Thursday 7 July 2011

ယာယီပတ်စ်ပို့သက်တမ်း ၃နှစ်မှ၆နှစ်သို့ပြောင်းပြီ.

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားကိုနိုင်ငံသားစီစစ်ခြင်းပြုလုပ်၍ ယာယီပတ်စ်ပို့ထုတ်ပေးခြင်းပြုလုပ် ခဲ့ရာတွင် ယခု ဂျူလိုင်လ၁ရက်နေ့မှစတင်ပြီး ယာယီပတ်စ်ပို့သက်တမ်းကို သုံးနှစ်မှ ခြောက်နှစ်သို့ပြောင်းလဲ ထုတ်ပေးနေပြီဖြစ်သည်။ ယခင်က ယာယီပတ်စ်ပို့ထုတ်ပေးရာတွင် ပုံမှန်အတိုင်း ၃နှစ်သက်တမ်းသာဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံက ဗီဇာကို ၂နှစ်တစ်ကြိမ်ပေးသဖြင့် ပထမ၂နှစ်သက်တမ်းတွင် ပြဿနာမရှိသော်လည်း ဒုတိယအကြိမ်ဗီဇာသက်တမ်း၂နှစ်တိုးရာ၌ ပတ်စ်ပို့သက်တမ်း၁နှစ်သာကျန်နေသဖြင့် အဆင်မပြေမှုများဖြစ် လာနိုင်သည်။ ထိုပကြောင့် ယခုကဲ့သို့ ပတ်စ်ပို့သက်တမ်းကို ၆နှစ်သို့ပြောင်းလဲသတ်မှတ်ထားပေးခြင်းဖြစ် သည်။ ထို့အတူ မူလက ထုတ်ပေးထားခဲ့သော သုံးနှစ်သက်တမ်းသာရှိသည့် ယာယီပတ်စ်ပို့များကို နောက်ထပ် ၃နှစ်သက်တမ်းထပ်တိုးနိုင်ပြီး ထိုသက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိမြန်မာသံရုံး၊ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ယာယီပတ်စ်ပို့ရုံးနှင့်တာချီလိတ်မြို့ရှိယာယီပတ်စ်ပို့ရုံး များတွင် သွားရောက်သက်တမ်းတိုးနိုင်ပြီဖြစ်သည်။ ထိုသို့သက်တမ်းတိုးရာတွင် လျှောက်လွှာပုံစံ ၂မျိုးဖြည့်ရ မည်ဖြစ်ပြီး ဓါတ်ပုံ၁ပုံလိုအပ်သည်။ ကုန်ကျစားရိတ်အဖြစ် ဘတ်၄၅၀ပေးရကြောင်းနှင့် နေ့ချင်းပြီးရရှိ
ကြောင်း သွားရောက်သက်တမ်းတိုးလာသူတစ်ဦးက ပြောကြားခဲ့သည်။ လူကိုယ်တိုင်မလာနိုင်ပါက 
ဖေါင်ဖြည့်ပြီး ကိုယ်စားလာ၍လည်းရကြောင်း ၎င်းကပြောသည်။ ထို့အပြင် အလုပ်သမားများအနေဖြင့် ထို သက်တမ်းတိုးခြင်းကိစ္စကို သေချာစုံစမ်း၍လုပ်ဆောင်ရန်လည်းလိုအပ်ကြောင်း၊ ယခုအခါ ပွဲစားများက မသိ နားမလယ်သောအလုပ်သမားကို အမြတ်ထုတ်ခေါင်းပုံဖြတ်ရန် ကြိုးစားနေကြကြောင်း ပြောသည်။


0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes