Monday 20 June 2011

ဟင်္သာတတွင် စားဝတ်နေရေး မပြေလည်မှုကြောင့် မိမိကိုယ်ကို သတ်သေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း စားဝတ်နေရေး မပြေလည်မှုကြောင့် မိမိကိုယ်ကို သတ်သေသည့် ဖြစ်ရပ်တခု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဟင်္သာတမြို့မှ ကိုဘိုဘိုသည် ယမန်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့အဝင် ချောင်းဖျားရွာအနီးတွင် ရထားအလာကိုစောင့်၍ ရထားအကြိတ်ခံပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်း ၎င်း၏ သူငယ်ချင်းဖြစ်သူက ပြောသည်။
“ဖြစ်တာက နေ့လည် (၁၁) နာရီလောက်မှာ ကြံခင်းဘက်က လာတဲ့ရထားက ဟင်္သာတမြို့အဝင် ချောင်းဖျားရွာနားအရောက် သူက ချုံပုတ်ထဲကနေထွက်ပြီး ရထားအောက် ဝင်အကြိတ်ခံလိုက်တာ၊ သူက စားဝတ်နေရေးတော်တော်ကို မပြေမလည်ဖြစ်နေတာ” ဟု သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူက ပြောသည်။

အဆိုပါ သေဆုံးသွားသူ ကိုဘိုဘိုမှာ အသက် (၃၇) နှစ်ရှိပြီး ဟင်္သာတမြို့ ဘူးဘုရားဈေးအနီးနေထိုင်သူ ဖြစ်သည်။
ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်ကိုင်ရှားပါးမှုနှင့် အထွေထွေအကြပ်အတည်းများကြောင့် မြန်မာပြည်တွင် မိမိကိုယ်ကို သတ်သေမှုများဖြစ်ပွားခဲ့ပြီး ကြွေးမဆပ်နိုင်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ဗိုင်းနားရွာက လယ်သမား မိသားစုလိုက် ဟင်းထဲ အဆိပ်ခတ်သတ်သေမှုများလည်း ဖြစ်ပွားခဲ့သည်။
ထို့အပြင် စီးပွားရေးအကြပ်အတည်းမှုနှင့် အလုပ်ကိုင်ရှားပါးမှုကြောင့် မိသားစုလိုက် နေရပ်ကိုစွန့်ခွာပြီး နီးစပ်ရာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်နေကြသူများ တနေ့တခြား ပိုမိုများပြားလာလျှက်ရှိသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes