Thursday 1 March 2012

လက်နက်ကိုင်သည့် တိုင်းရင်းသားများ ကွန်ပျူတာ လက်တော့ ကိုင်စေရမည်ဟု သမ္မတပြော

ချင်းမိုင် (မဇ္ဈိမ) ။        ။ သေနတ်ကိုင်သည့် တိုင်းရင်းသားလူငယ်များ ကွန်ပျူတာ လက်တော့ Laptop များ ကိုင်ကာ နိုင်ငံအတွက် အလုပ်လုပ်ကြရန် ဖန်တီးပေးမည်ဟု သမ္မတ ဦးသိန်းစိန်၏ ကြာသပတေးနေ့ လွှတ်တော် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

ထာဝရ ငြိမ်းချမ်းရေးကို ပရိယာယ်မရှိ လုပ်ဆောင်သွားမည်ဖြစ်ပြီး ပင်လုံစိတ်ဓာတ်ကို အခိုင်အမာ တည်ဆောက် သွားမည်ဟု ပါရှိသည့် သမ္မတ၏ မိန့်ခွန်းကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှ နံနက် ၁ဝ နာရီမှစ၍ တိုက်ရိုက် ထုတ်လွှင့် သွားသည်။

ထာဝရငြိမ်းချမ်းရေးကို ပန်းတိုင်ရောက်အောင် သွားမည်ဖြစ်ပြီး တန်းတူညီတူရှိမှုတို့ကို ဆောင်ရွက်သွားမည်ဟုလည်း မိန့်ခွန်းတွင် ပါရှိသည်။ ထို့ပြင် တိုင်းရင်းသားများ၏ ခါးသီးသည့် အတွေ့အကြုံများကိုလည်း သူ၏ အစိုးရမှ အဆုံးသတ်ရန် အချိန်တန်ပြီ ဖြစ်သည်ဟု သမ္မတ က ပြောသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes