Tuesday, 11 January 2011

ရန်ပုံငွေကောက်ခံရေး ရွှေ့ဆိုင်းလိုက်ခြင်း၊

၂၀၁၁ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေကောက်ခံရေး ရွှေ့ဆိုင်းလိုက်ခြင်းစိုးရ၀န်ကြီးအဖွဲ့ စည်း ဝေး မှတ်တမ်း
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ရက်

ဝန်ကြီးအဖွဲ့၏အစည်းအဝေးကို ယနေ့မနက်( )နာရီတွင် ၀န်ကြီးချုပ်ရုံး၏ဒုတိယထပ်ရှိ အစည်းအဝေး ခန်းမ၌ ၀န်ကြီးချုပ် အဘိဆစ် ဝေ့ချာချီဝမှ ဦးဆောင်ကျင်းပခဲ့သည်။ ထို့နောက် ၀န်ကြီးချုပ်၏ နိုင်ငံရေးဆိုင်ရာလက်ထောက်အတွင်းရေးမှူး တွဲဘက်ပါမောက္ခ ပနိထန် ၀ပ်ထနာရာကွန်မှ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်၎င်း၊ နိုင်ဆူဖချိုင်း ကျိုင်စမွတ်၊ နိုင်ဝပ်ခ်ျရ ကန်နိကာ နှင့် နိုင်မာလွတ် ဖတ်စရ၀ါနစ် တို့မှ ၀န်ကြီးချုပ်ရုံး၏တွဲဖက်ပြောရေးဆိုခွင့် ရှိသူများအဖြစ်ဆောင်ရွက်ပြီး ၀န်ကြီးအဖွဲ့၏ အစည်းအဝေး ရလဒ်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုသတင်းစာရှင်းလင်းပွဲ၏အကျဉ်းချုပ်မှာ-

၇။   ၂၀၁၀ ခုနှစ် နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရွှေ့ဆိုင်းလိုက်ခြင်း 
           
ဝန်ကြီးအဖွဲ့သည် အလုပ်သမားဝန်ကြီးဌာနမှတင်သွင်းလာသော ……………… ခုနှစ် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေ ကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ဥပဒေမူကြမ်းအား ဥပဒေပြုကောင်စီရုံး သို့စိစစ်ရန်တင်သွင်း လိုက်သည်။
           
အလုပ်လုပ်ခွင့်သက်တမ်းတိုးလျက်ရှိသော မြန်မာ၊ လာအို၊ ကမ္ပောဒီးယား နိုင်ငံတို့မှအလုပ်သမားများ၏ လစာထဲမှ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေအား ဖြတ်တောက် ရယူခြင်းသည် ၎င်းတို့၏စားဝတ်နေရေးကိုအခက်အခဲ ဖြစ်စေပြီး အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်းမပြုလုပ်တော့ပဲ တရားမ၀င်အလုပ်သမားများအဖြစ် ပြန်လည်နေထိုင်ကြသည်။ အလုပ်ရှင်ဘက်မှလည်း အလုပ်သမားလိုအပ်ချက် ပြဿနာများရှိကာ တရားမ၀င်အလုပ်သမား များကိုပြန်လည် အသုံးပြုနေရသည်။ ထို့ကြောင့်အစိုးရမှာ တရားမ၀င်အလုပ်သမား ပြဿနာများအားစီမံခန့်ခွဲရန်အတွက် သတင်းအချက် အလက်များမရရှိနိုင်ပါ။ ထို့အပြင်တရားမ၀င် နေထိုင်မှုကြောင့် အခြားပြဿနာများလည်းကြုံတွေ့နိုင်ပါသည်။ ထို့ပြင်အလုပ်သမားများမှာ ကျန်းမာရေး စစ်ဆေးမှုများမရရှိသောကြောင့် ကူးစက်ရောဂါများကျရောက်နိုင်ပါသည်။ ထိုတရားမ၀င်အလုပ်သမားများ ဒုစရိုက်မှုများကျူးလွန်ပါကလည်း ရှာဖွေစုံစမ်းရန်ခက်ခဲလှပါသည်။ ထို့ပြင်တရားမ၀င် အလုပ်သမား ကိုယ်တိုင်၌ကလည်း ဥပဒေကြောင်းအရအခွင့်အရေးများ ဆုံးရှုံးနိုင်ပါသည်။ အစိုးရ၏ တရားမ၀င်ရွှေ့ပြောင်း ၀င်ရောက်မှုပြဿနာများကိုဖြေရှင်းရာတွင် ရည်မှန်းထားသည့် အတိုင်းဖြေရှင်းနိုင်ရန် အခက်အခဲ ရှိနိုင်ပါသည်။ အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေးလုပ်ငန်း များကိုလည်းထိခိုက် စေပါသည်။ 
ထို့ကြောင့်ရွှေ့ပြောင်းအလုပ်သမားများအား စီမံခန့်ခွဲမှုထိရောက်စေရန်နှင့် ရွှေ့ပြောင်းအလုပ် သမားများ အခက်အခဲမရှိစေရန် ၂၀၁၀ ခုနှစ် နေရပ်ပြန်လည် ပို့ဆောင်ရေးရန်ပုံငွေ ကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ ပေးဆောင်ရမည့် ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ၂၀၁၂ ခုနှစ် မတ်လ ရက်နေ့မှစတင်ကောက်ခံရန် ရွှေ့ဆိုင်းလိုက်သည်။ ဤအချိန်ကာလအတွင်း အလုပ်သမားဝန်ကြီးဌာနမှ ရန်ပုံငွေနှင့်ပက်သက်သော စည်းမျဉ်းများ၊ ကောက်ခံရမည့်ငွေပမာဏ နှင့် နိုင်ငံများကို ထပ်မံလေ့လာသွားမည်ဖြစ်သည်။ ဥပဒေပုဒ်မ ၉၊ ၁၁၊ ၁၃()() နှင့် ၁၄ အရ အလုပ်လုပ်ခွင့်ရသူများသည် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေကို ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် ရန်ပုံငွေနှင့် သက်ဆိုင်သည့် အလုပ်သမားဝန်ကြီးဌာနလက်အောက်ခံ ၀န်ထမ်းများနှင့် အခြားသက်ဆိုင်သည့် သူများမှလည်း အကြံအဥာဏ်ရယူသွားမည်ဖြစ်သည်။ ရန်ပုံငွေကောက်ခံရာ၌ အလုပ်ရှင်နှင့် အလုပ်သမားများအား အခက်အခဲမရှိစေရန် အရည်အချင်းပြည့်ဝစွာဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes