Friday 16 September 2011

ထိုင်းလူငယ်တွေ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ဆိုးဝါးလာနေ

ထိုင်းလူငယ် ၁.၇ သန်းကျော်ဟာ တရားမ၀င်ဆေးဝါးသုံးစွဲနေပြီး ၇နှစ်ရွယ်ကလေးတွေဟာ မက်သာဖက်တမင်း လို့ခေါ် တဲ့ မြင်းဆေးကို သုံးစွဲနေကြတယ်လို့ စစ်တမ်းကောက်ယူမှုအသစ်တခုက နိဂုံးချုပ် တင်ပြထားပါတယ်။
ဒီလေ့လာမှုမှာ တိုင်းပြည်တနံတလျားက ပြည်နယ် ၁၇ ပြည်နယ်မှာနေတဲ့ အသက် ၁၂ နှစ်နဲ့ ၂၄ နှစ်အကြားရှိ လူငယ် ပေါင်း ၁၂,၂၅၃,၁၉၁ ယောက် ပါဝင်ပြီး ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၅ရက်ကနေ စက်တင်ဘာလ ၁၄ရက်နေ့ထိလုပ်ခဲ့တာ ဖြစ်တယ်လို့ Abac စစ်တမ်းကောက်ယူမှုအဖွဲ့ ညွှန်ကြားရေးမှူး နော့ပါဒိုးလ်ကန်နိကာ က ကြာသပတေးနေ့က ပြောပါ တယ်။ မေးမြန်းခံရတဲ့လူငယ် ၂၇၈၃ ယောက်ထဲမှာ ၂၀.၇% က သူတို့ဟာ အသက် ၁၅ နှစ်ကတည်းက စီးကရက်စ သောက်ခဲ့တယ်လို့ ၀န်ခံပြောဆိုကြပါတယ်။ ဒီအထဲမှာ အသက်အငယ်ဆုံးက ၅ နှစ်အရွယ် ဖြစ်ပါတယ်။ အသက် ၁၆ နှစ်မှာ အရက်စသောက်ကြပြီး၊ အငယ်ဆုံးသောက်သုံးသူက အသက် ၄ နှစ်ရွယ် ဖြစ်တယ်လို့ ၃၅% ကဖြေကြားခဲ့တယ်။ လို့ သူက ပြောပါတယ်။

ဆေးခြောက်က အများဆုံးအသုံးပြုလေ့ရှိတဲ့ မူးယစ်ဆေးဝါဖြစ်ပြီး လူငယ်ပေါင်း ၈၉၃,၄၈၃ က သုံးကြပြီး ဒုတိယအသုံး များတာက မက်သာဖက်တမင်း (ခေါ်) မြင်းဆေး ဖြစ်ပါတယ်။ သုံးစွဲသူပေါင်း ၆၄၉,၄၁၉ ယောက်ရှိပါတယ်။ နောက်ပြီး ပုံ ဆောင်ခဲပုံသဏ္ဌာန်ရှိတဲ့ မက်သာဖက်တမင်း (သို့မဟုတ်) ice လို့ခေါ်တဲ့ ရေခဲလိုအေးတဲ့ မက်သာဖက်တမင်း သုံးစွဲသူ ပေါင်း ၅၆၃,၆၄၇ ယောက်ရှိပါတယ်။ ဆေးသုံးစွဲသူတွေရဲ့ ပျမ်းမျှအသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ်တွေ ဖြစ်ပါတယ်လို့ နော့ပါဒိုးလ် က ပြောပါတယ်။ မက်သာဖက်တမင်း သုံးတယ်လို့ ၀န်ခံတဲ့ အငယ်ဆုံးက အသက် ၇ နှစ်ပဲ ရှိသေးတယ်လို့ သူကပြောပါတယ်။
ဆေးလိပ်မသောက်သူ၊ အရက်မသောက်သူ လူငယ်တွေထက်စာရင် စီးကရက်သောက်တဲ့လူငယ်က မူးယစ်ဆေးသုံးတဲ့ ဖက်ကို ရောက်နိုင်တာ ၅ ဆ လောက်ရှိပြီး အရက်သောက်သူ လူငယ်တွေက ဆေးသုံးတဲ့ဖက်ရောက်တာ (၇) ဆ လောက်ရှိ နိုင်ပါတယ်။ ချို့ချို့ငဲ့ငဲ့ ပညာသင်ကြားရတာ၊ မိသားစုပြဿနာနဲ့ ငွေးရေးကြေးရေးပြဿနာ ကြုံနေရတဲ့ လူ ငယ်တွေဟာ စီးကရက်၊ အရက်နဲ့ မူးယစ်ဆေးသုံးတဲ့ဖက်ကို ပိုပြီးပြောင်းသွားနိုင်ပါတယ်လို့ Abac စစ်တမ်းကောက်ယူမှု အဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ ဒါပေမဲ့ အစိုးရိမ်ရဆုံးအစုကတော့ ဆေးစွဲတဲ့အဆင့်ဖြစ်လာတာကြောင့် သူတို့အပေါင်းအ သင်းတွေက ခွဲခွာသွားတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။
အစိုးရနဲ့လူကြီးတွေက ဘယ်လို အရေးယူမှုမျိုးတွေ လုပ်ပေးစေချင် သလဲလို့ စစ်တမ်း ကောက်ယူသူတွေက ဖြေကြားသူ တွေကို မေးကြည့်တော့ ၉၀.၅%က လူငယ်တွေရဲ့ဘ၀နေထိုင်မှု အရည်အသွေးကို မြှင့်ပေးသင့်တယ်လို့ ဖြေကြပါတယ်။ ၈၃.၆%က စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ စလုပ်ပေးသင့်တယ်လို့ ဖြေကြားပြီး၊ ၈၃.၃%က လူမှုပြုပြင်ပြောင်းလဲမှုတွေ ကို အလေးထားလုပ်သင့်တယ်လို့ ဖြေပါတယ်။ ၈၂.၆%က အာဏာပိုင်တွေအနေနဲ့ ဖျော်ဖြေရေးလမ်းမကြီးတွေနဲ့ လောင်းကစားရုံတွေလို လူငယ်တွေအတွက် အန္တရာယ်ရှိတဲ့နေရာတွေကို ဖျက်သိမ်းသင့်တယ်လို့ ဖြေပါတယ်။ ၇၃.၀% ကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်စေချင်ပါတယ်။
 စက်တင်ဘာ ၁၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes