Monday 16 January 2012

ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် အမြင့်ဆုံးဆု ပေးအပ်

ဓာတ်ပုံ - Reuters
ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုတခုထဲ ပါဝင်တဲ့ The Legion of Honor ဆု ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်တဲ့ပွဲ တနင်္ဂနွေနေ့က ပြင်သစ်သံရုံးမှာ ပြုလုပ်ပါတယ်။

ဓာတ်ပုံ - Getty Images
နိုင်ငံတကာဆုတွေ တရာဝန်းကျင် ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုပေးပွဲတွေကို ကိုယ်တိုင် မသွားနိုင်ခဲ့ပါဘူး။
အခုလည်း မသွားနိုင်သေးပါဘူး။
ဒီပွဲကတော့ ရန်ကုန်မှာ ပြုလုပ်တာဖြစ်လို့ ရောက်ခဲ့ပါပြီ။

ဓာတ်ပုံ - Getty Images

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်ရောက်နေတုန်း ဒီဆုကို ပေးအပ်တာ ဖြစ်ပါတယ်။

ရန်ကုန်ရောက် ပြင်သစ်ဝန်ကြီးဟာ မနက်ဖန် ဦးသိန်းစိန်နဲ့ တွေ့ပါမယ်။

ပြင်သစ်ဝန်ကြီး(တွေ) မြန်မာပြည် လာဖူးပေမယ့် နိုင်ငံခြားရေးဝန်ကြီးလာတာကတော့ ပထမဆုံးပါပဲ။
နိုင်ငံတကာသတင်းတွေမှာတော့ သူ့ခရီးစဉ်ကို သမိုင်းဝင်ခရီးစဉ်လို့ ဆိုနေပါတယ်။

သူ့ထက်သူသမိုင်းဝင်ခရီးတွေ ပြီးခဲ့တဲ့လများမှာ မြန်မာပြည်ထဲ ရှိခဲ့တာမို့ ဒီခရီးက သိပ်မထင်ရှားသလိုပါပဲ။

ထင်ရှားသူအများအပြားကို ထောင်ထဲက လွှတ်ပေးတဲ့ကာလမို့ သူ့ခရီး အထူးအာရုံစိုက်ခံရမယ် မထင်ပါ။


Ref: ဧရာဝတီBlog

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes