Monday 30 May 2011

ထိုင်းပြည်ပ အလုပ်သမား မူဝါဒကြောင့် မြန်မာအချို့ ယာယီပတ်စ်ပို့ မလုပ်လို


ထိုင်းနိုင်ငံ ရောက် မြန်မာလုပ်သား များမှာ ထိုင်းနိုင်ငံတွင် လေးနှစ် လုပ်ကိုင်ပြီးပါက မြန်မာ နိုင်ငံသို့ ပြန် လာရမည့် အစီအစဉ် ကြောင့် သက်တမ်း ကုန်ခါနီး မြန်မာလုပ် သားများမှာ ယာယီ ပတ်စ်ပို့ကို ငွေ ကုန်မည်စိုး၍ မလုပ်လိုသူများ ကြောင်း သတင်းရရှိသည်။ “ယာယီပတ်စ်ပို့ရဲ့ လိုအပ် ချက်တစ်ခုက မြန်မြန်ဆန်ဆန် လုပ်လေ ပိုကောင်းလေပေါ့။ ဒါ ပေမဲ့ ထိုင်းဗီဇာ သက်တမ်းအရ ၂နှစ် တစ်ကြိမ်နဲ့ နှစ်ခါလုပ်ပေး တယ်။ အဲဒါပြီးရင် မြန်မာနိုင်ငံ ပြန်ပြီး သုံးနှစ်နေရ မယ်ဆိုတော့ ရက်မကျန်တော့တဲ့ လုပ်သားတွေ က ငွေအကုန်ခံပြီး မလုပ်ချင်ကြ ဘူး။ ထိုင်းမှာက ယာယီ ပတ်စ်ပို့ ကို ဇွန်လနောက်ဆုံးထားရမှာဖြစ် တယ်” ဟု UNIAP မှ ဒေါ်ဥမ္မာ အိအိချောက 7Day News သို့ ပြောသည်။
ထိုသို့ ရက်အ နည်းငယ်သာ ကျန်သော လုပ်သားများ ကလည်း ပြည်တွင်း ရှိမိတ်ဆွေ၊ မိဘမောင် ဖားများကတိုက်တွန်းသင့်ကြောင်း၊ သို့မှသာ တရားဝင် နိုင်မည်ဖြစ် ကြောင်း သိရသည်။ မြန်မာနိုင်ငံ သို့ သက်တမ်း ကုန်၍ သုံးနှစ်ပြန် လည်နေထိုင် ပေးရမည် ဆိုသော အချက်မှာ လုပ်သားနှင့် အလုပ် ရှင် အတွက်ပါ ထိခိုက် စေသော အချက်ဖြစ်သည် ဟုလည်း အဆိုပါ ပုဂ္ဂိုလ်က သုံးသပ် ပြောသည်။
ထိုင်းနိုင်ငံအတွင်း တရား မဝင် မြန်မာလုပ်သားများ အ နေဖြင့် ယာယီပတ်စ်ပို့ မလုပ်ဘဲ ရှောင်ပုန်းနေပါက ထိုင်းဘတ်ငွေ ၁၀çဝ၀ဝ မှ ၁၀ဝçဝ၀ဝ အထိ ဒဏ်ရိုက်ခံရမည်ဖြစ်ပြီး၊ ဖမ်းဆီး မိပါက ဘတ် ၂၀,ဝ၀ဝ မှ ၁၀ဝ,ဝ၀ဝ အထိ ဒဏ်ငွေ (သို့ မဟုတ်) ငါးနှစ် ထက်မပိုသော ထောင်ဒဏ်ကျခံရ မည်ဟု ထိုင်းနိုင်ငံမှ ထုတ်ပြန် သောသတင်းများအရ သိရသည်။ ယာယီပတ်စ်ပို့ လုပ်ထား သော မြန်မာလုပ်သားများမှာ ယခင်ကထက် ပိုမိုလုံခြုံစိတ်ချစွာ အလုပ်လစာအခွင့်အရေးရရှိလာ ကြောင်း၊ အချို့ပြဿနာများ၌ မြန်မာသံရုံးက လုပ်သားများ ဘက် မှ လိုက်ပါဆောင်ရွက် ရပ်တည်မှု များရှိလာ၍ ယာယီပတ်စ်ပို့အ ပေါ် ပိုမို သက်ဝင်ယုံကြည်လာကြ ကြောင်း သိရသည်။ ထိုသို့ဆောင် ရွက်ပေးခြင်းဖြင့် သံရုံးမှ လုပ်သား များ အပေါ် တရားနည်းလမ်းကျ ကျအကူအညီပေး၍ အဆင့်တစ် ခုသို့ရောက်လာသော လုပ်သား များဖြစ်လာကြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်တစ်ခု၌ ဧပြီလ ဆန်းပိုင်းက ဖြစ်ပွားခဲ့သော မြန် မာ လုပ်သားများ သယ်ဆောင်လာ သော ယာဉ်အား အခြားယာဉ်က ဝင်တိုက်၍ သေဆုံးမှုတွင်လည်း ကောင်း၊ ဆေးရုံတက်ရောက် နေရသည့် မြန်မာများအား လည်း ကောင်း သံရုံးက လိုက်လံကူညီ ပေးမှုများလည်း ရှိခဲ့သည်။ ထိုင်းနိုင်ငံ ယာယီပတ်စ်ပို့ လုပ်ဆောင်ရသည့် လုပ်သား တစ် ဦးအနေဖြင့် ထိုင်းဘတ်ငွေ ၃,၈၈၀ ခန့်ကုန်ကျပြီး၊ ဇွန်လနောက်ပိုင်း တွင် ထိုင်းနိုင်ငံရှိ တရားမဝင်လုပ် သားများအား အရေးယူခြင်း စတင်တော့မည်ဖြစ်ကြောင်း စုံ စမ်းသိရသည်။
ရေးသားသူ-ကျော်သီဟ
7DAYSNEWS မှကူးယူဖော်ပြသည်၊

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes