Monday 19 December 2011

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအီးဟာ အသက် ၆၉ မှာကွယ်လွန်အနိစ္စရောက်သွားကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေငြာ

၂၀၀၈ ခုနှစ်ကတည်းက ကျန်းမာရေးဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ မြောက်ကိုးရီးခေါင်းဆောင် ကင်ဂျုံအီး
ဌင်းရဲ့အဖေကွယ်လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက မြောက်ကိုးရီးယား ကွန်မြူနစ်နိုင်ငံတော်ကို ဆက်လက်ဦးဆောင်ခဲ့သူ မစ္စတာ ကင်ဂျုံအီးဟာ မြို့တော်ရဲ့အပြင်ဘက်ဒေသတစ်ခုသို့ အလည်အပတ်သွားစဉ် ရထားပေါ်မှာဘဲ သေဆုံးသွားတယ်လို့ ထုတ်ပြန်ကြေငြာချက်က ဆိုပါတယ်။ 

ကင်ဂျုံအီးဟာ ၂၀၀၈ ကတည်းက လေဖြတ်ဝေဒနာကို ခံစားခဲ့ရပြီး လပေါင်းများစွာ အများပြည်သူတို့မြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့သူလဲဖြစ်ပါတယ်။

ယခု သူ့နေရာကို ဆက်ခံမည့်သည်ဟာ တတိယယမြောက်သားဖြစ်သူ ကင်ဂျုံအန်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြပြီး ဌင်းဟာ အသက် ၂၀ မျှသာရှိသေးပြီး ကင်ဂျုံအီးက သူ့နေရာကိုဆက်ခံဖို့လွှဲပြောင်းပြီးဖြစ်ပေမယ့် တာဝန်မထမ်းဆောင်ရသေးဘဲ အချိန်ကိုစောင့်ဆိုင်းနေရတဲ့သလည်းဖြစ်ပါတယ်။ 

ဆိုးလ် မြို့မှာရှိနေတယ်တဲ့ BBC သတင်းထောက် Lucy Williamson ကတော့ အခု ကင်ဂျုံအီးရဲ့သေဆုံးမှုဟာ မြောက်ကိုးရီးယားနိုင်ငံတ၀ှမ်းလုံးကို ကြီးကြီးမားမား ထိပ့်လန့်ခြောက်ရှားသွားစေတယ်လို့ဆိုပါတယ်။ 

စိတ်ထိခို်က်ဖွယ်ဒီသတင်းကို နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖတ်ကြားထုတ်လွှင်ခဲ့တာဖြစ်ပြီး မစ္စတာကင်ဂျုံအီးဟာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ပြီး သေဆုံးသွာတာလို့ ၀မ်းနည်းဖွယ်အထိမ်းအမှတ် အနက်ရောက်ဝတ်စုံဝတ်ထားတဲ့ ဌင်းသတင်းထုတ်ပြန်သူက ဆိုပါတယ်။ 

တောင်ကိုးရီးယားနိုင်ငံကတော့ ဌင်းရဲ့တပ်မတော်အနေနှင့် အထက်ပါကြေငြာချက်ကို သတိနှင့် စောင့်ကြည့်နေပြီး အမျိုးသားလုံခြုံရေးကောင်စီအနေနှင့် အရေးပေါ်အစည်းအဝေးတစ်ရပ် ဆင့်ခေါ်မယ်လို့ ပြည်တွင်း ယောင်ဖန်းသတင်းဌာက ထုတ်ပြန်ကြေငြာသွားပါတယ်။ 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes