Saturday 3 March 2012

အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးလှစ်လျှူရှု့ပြီး

အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးက တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လှစ်လျှူရှု့ပြီး အလုပ်သမားတစ်ဦးကို အနည်းဆုံး လစာငွေ ငါးသောင်းတစ်ထောင် သတ်မှတ်ကြောင်း မတ်လ ၁ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ မူလလစာထက်တောင် နှစ်သောင်းကျော် နည်းသွားတာကြောင့် အလုပ်သမားတွေ မကျေနပ်ဖြစ်နေကြပါတယ်။ တရားမျှတမှုမရှိတဲ့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘဲ အဆင့်ဆင့် ဆက်လက် တိုင်ကြားသွားမယ်လို့ တိုင်ရီ အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပြခဲ့ပါတယ်။
ဒီဗွီဘီ 
Ref:  သစ်ထူးလွင်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes