
“အစိုးရ မီဒီယာ အနေနဲ့ သတင်းဖော်ပြရာမှာ သက်ဆိုင်ရာ ပါတီ လှုပ်ရှားမှု သက်သက်ဆိုလျှင် ဖော်ပြပေးဖို့ မရှိပါဘူး၊ စည်းကမ်းချက်တွေ ချမှတ်ထားတာ ရှိပါတယ်၊ လွှတ်တော် ကိုယ်စားပြု အနေနဲ့ သွားမယ်ဆိုရင် အသင်းအဖြစ် ဖော်ပြပေးသွားမှာပါ” ဟု ပြန်ကြားရေး ညွှန်ကြား ရေးမှူး ဦးရဲထွဋ်မှ Denmark နိုင်ငံတွင် ပြုလုပ်သည့် International Media Support Press Conference with Burma (Myanmar) အခမ်းအနား၌ ပြောကြား သွားပါသည်။
သို့သော် ဦးရဲထွဋ္ဋ်တင်ပြချက်အပေါ် British Council မှ ဒေါ်မိုးမိုးတုန့်ပြန်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် NLD ၏ ခေါင်းဆောင် သက်သက်မဟုတ်ကြောင်း ၊ ယခု နိုဘယ်လ်ဆုပေးပွဲ ကိုကြည့်လျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ကမ္ဘာ့ ခေါင်းဆောင်များမှ ၄င်းအား အထူးလေးစားသည်ကို တွေ့မြင်နိုင်ကြောင်း ၊ ဒေါ်စုကို သာမန် အမတ် တစ်ယောက်အနေဖြင့် နှိုင်းယှဉ်ပြီး မတွက်ဆ သင့်ကြောင်း Freedom of Press ၊ Media Reform ၌ ပြောကြားခဲ့ပါသည်။
ထို့အပြင် "ဦးရဲထွဋ် ပြောကြားချက်သည်၊ စကားအားဖြင့် ပြောကြားနေသော်လည်း လက်တွေ့၌ မြန်မာ ပြည်သူများအတွက် အဖြစ်မှန် သတင်းများ တင်ပြပေးမှု မရှိကြောင်း” ထပ်မံပြောကြားခဲ့ပါသည်။

(၂၂) နှစ်အတွင်း ပထမဆုံး ဥရောပ (၅) နိုင်ငံများသို့ သွားရောက်သည့် ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်ကို လွန်ခဲ့သည့် ဇွန်လ (၁၃) ရက်နေ့၌ စတင်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့အထိ ကြာမြင့်မည် ဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ NLD မှ ကိုဖြိုးဇေယျာသော် ၊ ဦးခွန်သာမြင့်နှင့် ဒေါက်တာ တင်မာထွေးတို့ လိုက်ပါ သွားခဲ့ပါသည်။
ဥရောပ ခရီးစဉ် တစ်လျှောက်၌ ဒေါ်အောင်ဆန်း စုကြည်သည် ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့ ILO ညီလာခံ၌ မိန့်ခွန်း ပြောကြားခြင်း၊ AI အဖွဲ့မှ ချီးမြုင့်သည့် Ambassador of Conscience ဆုအား လက်ခံ ရယူခြင်း၊ အောက်စဖိုဒ့် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ လက်ခံ ရယူခြင်း၊ U2 အဖွဲ့၏ ဖျော်ဖြေပွဲသို့ တက်ရောက် အားပေးခြင်း ဗြိတိန် လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခြင်းနှင့် ပြင်သစ် နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းဖြင့် ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်ပါသည်။
Ref: ရွှေဟင်္သာ
0 comments:
Post a Comment