Thursday 15 March 2012

နိုင်ငံတကာ အမျိုးသမီးနေ့တွင် ထိုင်းအစိုးရမှ အသိမှတ်ပြု ပေးအပ်သော စံပြအမျိုးသမီးဆုရ မြန်မာအမျိုးသမီး တစ်ဦး၏ ရင်းတွင်း ခံစားချက်

20120315a 
၂၀၁၂ခုနှစ် မတ်လ (၈)ရက်နေ့တွင် ကျရောက်သော (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရုံး၊ အစည်းအဝေး ခန်းမဆောင်၌ ထိုင်းနှင့် မြန်မာအမျိုးသမီးများ ပထမဦးဆုံးအကြိမ် အတူတကွ ဆင်နွဲခဲ့ကြသည်။ ပွဲဖြစ်မြောက်ရေးအတွက် ထိုင်းအစိုးရ အဖွဲ့များ၊ အစိုးရ မပာုတ်သော အဖွဲ့နှင့် လူထုအခြေပြု အဖွဲ့အစည်းများက ပူပေါင်း ဆောင်ရွက်ခဲ့ကြသည်။


အခမ်းအနားကို နံနက် (၉း၃၀)တွင် တာ့ခ်ခရိုင် ဒုအုပ်ချုပ်ရေးမှုး နိုင်စူရိယ ပရာစာတ်ဘန်ဒစ်မှ “ယခုမဲဆောက်မှာ ပြုလုပ်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့သည် နိုင်ငံတကာဆိုသည့်အတိုင်း ပီပြင်လှပါတယ်။ ကျနော်တို့ လူမျိုးစု ပေါင်းစုံနဲ့ အိမ်နီးနားချင်း မြန်မာလူမျိုးစုများ အတူတကွ ပါဝင် ဆင်နွဲလို့ပါပဲ။ အတူတကွ ရိုင်းပင်း ကူညီမှုများနဲ့အတူ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို အိမ်နီးနားချင်း အာဆီယံ နိုင်ငံများနှင့်အတူ လျှောက်လှမ်းကြပါစို့”ဟု အဖွင့်အမှာစကားဖြင့် ဖွင့်လှစ်ပေးပြီး  ရွှေ့ပြောင်းမြန်မာ အမျိုးသမီးအရေး၊ ကျန်းမာရေး၊ လူမူရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြသော မြန်မာအမျိုးသမီး (၃)ဦးနှင့် တာ့ခ်ခရိုင်၊ ကျေးရွာများတွင်လည်း တက်ကြွစွာ လှုပ်ရှားနေကြသော ထိုင်းအမျိုးသမီးများထဲမှ (၉)ဦးကို တာ့ခ်ခရိုင် လူမှုဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဌာနမှ ဂုဏ်ပြုလွှာကိုလည်း ချီးမြှင့်ပေးခဲ့သည်။

မြန်မာအမျိုးသမီး တစ်ဦးဖြစ်သည့် နော်လေးဒီအား ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူမှုဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဌာနမှ စံပြအမျိုးသမီးဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။
"ကျွန်မကတော့ ဒီဆုကို ရတဲ့အတွက် ၀မ်းသာတယ် ဂုဏ်ယူမိတယ် ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာလူမျိုးတွေ၊ မြန်မာအမျိုးသမီးတွေရဲ့ လုပ်ဆောင်မှုတွေ၊ နေထိုင်မှုတွေကို ထိုင်းဘက်ကနေ အသိမှတ်ပြုပေးတဲ့ အတွက်ကြောင့်ပါ"

"ကျွန်မ နောက်တခု ပြောချင်တာကတော့ နောက်ထပ် မျိုးဆက်သစ် မြန်မာ့အမျိုးသမီးတွေလည်း လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုစသည့် အလုပ်များကို အခုလို ထိုင်းလူမျိုးတွေနဲ့ ပူးပေါင်းပြီး တစိုက်မတ်မတ် လက်တွဲ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်သလို ဒီဆုကို ရွေးချယ်ပေးခဲ့တဲ့ NGOsနှင့် CBOs မှ မောင်နှမများနှင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူမှုဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဌာနမှ ထိုင်းအစိုးရ ၀န်ထမ်းများကိုလည်း အထူးကျေးဇူး တင်ပါတယ်"

အမျိုးသမီးတို့၏ စွမ်းအား ခမ်းနားသော အနာဂတ် တည်ဆောက်မည့် စွမ်းအားနှင့် အမျိုးသမီး အခန်းကဏ္ဍဆိုင်ရာ ရံပုံငွေ ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ NGOs၊ CBOs တို့၏ အထိမ်းမှတ်ဆိုင်ရာ ပြခန်းများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ ၀တ်စားဆင်ယင်မှု ပြိုင်ပွဲ၊ လူမှုအဖွဲ့အစည်းများ၏ ဖျော်ဖြေ တင်ဆက်မှုများ၊ ဂိမ်း၊ ယဉ်ကျေးမှုဆိုင်ရာ ကစားပွဲများ၊ ပြုလုပ်ခဲ့ကြပြီး ထိုအခမ်းအနားသို့ တာ့ခ်ခရိုင် လူမှုဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဌာန အမျိုးသမီး တိုးတက်ရေးရာ ကော်မတီဥက္ကဌ၊ လုပ်ငန်းရှင်းများ၊ လူမှုအဖွဲ့အစည်းများ၊ ရွှေ့ပြောင်း အမျိုးသမီးများ၊ ထိုင်း၊ မြန်မာ စုစုပေါင်း လူဦးရေ (၆၀၀)ခန့် တက်ရောက်ခဲ့သည်။
20120315b
  Ref: GHR

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes