Thursday 22 September 2011

နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခွင့်ပြု

နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခွင့် ပြည်တွင်းဘဏ် ၆ ခုရရှိ ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် နိုင်ငံခြားငွေ တရားဝင်လဲလှယ်ရောင်းဝယ်ရေး ကောင်တာဖွင့်လှစ်မည် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုတို့ကို ကိုင်ဆောင် လဲလှယ်ရောင်းဝယ်မည်ဟု သိရ 

bi2101
နိုင်ငံခြားငွေ တရားဝင်လဲလှယ်ရေးကောင်တာအား ဖွင့်လှစ်ရန် နေ့ရောညပါ ပြင်ဆင်နေပုံကို စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းကတွေ့ရစဉ်
နိုင်ငံခြားငွေကို ပြည်တွင်း၌ တရားဝင် ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခွင့်အား ဘဏ် ၆ ခုမှ ရရှိ ထားကြောင်းနှင့် ဗဟိုဘဏ်မှ သတ်မှတ်သည့် ငွေလဲနှုန်းဖြင့် နိုင်ငံခြား ငွေ တရားဝင်လဲလှယ်ရောင်းဝယ်ရေး ကောင်တာအား ရန်ကုန်တွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြော ကြားခဲ့ပါသည်။

နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့် ရောင်းဝယ်ဖောက်ကားခွင့် ရရှိသည့် ဘဏ်များမှာ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ စီဘီဘဏ်၊ ကမ္ဘောဇ ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
နိုင်ငံခြားငွေ တရားဝင်ကိုင် ဆောင် ရောင်းဝယ်ခွင့်ရသည့်ဘဏ် များအနေဖြင့် နိုင်ငံခြားငွေ သုံးမျိုးနှင် FEC တစ်မျိုး စုစုပေါင်း လေးမျိုး   ကို ရောင်းဝယ်လဲလှယ်ဖောက်ကား ခွင့်ပြုထားကြောင်း၊ စက်တင်ဘာလ ကုန်နှင့် အောက်တိုဘာလဆန်း ၀န်းကျင်ကာလတွင် အစောဆုံးဖွင့်လှစ် ရန်စီစဉ်ထားကြောင်းလည်း သိရသည်။
''မြ၀တီ၊ အင်းဝ၊ စီဘီ၊ ကမ္ဘော ဇ၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် အား လုံး ဘဏ်ခြောက်ခုက နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ရောင်းဝယ် ဖောက်ကားခွင့် ရရှိထားပါပြီ။ ဖွင့်မယ့် နေရာက သိမ်ဖြူလမ်း အောက်ဘလောက်က အရင်နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာနေရာမှာဖွင့်ပါမယ်။ဘဏ်ခြောက်ဘဏ်စလုံး ပေါင်းဖွင့်မယ်။ကိုင်ဆောင်လဲလှယ်ခွင့်ရတဲ့ နိုင်ငံခြားငွေက အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ် လာနဲ့ ယူရိုငွေကြေးတွေ ဖြစ်တယ်။ ဒါ့ အပြင် FEC ကိုလည်း လဲလှယ်ခွင့် ရရှိ ပါတယ်။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့ လဲလှယ်ပေးမှာပါ။နိုင်ငံ ခြားငွေသုံးမျိုးနဲ့ ပြည်တွင်းကြားခံ ငွေကြေးတစ်မျိုး စုစုပေါင်းလေးမျိုး ကိုင်ဆောင် လဲလှယ်ရောင်းဝယ်ပေးမှာပါ။ အခုဖွင့်မယ့် ကောင်တာနေရာကို ပြင်ဆင် မွမ်းမံနေပါတယ်။ ဘဏ်တွေဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ကောင်တာ ပြီးတာနဲ့ဖွင့်မှာပါ။ စက်တင်ဘာလ ကုန်နဲ့ အောက်တိုဘာလဆန်းပိုင်း လောက်မှာ ဖွင့်ဖြစ်မယ်ထင်ပါတယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့ပါသည်။
ဘဏ်ဟောင်းများသာ နိုင်ငံခြား ငွေ တရားဝင်ကိုင်ဆောင်ခွင့်ရရှိပြီး ဘဏ်သစ်များနိုင်ငံခြားငွေကိုင်ဆောင် ခွင့်မရရှိသည့်အပေါ် ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က''နိုင်ငံ ခြားငွေကြေးတရားဝင် ကိုင်ဆောင် လဲလှယ်ခွင့်ပေးတဲ့အခါ ပြည်ပက နိုင် ငံခြားဘဏ်တွေနဲ့ချိတ်ဆက်ရပါတယ်။ ပြည်ပက နိုင်ငံခြားဘဏ်တွေက ပြည် တွင်းကဘဏ်တွေနဲ့ချိတ်ဆက်တဲ့အခါ အဓိကကတော့ အနည်းဆုံးသက်တမ်း သုံးနှစ် သက်တမ်းရှိရမယ်လို့ သတ်မှတ်လို့ ဘဏ်သစ်တွေ မပါတာပါ။ ခိုင်မာမှု-ယုံကြည်စိတ်ချရမှု၊အကျိုးအမြတ်ရရှိမှု ကိုကြည့်ပြီး ချိတ်ဆက်ကြတာပါ''ဟု ပြောကြားခဲ့ပါသည်။

မာန်သူရှိန်၊ စည်သူအောင်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes