Tuesday 11 January 2011

နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေ ဆိုင်းငံ့

အလုပ်သမားရှာဖွေရေးဌာန ဒု-ညွှန်ကြာရေးမှုးမှ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေ ကောက်ခံရေးအား ဆိုင်းငံလိုက်ကြောင်း ထုက်ပြန်

အလုပ်သမားရှာဖွေရေးဌာနမှ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေ ကောက်ခံခြင်းအား တစ်နှစ်အထိ ရွှေ့ပြောင်း လိုက်ကြောင်းထုက်ပြန်ကြေညာခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ရက်နေ့ မွန်းလွဲ နာရီခွဲအချိန်တွင် အလုပ်သမားရှာဖွေရေးရုံး၏ (၁၀) လွှာရှိအစည်းအဝေးခန်းမ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အလုပ်သမားရှာဖွေရေးဌာနမှ ဒု-ညွှန်ကြားရေးမှုး နိုင်ပရ၀ိ ခယိန်းဖွန် မှပြောကြာရာတွင်  ၂၀၀၈ ခုနှစ် ရွှေ့ပြောင်းအလုပ်သမား ဥပဒေအရ ၂၀၁၀ ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများနေရပ်ပြန်ပို့ရေးရန်ပုံငွေကောက်ခံရန်ဥပဒေ သည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်အတည်ပြုခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းကောက်ခံမည်ဖြစ်သည်။ ရန်ပုံငွေကို () ကြိမ်ခွဲ၍ပေးဆောင်ရမည်ဖြစ်ပြီး မြန်မာနှင့် လာအိုနိုင်ငံသားများသည်တစ်လလျှင်( ၄၀၀ ) ဘတ်ဖြင့် (၂၄၀၀)ဘတ် ၊ ကမ္ပောဒီးယားနိုင်ငံသားများအတွက်တစ်လလျှင် (၃၅၀) ဘတ်ဖြင့် (၂၁၀၀) ဘတ်ကိုပေးသွင်းရမည် ဖြစ်သည်။  လုပ်ငန်းခွင် နှင့် အိမ်များတွင်အလုပ်လုပ်လျှက်ရှိသော မြန်မာ၊ လာအို နှင့် ကမ္ပောဒီးယားအလုပ်သမားများ၏ အလုပ်ရှင်များကတာဝန်ယူကာ ၎င်းတို့၏လုပ်အားခမှဖြတ်ကာ အလုပ်သမားဝန်ကြီးဌာနသို့ပေးဆောင်ရမည်ဖြစ်သည်။ သို့သော်ယခုအခါတွင် မြန်မာ၊ လာအို နှင့် ကမ္ပောဒီးယား နိုင်ငံတို့မှအစိုးရများသည် မိမိတို့နိုင်ငံသားများအား နိုင်ငံသားစိစစ်မှုများပြုလုပ်ကာ အလုပ်သမားများမှာ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ ရရှိပြီး တရားဝင်အလုပ်သမားများ အဖြစ်ရောက်ရှိလာခဲ့သဖြင့် အလုပ်ရှင်နှင့်အလုပ်သမားများသည် ဤရန်ပုံငွေကိုပေးသွင်းရန်မလိုတော့ပေ။ ထို့ပြင်ရန်ပုံငွေကောက်ခံချိန်နှင့် အလုပ်လုပ်ခွင့်သက်တမ်းတိုးချိန်တို့မှာ တိုက်ဆိုင်နေသောကြောင့် သက်တမ်းတိုးခြင်းကို ထိခိုက်စေပြီး နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံတော်လုံခြုံရေးကိုပါထိခိုက်နိုင်ပြီး ရွှေ့ပြောင်းအလုပ်သမားပြဿနာ ဖြေရှင်းရာတွင်လည်း ရည်မှန်းချက်အတိုင်းဆောင်ရွက်နိုင်မည်မဟုတ်ပေ။
           
ထို့ကြောင့်ရွှေ့ပြောင်းအလုပ်သမားများအား စီမံခန့်ခွဲမှုထိရောက်စေရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲမရှိစေရန် ၂၀၁၀ ခုနှစ် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ၂၀၁၂ ခုနှစ် မတ်လ ရက်နေ့မှစတင် ကောက်ခံရန် ရွှေ့ဆိုင်းလိုက်သည်။ ဤအချိန်ကာလအတွင်း အလုပ်သမားဝန်ကြီးဌာနမှ ရန်ပုံငွေနှင့် ပက်သက်သော စည်းမျဉ်းများ၊ ကောက်ခံရမည့်ငွေပမာဏ နှင့် နိုင်ငံများကို ထပ်မံလေ့လာ သွားမည်ဖြစ်သည်။ ဥပဒေပုဒ်မ ၉၊ ၁၁၊ ၁၃()() နှင့် ၁၄ အရ အလုပ်လုပ်ခွင့်ရသူများသည် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေကို ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင်ရန်ပုံငွေနှင့် သက်ဆိုင်သည့် အလုပ်သမား ၀န်ကြီးဌာနလက်အောက်ခံ ၀န်ထမ်းများနှင့် အခြားသက်ဆိုင်သည့်သူများမှလည်း အကြံအဥာဏ်ရယူ သွားမည်ဖြစ်သည်။ ရန်ပုံငွေကောက်ခံရာ၌ အလုပ်ရှင်နှင့်အလုပ်သမားများအား အခက်အခဲမရှိစေရန် အရည်အချင်းပြည့်ဝစွာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဝန်ကြီးအဖွဲ့သည် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှတင်သွင်းလာသော  နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေ ကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ဥပဒေမူကြမ်းအား ဥပဒေပြုကောင်စီရုံး သို့စိစစ်ရန်တင်သွင်း လိုက်သည်။
(တရားဝင်ဘာသာပြန် မဟုတ်ပါ)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes