Sunday 30 September 2012

အခြေခံပညာရေးကဏ္ဍ ပညာရေးမြှင့်တင်မှုများ ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်


ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာရေးကဏ္ဍအား တိုးတက်အောင်မြင်လျက်ရှိကြောင်း နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြလျက်ရှိသည်။ ထုတ်ပြန်ချက်စာရင်းအရ သူငယ်တန်း ကျောင်းဝင်နှုန်းသည် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ၉၈ ဒသမ ၄၇ ရာခိုင်နှုန်း တိုးတက်မြင့်မားလာသည်ဟု ဆိုသည်။ ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်တွင် အခြေခံပညာ မူလတန်းအဆင့်တွင် ပညာသင်ကြားနေကြသော သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူဦးရေစုစုပေါင်းမှာ ၅ ဒသမ ၁ သန်းကျော်ရှိကြောင်းသိရသည်။ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ
အခြေခံပညာမူလတန်းအဆင့်ကျောင်းများကို ကျောင်းသားဦးရေ ၁၀၀ နှင့်အောက်ရှိပါက ငွေကျပ် ငါးသောင်း၊ ကျောင်းသားဦးရေ ၁၀၀ နှင့်အထက် ၂၀၀ ရှိပါက ငွေကျပ် ရှစ် သောင်း၊ ကျောင်းသားဦးရေ ၂၀၀ နှင့်အထက်ရှိပါက ငွေကျပ် တစ်သိန်း ကို ကျောင်းသုံးရုံးသုံးပစ္စည်းများဝယ်ရန်
 ထောက်ပံ့ပေးထားသည်ဟုဆိုသည်။
၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးကို မူလတန်းအဆင့်တွင် ကျောင်းသား ငါးထောင်အား ပေးအပ်ခဲ့ပြီး၊ ကျပ်ထောင်ပေါင်း ၂၅၀၀၀၀ ပေးအပ်ပြီးဖြစ်ကြောင်း၊ အလယ်တန်းအဆင့်တွင် ကျောင်းသား လေးထောင်အတွက် ကျပ်ထောင်ပေါင်း ၂၄၀၀၀၀ နှင့် အထက်တန်းအဆင့်အတွက် ကျောင်း သား နှစ်ထောင်အား ကျပ်ထောင်ပေါင်း ၁၆၀၀၀၀ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျောင်းများအနေဖြင့်လည်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် အထက်တန်းကျောင်း ၁၂၅၄ ကျောင်း၊ အထက် တန်းကျောင်းခွဲ ၁၁၁၅ ကျောင်း၊ တွဲဖက်အထက်တန်းကျောင်း ၉၀ ကျောင်း၊ အလယ်တန်းကျောင်း ၁၀၂၈ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၉၅၀ ကျောင်း၊ တွဲဖက်အလယ်တန်းကျောင်း ၃၃၁ ကျောင်း၊ မူလတန်းလွန် ကျောင်း ၆၆၂၂ ကျောင်း၊ မူလတန်းကျောင်း ၂၇၂၇၄ ကျောင်း၊ မူလတန်းကျောင်းခွဲ ၁၃၀၀ ကျောင်း၊ တွဲဖက် မူလတန်း ကျောင်း ၁၁၈၉ ကျောင်း၊ စုစုပေါင်း ၄၂၁၅၃ ကျောင်းကို တစ်ပြည်လုံးတွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
မူလတန်းဆရာ ဆရာမများအတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ပြီး ပေးအပ်ချီးမြင့် လျက်ရှိသော လစာနှုန်းမှာ အောက်ပါအတိုင်းဖြစ်သည်။
မူလတန်းပြဆရာများရရှိသည့် လစာနှုန်း - (၅၃၀၀၀ိ/-၁၀၀၀ိ/-၅၈၀၀၀ိ/)
မူလတန်းကျောင်းအုပ်များရရှိသည့် လစာနှုန်း - (၅၉၀၀၀ိ/-၁၀၀၀ိ/-၆၄၀၀၀ိ/)
လက်ရှိ သာမန်လက်လုပ်လက်စားတစ်ယောက် တစ်နေ့လုပ်အားခနှုန်းမှာ ငွေကျပ် ၂၀၀၀ မှ ၃၀၀၀ နှုန်း သတ်မှတ်ပေးနေရပြီး၊ တစ်နေ့လျှင် ကျပ်ငွေ ၅၀၀၀ ခန့်အထိပေးနေရသော လုပ်အားရှင်များလည်းရှိနေ ကြောင်း သိရသည်။
မောက္ခ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes