Sunday 30 September 2012

MWRN အဖွဲ့မှ အလုပ်သမားများအာ အလုပ်သမားအခွင့်ရေးပိုင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

  30.စက်တင်ဘာ .2012
ထိုင်းနိုင်ငံ မဟာချိုင်မြို့ ဈေးကြီးအနိးရှိ နမ်းဖု ပလာဇာ (ရေပန်းကုန်တိုက်)တွင် ပြုလုပ်သော ကမ်စမ်းမဲ

mwrn အဖွဲ့ဝင်များစာစောင်ဖြန့်ဝေနေပုံ
ဖေါက်ပွဲတွင်  ကုန်တိုက် တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ လူ့ခွင့်ရေးနှင့် ဖွံ့ ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း (HRDF) နှင့် ရွှေ့ ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက် MWRN
တို့ ပူးပေါင်းကာ အလုပ်သမားများအား အလုပ်သမားအခွင့်ရေးနှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ သွာရောက်ဖြန့်ဝေခဲ့သည်။
  နမ်းဖုပလာဇာမှ မန်နေဂျာမချယ်ရီမှမိမိတို့ ကုန်တိုက်သည်လာရောက်ဈေး  ဈေးဝယ်သူ မြန်မာ အလုပ်သမားများ ပိုမိုများသောကြောင့်  ပိုမိုစည်ကားလာသဖြင့်
အလုပ်သမားများအား  ပြန်လည်ကျေးဇူးဆပ်လိုသည့်အတွက် HRDF ရုံး တာဝန်ခံ  ကိုစိန်ဌေးအား ဖိတ်ကြားကာ အခုလို စီစဉ်ပြုလုပ်ရန် ဆွေးနွေးခဲ့သည်။ MWRN အနေနှင့်လည်း အလုပ်သမားများကို ပညာပေးဟောပြောပွဲ အဆက်မပြတ် ပြုလုပ်ပေးနေသဖြင့်အခုလို ကုန်တိုက်ကြီးတွင်  စာစောင်
များဖြန့်ဝေခွင့်ရသဖြင့် အတိုင်းမသိဝမ်းသာကြောင်း အလုပ်သမားများအတွက် ပိုမိုအသိပညာ  တိုးတက်လာမည်ဟုMWRN ဥက္ကဌ ဦးအောင်ကျော်မှ ပြောကြားသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes