Thursday 15 March 2012

ထိုင်းကုန်ပစ္စည်းများတင်သွင်းမှု ၆ ဆတိုးပြီး မြန်မာပို့ကုန် ၅ဆလျော့

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်တွင် ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှ တင်သွင်းကုန်များ (၆) ဆအထိတိုးလာပြီး မြန်မာဘက် မှ ထိုင်းသို့ တင်ပို့ကုန် ၅ ဆလျော့ကျခဲ့သည်ဟု ဘုရားသုံးဆူမြို့ရှိ မြန်မာကုန် သည် တစ်ဦး ပြောပါသည်။   

“ ပြီးခဲ့တဲ့လမှာတော့ တလလောက်ကြာမှ ၁၀ ဘီးကားနှစ်စီးစာလောက်ဘဲ ပြည်တွင်းကိုတင်သွင်းနေတာလေ အခု ဒီ ရက်ပိုင်းလေးကစပြီးတော့ တနေ့ကို (၁၀) ဘီးကား နှစ်စီးနှုန်းနဲ့ တင်သွင်းနေတာဖြစ်တယ်”
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဂိတ်မှ ဖြတ်၍ ထိုင်းဘက်မှ တင်သွင်းနေသော ပစ္စည်းများ မှာ စားသုံးဆီ၊ ဘီယာအမျိုးမျိုး၊ အဖျော်ယမကာ၊ အချိုရည်၊ အချိုမှုန့်၊ သကြား၊ သကြားလုံးထုတ်များ၊ မုန့်ခြောက်အမျိုးမျိုးနှင့် ဖျာ များဖြစ်သည်ဟု ထိုကုန်သည်ကဆက်ပြောသည်။
ဤအချိန်သည် သင်္ကြန်အကြိုချိန် ကာလဖြစ်သည့်အတွက် တင်သွင်းမှု တိုးလာခဲ့ ခြင်းဖြစ်သည်ဟု ကုန်သည်များက ဆိုပါသည်။ သင်္ကြန်ကာလအတွင်း၌ ကုန်ပစ္စည်းများ အ၀ယ်လိုက်သဖြင့် တင်သွင်းမှု လည်း တိုးလာခြင်းဖြစ်ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့ကုန်များ (၅) ဆမျှ လျှော့ကျသွားခဲ့ပါ သည်။ အကြောင်းမှာ တင်ပို့ကုန်များအပေါ် ကောက်ခံနေသည့် ဂိတ်များ ၊ များပြားလွန်းသည်ဟု ကားသမားများကဆို ပါ သည်။
images
ဘုရားသုံးဆူနယ်စပ်
“အရင်ကဂိတ် ၂၅ ဂိတ်ရှိတယ်ဗျ ဒီရက်မှာဘဲ ဒီကေဘီအေ ဂိတ် တဂိတ်တိုးလာပြန်ပြီး ပေါင်းလိုက်ရင် သုံးဆူကနေ သံဖြူဇရပ်မြို့အထိ (၂၆) ဂိတ် တောင်ရှိတယ်။ ဂိတ်ကြေးက မတိုးမလျော့ပါပဲ တဂိတ်ကို ပျှမ်းမျှနှုန်းကိုပြောရရင် ကားတစီး ကို အနဲဆုံး တသောင်းဘဲ ထားဦး ဂိတ်ကြေး က နှစ်သိန်းကျော် သွားပြီးလေး ဒီတော့ ထိုင်းကနေမြန်မာကို သွင်းတဲ့ကုန် ပဲရှိတယ်။ တင်ပို့ကုန်တွေမရှိတော့ ကျနော်တို့ ကားသမားတွေကဘဲ ဆီဖိုးရရုံလေး၊ စားစရိတ်ကျန်ရုံ လောက် ပဲ ပြန်လည် တင်လာတာဘဲ ရှိတယ်လေ” ဟု ကုန်တင်ကား မောင်းသူ တဦးက ပြောသည်။

 တင်ပို့ကုန်များမှာ ဆန်၊ ငါးပိ၊ ငါးခြောက်၊ ကြက်သွန်နဲ့ အခြားမီးဖိုချောင်သုံး စားစရာများသာ ဖြစ်ပါသည်။ ဂိတ်ကြေးများ ကြောင့် တင်ပို့ကုန်များ မကိုက်သော်လည်း တင်သွင်းကုန်များသည် မတ်လတလလုံး၌ အဆင်ပြေလိမ့်မည်ဟု ကုန်သည် များက ယူဆနေကြောင်း ကုန်သည်တဦးကပြောသည်။
မြန်မာနိုင်ငံ၏နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသည် ပမာဏအများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသည် ဒုတိယ အများဆုံး ဖြစ် သည်။

Ref: ရွှေဟင်္သာ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes