Sunday 29 January 2012

မွန်ဗုဒ္ဓ တက္ကသိုလ် တည်ဆောက်ရန် တည်နေရာ

မွန်ဗုဒ္ဓ တက္ကသိုလ် တည်ဆောက်ရန်နေရာသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ အကွက်အမှတ် (၉၂)၊ ဧရိယာ (၃.၁၈) ဧကရှိ မြေကွက်တွင် ရရှိပြီးဖြစ်ပါသည်။ ထိုမြေကွက်သည် ကျပ်သိန်း (၁၈၀၀) ဖြင့် ၂၀၁၂ ခုနှစ် ဇန်နာဝါ ရီလ (၂၆) ရက်နေ့တွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ သန္တိသုခ ကျောင်းတိုက် အတွင်းမှာ ဝယ်ယူပြီးစီကြောင်း စာချုပ် ချုပ်ဆိုလိုက်ပြီးဖြစ်ကြောင်းကို မွန်ဗုဒ္ဓ တက္ကသိုလ်ဖြစ်မြောက်ရေး  ဆောင်ရွက်ပေးနေသော မွန်ရဟန်းတော် တစ်ပါးက မိန့်ကြားပါသည်။ 

“ ဦးဇင်းတို့ရဲ့ ဒီသာသနာပြု ပရဟိတ လုပ်ငန်းကြီးကို ဒီလို ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ ပြောချင်ပါတယ်။ ၁။ အမျိုးကို ချစ်မြတ်နိုးပါ။ ၂။ ဘာသာရေးကို လေးစားပါ။ ၃။ သာသနာကို ချီးမြှင့်ပါ။ ၄။ ပညာကို အားပေးပါ။ ဒီခေါင်းစဉ် လမ်းညွန်ချက်နဲ့ အညီ ဘာသာ၊ သာသနာ၊အပေါ်မှာ ယုံကြည်ချက်ထားပြီး ပညာအမြော်အမြင်နဲ့ ကျင့်ကြံ အားထုတ်နိုင်မဲ့ သမီးကောင်းရတနာ၊ သားကောင်းရတနာ ဖြစ်လာဖို့ ဦးဇင်းတို့ဘက်က ပညာပါရမီဖြည့်သည့်အနေဖြင့် ဆရာ၊ ဒကာ လက်တွဲလို့ အတူလျောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် ဆက်လက်အကောင် အထည်ဖော် လုပ်ဆောင်သွားမှာပါလို့ ပြောချင်ပါတယ်။”ဟု ဆရာတော်အရှင်သီလာစာရ ကမိန့်ကြားပါသည်။ 

ထိုမွန်ဗုဒ္ဓ တက္ကသိုလ်သည် လာမည့် ဖေဖေါ်ဝါရီလ (၄) ရက်နေ့ကျရင် ကျောင်းဆောင် တည်ဆောက်မည့် အင်ဂျင်နီယာကို ဖိတ်ခေါ်ပြီး စီမံကိန်းကြီး စတင် အကောင် အထည်ဖော်တော့မည် ဖြစ်ပါသည်။ အလှူရှင်များအနေဖြင့် ပါဝင်လှူဒါန်း လိုပါက မြေကွက် တစ်ပေပတ်လည်ကို ကျပ်ငွေ တစ်သောင်းဖြင့် လှူဒါန်းပါဝင် ကုသိုလ်ပြုနိုင် ပါကြောင်း၊ ရှေ့ဆက်ရောက် ရှိလာသော အလှူငွေများကို စီမံကိန်းကြီးအတွက် လိုအပ်နေသော အပိုင်းအစ အထွေထွေ အုတ်ခဲ၊ သဲ၊ ကျောက် စသော တိုလီမိုလီ တို့ကို စတင် စုဆောင်းတော့မည် ဖြစ်ပါသည်။
19
သိန်း (၄၀၀) အလှူးရှင် နိုင်သာမြင့်နှင့်မိမကျင်း (ဓါတ်ပုံ အင်တာနက်)
ဗုဒ္ဓစာပေသည် မွန်ဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်ဘာသာသင်ကြားပေး မည်ဖြစ်ပါသည်။ ခေတ်မှီသော နည်းပညာဖြင့် သင်ကြားသွားမှာ ဖြစ်သောကြောင့် ဤကျောင်းတည်ဆောက်ရေးမှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်မှာသာ လျှင်မြန်စွာ အကောင်အထည်ပေါ်မည်ဖြစ်ပါသည်။

Ref:PNA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes