Saturday 4 June 2011

ပြည်နယ် ၃ ခု အခြေအနေ ဆိုးဝါး

ဘန်ကောက်အပါအ၀င် ပြည်နယ် ၁၀ခုအပြင် ဖူးခက်၊ ရာ့ချာဘူရီနဲ့မယ်ဟောင်စွန်ပြည်နယ်တွေကို နိုင်ငံရေးတင်းမာမှု တွေနဲ့ အန္တရာယ်များတဲ့ ဒေသတွေအဖြစ် ကြေညာလိုက်ပါတယ်။ ဒီဒေသတွေကို လာမယ့် ဇူလိုင် ၃ရက်နေ့ရွေး ကောက်ပွဲ ကာလတွေမှာ ရဲလုံခြုံရေးအဆင့် အမြင့်ဆုံးအဆင့်မှာ ထားရှိမှာဖြစ်ပါတယ်။

ပြည်နယ် ၁၃ခုမှာ ကြေးစား သေနတ်သမားတွေ လှုပ်ရှားနေပြီး၊ ဒေသခံကိုယ်စားလှယ်လောင်းတွေက ရဲအစောင့် အရှောက်တောင်းခံထားတယ်လို့ ရာဇ၀တ်မှုနှိမ်နှင်းရေး တပ်ဖွဲ့၊ ရဲဗိုလ်ချုပ် ဆူဖိဆာလ်ဖတ်ဒီးနာရွန်းနာ့တ်က ပြောပါ တယ်။ သေနတ်သမားတွေကို စောင့်ကြည့်အရေးယူဖို့ ဒီအဖွဲ့ ကို တာဝန်ပေးထားပါတယ်။


ဆိုးဝါးတဲ့ဒေသအဖြစ်သတ်မှတ်တာမှာ မပါတဲ့ ကန်ဖန်ဖက်ဒေသမှာတောင် ပြည်နယ်အပြင်ဖက်ကရောက်လာတဲ့ သေနတ်သမား ၃ယောက်ရဲ့လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ရဲက အစီရင်ခံပါတယ်။ တနိုင်ငံလုံးရဲတွေဟာ စစ်ဆင်ရေး ကို တိုးမြှင့် လုပ်ဆောင်နေပြီး အထွေထွေရာဇ၀တ်မှုတွေမှာပါတဲ့ သူတွေနဲ့ နိုင်ငံရေးအကြမ်းဖက်မှုဖြစ်မယ် လို့ထင်ရ တဲ့ လှုပ်ရှားမှုတွေမှာ ပါတဲ့သူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ခရာဘိမှာ အမှု ၆၅ မှုမှာ အလိုရှိနေတဲ့ သူတွေကို ဖမ်းဆီးခဲ့ပါ တယ်။ ဒီအထဲက လူ ၅၀ ဟာ မူးယစ်ဆေးဝါးမှုနဲ့ ဆက်စပ်နေပါတယ်။ ၀င်ရောက်စီးနင်းရှာဖွေမှုတွေ အပြီးမှာ သေနတ် တို ၂၉ လက် သိမ်းမိခဲ့ပါတယ်။ အလိုချင်ဆုံးသေနတ်သမား ၇၅ ယောက်ရဲ့ ဓါတ်ပုံတွေပါတဲ့ ရဲက အလိုရှိသူစာရင်း တွေကို ပြည်နယ် ၁၃ ပြည်နယ်နဲ့တခြားပြည်နယ်တွေမှာ ဖြန့်ထားပါတယ်။

မကြာခင်ကပဲ သံသယရှိတဲ့ သူ ၂ ဦးဟာ ရဲဆီမှာ လက်နက်ချခဲ့ပါတယ်။ ဆမွတ်ဆုံခရမ်မှာ ရာဇ၀တ်မှုနှိမ်နှင်းရေးဌာန ရဲအရာရှိတွေက လူ ၃ ဦးအိမ်ကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ သူတို့တွေဟာ ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်နေပါတယ်။ တဦးက လပ်ယိုင်ခရိုင်က ဒေသခံနိုင်ငံရေးသမားတဦးဖြစ်ပြီး တရားမ၀င်ချေးငွေတွေနဲ့ ဆက်စပ်နေတဲ့ စာချုပ်စာ တမ်းတွေနဲ့ တရားမ၀င်ထီလုပ်ငန်းတွေနဲ့အတူ သေနတ်အတိုနဲ့ကျည်ဆံတွေ သိမ်းဆီးဖမ်းမိခဲ့ပါတယ်။ ဒီအထဲက တယောက် ဖြစ် တဲ့ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ထီးလဖုန်းဆရီခန်နာ့ဒ်ဟာ တရားမ၀င်လက်နက်ခဲယမ်းပိုင်ဆိုင်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် ချလိုက်ပါတယ်။ သူဟာ မကြာခင်ကပဲ လွန်ခဲ့တဲ့ ၆ နှစ်က လူသတ်ဖို့ကြိုးစားမှုနဲ့ထောင်က လွတ် လာသူ ဖြစ်ပါတယ်။

ဇွန် ၂၊ ၂၀၁၁ 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes