Friday 3 June 2011

ထိုင်းနိုင်ငံ ဆက်ဘူရီမြို့ လမ်းဘေးတနေရာက မြန်မာ ၃ ဦးရုပ်အလောင်း နောက်ဆက်တွဲသတင်း

ဤသတင်းနှင့်ပတ်သက်၍ မေလ ၂၅ ရက် ၂၀၁၁ ဧရာဝတီသင်းတိုကဏ္ဍတွင်ဖေါ်ပြထားသည့်အတိုင်း MWRN မှ ဖေါ်ပြပြီးခဲ့ပြီဖြစ်သည်။ ယခုနောက်ဆက်တွဲသတင်းမှာ ထို ရုပ်လောင်း ၃ ဦးထဲမှာ တစ်ဦးမှာ စစ်တောင်းမြစ်နားက ရွာတရွာဖြစ်သည့် ကျိုက်ထိုမြို့နယ် ကျွန်းတဲရွာနေ အဖ ဦးတင်ဝင်း အမိ ဒေါ်လှသိန်းတို့၏သား မောင်ချစ်မွှေးအောင် အသက် ၂၀ နှစ်ဖြစ်သည်။ ၎င်းသည် ထိုင်းတွင်အလုပ်လုပ်ရန်အတွက် သူ၏ အမရှိရာ ဘန်ကောက်သို့ ကယ်ရီဖြင့် ၂၁. ၅. ၂၀၁၁ တွင်တက်လာခဲ့သည်။ လမ်းခရီးတွင် အသက်ရှုကြပ်၍သေဆုံးသွားသည်ဟု သိရသည်။ အမဖြစ်သူ၏ အကူအညီတောင်းခံချက်အရ ၁. ၆. ၂၀၁၁ နေ့တွင် ရုပ်အလောင်းအား ဘန်ကောက်မြို့ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာစံကျောင်း နှင့် ၀ပ်သလုံးကျောင်းမှသံဃာတော်များမှ ၎င်းဝပ်သလုံးကျောင်းတွင် ဗုဒ္ဓဘာသာတို့၏ ထုံးတမ်းစဉ်လာအတိုင်း အသုဘချနိုင်ရန် ၀ိုင်းဝန်းကူညီပေးကြည်သည်ဟု သိရသည်။









M.W.R.N

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes