Sunday 18 December 2011

၂၀၁၁၊ ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့နှင့် အကြံကုန် ဂဠုံဆားချက်ဥပေဒ


ထိုင်းနိုင်ငံ၊ စမွတ်စခုံနယ်၊ မဟာချိုင်မြို့တွင် MWRN ကဦးစီး၍ ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့ကို ယနေ့နံနက်တွင် ကျင်းပခဲ့ပါတယ်။

ဤအခန်းအနားမှာ ထိုင်း အလုပ်သမားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုး Mr. Somchai Arkkaratumkoon က တက်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော်တို့အား ၂၀၁၂ ခုနှစ်တွင် မူချမှတ်ကျင့်သုံးမည့် အလုပ်သမားများအတွက် အိမ်အပြန်စရိတ်ငွေစုပေးခြင်းဥပဒေကိုတင်ပြခဲ့ပါတယ်။ ဌင်းဥပဒေ အရ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ချင်းစီ၏ လုပ်ခ လစာထဲမှ လစဉ် ဘတ်ငွေ ၄၀၀ ကျော်ခန့်ကို ထိုင်းအစိုးရက ဖြတ်ယူသွားမည်ဖြစ်ပြီး အလုပ်သမားများအနေနှင့်မြန်မာပြည်ပြန်မည်ဆိုပါက မိမိငွေကို တစ်လကြိုတင်၍ လျှောက်လွှာတင် တောင်းခံရမည်ဟု သိရပါတယ်။ ဌင်းဥပဒေကို ၂၀၁၀ ခုနှစ်က စတင်ပြဌန်းခဲ့ရာ MWRN နှင့် ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းအပါအ၀င် အလုပ်သမားအခွင့်အရေးအဖွဲ့အစည်းများက ၀ိုင်းဝန်း ကန့်ကွက်သည့်အတွက် ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယခုတဖန် ပြန်လည်ကျင့်သုံးရန် ထပ်မံပြဌာန်းလာခြင်းဖြစ်ပါတယ်။  ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း သန်းနှင့်ချီပြီးအလုပ်လုပ်နေရာ အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၄၀၀ ကျော် လစဉ်ဖြတ်မည့် အစီအစဉ်သည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်သည့်လုပ်ရပ်ဖြစ်ပြီး ထိုင်းအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများထံမှ မည်သည့် အရင်းအနှီးမျှမစိုက်ထုတ်ရဘဲ မည်သည့် အကျိုးအမြတ်မှပြန်လည်ပေးစရာမလိုဘဲ လစဉ် ဘတ်ငွေ သန်းပေါင်းထောင်နှင့်ချီ၍ အေးဓားမြတိုက်မည့်အစီအစဉ်သည် အဖက်ဖက်က ယိုင်နဲ့ယိုယွင်းနေတဲ့ ထိုင်းအစိုးရအတွက် ကြံမိကြံရာကြံစရာကုန်၍ ဂဠုံဆားချက်တဲ့လုပ်ရပ်ဟု အလုပ်သမားအခွင့်အရေးအဖွဲ့အစည်းများက ရှုမြင့်ကြပါတယ်။ ယနေ့ အခန်းအနားတွင် MWRN အကြီးအကဲများက ရွှေ့ပြောင်းအလုပ်သမားများရသင့်ရထိုက်သော အလုပ်သမားအခွင့်ရေးများနှင့် အခြားဆက်စပ်အကျိုးခံစားခွင့်များ လုပ်ထုံးလုပ်နည်းများကို ပညာပေး ဆွေးနွေးခဲ့ပြီး အထက်ဖေါ်ပြပါ ထိုင်းအစိုးရ၏ အကြံကုန် ဂဠုံဆားချက်ဥပဒေကို ဒုတိယအကြိမ် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။


0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes