအိုး)၊ ဆီးအိမ်များတွင် ကင်ဆာဖြစ်စေခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် နှလုံးသွေးရပ်ခြင်းနှင့် လေဖြတ်ခြင်းစသည်တို့ ဖြစ်စေတတ် ကြောင်း သိရသည်။ ကွမ်းဖြတ်မည်ဆိုပါက ဆောင်ရွက်ရမည့်အချက်များ- ရေသို့မဟုတ် ဖျော်ရည်များများ သောက်ခြင်း။ (သို့သော် ဂက်စ်ပါသည့် ဖျော်ရည်များ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဘီယာ၊ အရက်မသောက်ရပါ)- ကြာကြာဝါးရသော အစာများဖြင့် အစားထိုးပါ။ ဥပမာ- မြေပဲ၊ ပဲကြီးလှော်၊ နေကြာစေ့၊ ပီကေ များစားသုံးပါ။ (သို့သော် အချိုဓာတ်ပါသော သကြား၊ သကြားလုံး၊ ထန်းလျက်များ ရှောင်ကြဉ်ပါ)- အချို့သည် လျက်စား သို့မဟုတ် လျှာပွတ်ဆေးဖြင့် ဖြတ်နိုင်သည်။NOTE:ABOVE PARAGRAPH IS FROM alqari@todaytimes(copied that site )- နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု ပြုလုပ်ပေးခြင်း။- ကွမ်းဖြတ်နေစဉ် ကွမ်းစားသောမိတ်ဆွေများနှင့် မတွေ့အောင်ရှောင်ခြင်း။- မျှတသောအစားအစာ စားသုံးခြင်း။- အိပ်ရေး၀၀အိပ်ခြင်း။- စိတ်ဖိစီးမှုမဖြစ်စေရန်နှင့် စိတ်ညစ်စရာများမတွေးရန်။- ခိုင်မာသောဆုံးဖြတ်ချက်နှင့် တကယ်ဖြတ်နိုင်မည့် စိတ်ဓာတ်ရှိရမည်။- ကွမ်းဖြတ်လို၍ အခြားစွဲလန်းစရာတစ်ခုခုဖြင့် အစားထိုးပါက မသင့်လျော်ပါ။စာရေးသူ - သန်းထိုက်(ပြည်သားလေး)
Source: Forward Mail

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes