Tuesday 19 June 2012

ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်လူထု ထောင်နဲ့ချီ ကြိုဆို

နော်ဝေကနေ အိုင်ယာလန်နိုင်ငံကို မနေ့ ညနေပိုင်းက ရောက်ရှိ လာတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်ပြည်သူတွေ ထောင်နဲ့ချီပြီး မြို့လယ်စင်မြင့်ကြီးမှာ တခမ်းတနား ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
RFA
ဒပ်ဗလင်မြို့တွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Ambassador of Conscience Award ပေးအပ်ပွဲ အခမ်းအနားကျင်းပနေစဉ်။
အခမ်းအနားမှာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတည်း က ဒေါ်အောင်ဆန်းစုကြည်ကို ဒပ်ဗလင် မြို့သူမြို့သားတွေ ချီးမြှင့် ခဲ့တဲ့ Freedom of the City ဂုဏ်ပြုလွှာကိုလည်း မြို့တော်ဝန် ကိုယ်တိုင် ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
အခုလို ဒပ်ဗလင်မြို့က ကြီးကျယ်ခမ်းနားလှတဲ့ ဂုဏ်ပြုမှုတွေဟာ သူ့ဘ၀တလျှောက်လုံးအတွက် မေ့နိုင်တော့မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ အိုင်ယာလန်ပြည်သူတွေ ကို ပြောကြားခဲ့ပါတယ်။

“ အိုင်ယာလန်နိုင်ငံက လှိုက်လှိုက်လှဲလှဲ ကျွန်မကို ကြိုဆိုတာကို ကျွန်မရဲ့နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ဒီမိုကရေစီခရီးဟာ မပြီးဆုံးသေးတဲ့အတွက် အိုင်ယာလန်ပြည်သူတွေ ဟာ ဆက်လက်ပြီး အခုလို ကျွန်မတို့နဲ့ တသားတည်းရပ်တည်နေမယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုနဲ့အတူ သူရဲ့ဦးဆောင်မှုအရည်အချင်း၊ စွမ်းရည်သတ္တိနဲ့ ဥာဏ်ပညာကြီးမားမှု တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ အထူးရုပ်တုကိုလည်း မြို့တော်ဝန် က ပေးအပ်ခဲ့ပါတယ်။

အလားတူ AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Ambassador of Conscience Award အသိဥာဏ်ပညာထူးချွန်ဆုကိုလည်း ဒပ်ဗလင်မြို့က ခမ်းနားကြီးကျယ်တဲ့ Bord Gais Energy Theatre မှာကျင်းပခဲ့ပြီး ကမ္ဘာကျော် ယူတူး တေးဂီတအဖွဲ့ခေါင်းဆောင် Bono က ဂုဏ်ပြုလွှာကို ပေးအပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို အခြား ကမ္ဘာကျော် ဂီတအနုပညာရှင်တွေဖြစ်တဲ့ Bob Geldof, Joely Richardson, Damien Rice နဲ့ Jack Gleeson တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ခြောက်နာရီကြာမြင့်တဲ့ အိုင်ယာလန်နိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန် သမ္မတနဲ့အတူ အစိုးရအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။

Ref: RFA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes