Thursday 23 June 2011

ခွဲခြားဆက်ဆံခြင်းအတွက် ILO သို့တိုင်ကြားစာပို့ခြင်း






ဇွန်လ၁၃ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်းရှိရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအစိုးရက အခွင့်အရေးချိုးဖေါက်နေကြောင်း တိုင်ကြားစာပေးပို့ခြင်းကို ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့ရှိ ILOရုံးချုပ်နှင့် ထိုင်းနိုင်ငံဗန်ကောက်မြို့ရှိ ILO ရုံးခွဲတွင် တစ်ချိန်တည်း ပြုလုပ်ခဲ့သည်။ ထိုတိုင်ကြားစာကို ILOညီလာခံတက်ရောက်နေသော ထိုင်းနိုင်ငံပြည်သူပိုင်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(State Enterprise workers' Relations Confederation SERC) အတွင်းရေးမှူးချုပ် နိုင်စာဝစ် ကဲ့အိုဝမ်ကပေးပို့ခြင်းဖြစ်ပြီး ဗန်ကောက်မြို့တွင် SERC ဒု-အတွင်းရေးမှူးချုပ် ကလည်း ILOရုံးခွဲတွင် တချိန်တည်းပြုလုပ်ခဲ့သည်။ ထိုဗန်ကောက်မြို့တွင်ပြုလုပ်သော တိုင်ကြားစာပေးပို့ခြင်းကို ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN) ဥက္ကဌ နှင့်အဖွဲ့ဝင်များတက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။ ထိုတိုင်ကြားစာနှင့်အတူ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအပေါ်အခွင့်အရေးချိုးဖေါက်ခြင်းကိုစုစည်းထားသောအဖြစ်အပျက်များပါဝင်သည့် စာမျက်နှာ၅၀၀ကျော်သောမှတ်တမ်းကိုလည်း သက်သေခံအဖြစ် ပူးတွဲပေးပို့ခဲ့ခြင်းဖြစ်သည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes