Friday 20 May 2011

အဆိပ်ရှိသော သတ္တ၀ါများအကိုက်ခံရပါက သင်္ဘောသီးအကင်းအား ထိပ်မှဖြတ်၍ကပ်ပေးပါက သက်သာပျောက်ကင်းနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇- အဆိပ်ရှိသော သတ္တ၀ါများ အကိုက်ခံရပါက အလွယ်ဆုံး နည်းလမ်းအဖြစ် သင်္ဘောသီး အကင်းအား ထိပ်မှဖြတ်၍ ကပ်ပေးပါက သက်သာပျောက်ကင်းစေနိုင်ကြောင်း တိုင်းရင်းဆေး ပညာဦးစီးဌာန သုတေသန၊ ဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ "သင်္ဘောသီးအကင်းမှာ အဆိပ်ကို သက်သာစေနိုင်တဲ့ အစွမ်းရှိတယ်။ သင်္ဘောသီး အကင်းကို ထိပ်ကနေဖြတ်ပြီး အဆိပ်ရှိတဲ့သတ္တ၀ါ အကိုက်ခံရတဲ့နေရာမှာ ခုနစ်ကြိမ်လောက် ကပ်ပေးရင် အနာသက်သာ ပျောက်ကင်းစေပါတယ်"ဟု ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသန၊ ဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သင်္ဘောသီးမှာ အဆိပ်ပြေစေရုံ သာမက သင်္ဘောသီးအစေ့အား ကလေးငယ် သန်ချရာတွင် လည်းကောင်း၊ သင်္ဘောသီး အစေးအား ထန်းလျက်ဖြင့် စားပေးခြင်းဖြင့် ကလေးများ သန်ကောင်၊ တုတ်ကောင် ကျစေရန်အတွက် လည်းကောင်း၊ အနာဝတွင် တို့ပေးရာတွင် လည်းကောင်း၊ အရေပြားရောဂါ များတွင် တို့ပေးခြင်းဖြင့် လည်းကောင်း အမျိုးမျိုးအသုံးချနိုင်ကြောင်းလည်း သိရသည်။ “သင်္ဘောရွက်ကို မီးမြှိုက်စားရင် လေကြေ စေတယ်။ လေထိုးလေအောင့် သက်သာစေတယ်၊ အပွင့်က အစာကြေစေပြီး သင်္ဘောသီးမှည့်ကတော့ သရက်ရွက် ကြီး တာတွေ၊ အသည်းကြီးတာတွေနဲ့ မြင်းသရိုက်ရောဂါတွေကို ပျောက်ကင်းစေပါ တယ်”ဟု တိုင်းရင်းဆေးပညာရှင်တစ်ဦးက ပြောသည်။
Ref: Internet
မြန်မာသတင်းရပ်ဝန်းမှ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes