Friday 16 December 2011

၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်မြို့တော်ရှိလမ်းများအားလုံး ပြုပြင်သွားမည်ဟု သိရ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတား ဌာနမှတာဝန်ယူ၍ လမ်းများကိုပြုပြင်လျက်ရှိရာ လွန်ခဲ့သော လများအတွင်းက ရန်ကုန်မြို့တော်အတွင်းရှိ လမ်းတစ်လမ်း အဆင့်မြှင့်တင်ပြုပြင်နေသည်ကိုတွေ့ရစဉ်။
ဓာတ်ပုံ-မြန်မာတိုင်း(မ်)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် မြို့နယ်များရှိ ပျက်စီးနေသော လမ်းများအားလုံးကို အသစ်ပြန်ခင်းခြင်း၊ ထပ်ပိုး လွှာခင်းခြင်းများကို ၂၀၁၂ အတွင်း လမ်းကြိုလမ်းကြားမကျန် အပြီး အစီး ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ပရောဂျက်က အခု ဒီဇင်ဘာက စပါတယ်။ ဒါပေမယ့် ၂၀၁၁ နှစ်လယ် ပိုင်းက စပြီး ချပေးတဲ့ ဘတ်ဂျက်နဲ့ အဓိက ပျက်စီးနေတဲ့ လမ်းတွေကို ပြုပြင်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့ မြို့နယ်အားလုံး နီးပါးက လမ်းနဲ့ ပလက်ဖောင်းတွေကို အကုန်ပြုပြင်နေပြီး တစ်ပြိုင်နက်တည်း ရေစီး ရေလာ ကောင်းမွန်ဖို့အတွက် ရေနုတ်မြောင်းတွေ ဆယ်တာ၊ ရေပိုက် လိုင်းတွေ သန့်ရှင်းရေးလုပ်တာနဲ့ ပျက်စီးနေတဲ့ ရေပိုက်လိုင်းတွေ ပြုပြင်တာတွေကို လုပ်ဆောင်နေပါတယ်"ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော်မတီ၊ လမ်း၊ တံတားဌာနမှ တာဝန်ရှိသူတစ်ဦး က ယခုလ ၇ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များရှိ ပျက်စီးနေသော လမ်းများ အားလုံးကို ကွန်ကရစ် လမ်းအဖြစ် ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

စမ်းချောင်းနှင့် ကြည့်မြင်တိုင် မြို့နယ်များတွင်လည်းကောင်း၊ ရွှေပြည် သာနှင့် လှိုင်သာယာမြို့နယ်တွင် လည်းကောင်း လမ်းများကို ကွန်ကရစ် ခင်းသွားမည်ဟု ပြောသည်။

"လုပ်ငန်းတွေကို ၂၀၁၂ မတ်လ လောက်မှာ အကုန်ပြီးနိုင်ဖို့ မှန်းထားပါတယ်။ ပျက်စီးနေတဲ့ လမ်းတွေကို လမ်းမကြီးရယ်မှ မဟုတ်ဘဲ လမ်းကြိုလမ်း ကြားမကျန် တဖြည်းဖြည်းချင်း ပြုပြင် ပေးသွားမှာပါ။ "လမ်းတွေကို မြှင့်ခင်းလိုက်တဲ့ အတွက် မိုးတွင်းအခါမှာ ရေစီး ရေလာ ကောင်းမွန်နိုင်ဖို့အတွက် လိုလာပါတယ်။ ဒါကြောင့် လမ်းနဲ့ ပလက်ဖောင်း တွေကို ပြင်ဆင်ခင်းကျင်းနေရင်းနဲ့ပဲ ရေ မြောင်း တွေကိုပါ သန့်ရှင်းရေး ဆောင် ရွက်သွားမှာဖြစ်တယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လမ်းအသစ်များ ပြုပြင်ခင်းကျင်းရာ တွင် လိုအပ်သော ဆေးများ ထည့်သွင်း ခြင်းနှင့် နည်းပညာတို့ကို အသုံးပြု၍ စံချိန်မီ၊ အရည် အသွေးပြည့်ဝသော လမ်း များအဖြစ် ခင်းကျင်းသည့်အတွက် ပြည် သူများက စည်းကမ်းရှိရှိ သုံးစွဲကြလျှင် အနည်းဆုံး နှစ် ၃၀၊ ၄၀ ခန့် ကောင်း မွန်စွာ ရှိနေနိုင်မည်ဖြစ်ကြောင်း တာဝန် ရှိသူက ပြောသည်။

"ကွန်ကရစ်လမ်းတွေကို အရည် အသွေး ပြည့်ဝအောင် လုပ်ထားပါတယ်။ တာရှည်ခံဖို့ကတော့ ပြည်သူတွေ စည်းကမ်းရှိဖို့ လိုပါတယ်" ဟု ၎င်းက ဆိုသည်။

ကွန်ကရစ်လမ်းများကို အနည်းဆုံး ခြောက်လက်မထုဖြင့် ခင်းကျင်းပြီး လိုအပ်သော နေရာများတွင် ကိုးလက်မ ထု၊ ၁၂ လက်မထု လမ်းများကို ခင်းကျင်း ကြောင်း တာဝန်ရှိသူက ပြောသည်။

သို့သော် မြို့တော်စည်ပင်၏ ဘတ်ဂျက်သတ်သတ်ဖြင့် ပြုပြင်ပေး သွားမည့် လမ်းများတွင် ကုန်တင်ယာဉ်၊ ကွန်တိန် နာယာဉ်နှင့် သစ်လုံးတင်ယာဉ်များ သွား လာသော လမ်းမများ မပါဝင်ဟု သိရ သည်။ "ကွန်တိန်နာယာဉ်၊ သစ်လုံးတင် ယာဉ်သွားတဲ့ လမ်းမ တွေကို ကန်ထရိုက် ပေးပါမယ်။ ဘယ်သူတွေကို ဘယ်လောက် နဲ့ ပေးဖြစ်မယ်၊ ဘယ်တော့လောက် စဖြစ် မယ်ဆိုတာကတော့ အတိအကျ မပြော နိုင်သေးပါဘူး။ အစီအစဉ်တော့ ရှိနေပါပြီ"ဟု ၎င်းကပြောသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes