Tuesday 20 September 2011

သက်ရှိမြစ် - လေးဖြူ



သက်မဲအရာဝတ္ထုတွေနှင့် သက်ရှိအရာဝတ္ထုတွေအပေါ်မှာ ကျွန်တော်တို့ရဲ့သဘောထားပုံခြင်း အတူကြပါဘူး၊ သက်မဲ့အရာတွေ ပျက်စီးဆုံးရှုံးသွားလျင်လည်း၊ ကျွန်တော်တို့ကသိပ်ပြီးလွမ်းဆွတ်တမ်းတနေလေ့မရှိပါဘူး။ သက်ရှိအရာတွေ ပျက်စီးဆုံရှုံးသွားပြီဆိုလျင်တော့ မေတ္တာတရားတွေနှင့် သနားကြင်နာမှုတွေအပြည့်နှင့်ယူကြုံးမရ ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့အတွက်တော့ ဧရာဝတီဟာ သက်မဲ့အရာတစ်ခုမဟုတ်ပါဘူး။ သွေးနှင့် သားနှင့် သက်ရှိမြစ်တစ်စင်းပါ။ ကျွန်တော်တို့ပိုင်ဆိုင်သမျှအရာတွေအားလုံး သူ့ဆီမှာပါဘဲ။ နဲနဲလေးမှ အဆုံးရှုံးအထိခိုက်ခံလို့မရတဲ့ သက်ရှိဖြစ်တစ်စင်းပါ။

မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတွေ အတိတ်ကနေ အခုအထိ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို သိရှိမှတ်သားထားတဲ့ တစ်ဦးတည်းသောအရာဟာ ဧရာဝတီပါ။ သူဟာ ပုံဝတ္ထုတွေအများကြီး ရာဇ၀င်ဇာတ်ကြောင်းတွေအများကြီးကို သိရှိကြုံတွေ့ထားသူပါ။ 
ရဲရင့်မှုနှင့် စည်းလုံးမှု၊ အောင်မြင်မှုနှင့် ပျော်ရွှင်မှုတွေအများကြီးကို ကြုံတွေ့ခဲ့ရဖူးသလို၊ 
ရက်စက်မှုနှင့် သစ္စာမဲ့မှု သွေးပျက်မှု ကြောက်ရွံ့မှုအများကြီးကိုလည်း ကြုံတွေခဲ့ရတာ ဧရာဝတီပါ။ အမှန်တရားကို ထိမ်းသိမ်စောင့်ရှောက်သူ အများကြီးကိုတွေ့ရှိခဲ့ဖူးသလို၊ အမှန်တရားကို ချိုးဖောက်ဖျက်ဆီသူ အများကြီးကိုလည်း တွေ့ခဲ့ရဖူးတာ ဧရာဝတီပါ။ သူပြောပြမယ့် ပုံပြင်ဇာတ်လမ်းတွေမှာ ဂုဏ်ယူစရာတွေရှိသလို သင်္ခန်းစာယူစရာတွေလည်း တွေကြရမှာပါ။ 
နားထောင်တတ်မယ်ဆိုလျင် သူ့ရဲ့စကားပြောသံကို သူ့ရဲ့ရစီးသည်းသံမှာ ကြားနိုင်မှာပါ။ ကြည့်မြင်တတ်မယ်ဆိုလျင်လည်း သူ့ရဲ့ရေပြင်မှာ အတိတ်ရဲ့ပုံရိပ်တွေကို တွေမြင်နိုင်မှာပါ။ ဒီနှစ်ပိုင်းတွေမှာတော့ သူ့ရဲ့စကားသံတွေမှာ သူကိုယ်တိုင်ရဲ့အကြောင်းတွေ ပါဝင်လာခဲ့ပါတယ်။ သူကိုယ်တိုင်ရဲ့နာကျင်မှုတွေ သူကိုယ်တိုင်ရဲ့ဝေဒနာတွေ သူကိုယ်တိုင်ရဲ့ပုံပြင်ဇာတ်ကြောင်းတွေကို ကျွန်တော်တို့အားလုံး ကြားသိမြင်တွေ့နေကြရပါတယ်။ 
သက်ရှိမြင်တစ်စင်းရဲ့ငြီးတွားသံတွေကို ကျွန်တော်တို့အားလုံး ပီပီသသနှင့် ကြားနေကြရပါပြီ။

ဧရာဝတီရဲ့အနာဂါတ် ငြိမ်းချမ်း လှပပါစေ......။

(ဆရားမြင့်မိုးအောင်ရဲ့အသံဖိုင်မှ ကူးယူဖေါ်ပြပါသည်)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes