Monday 16 January 2012

မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် တာလီဘန် ၁၃ ဦးကို ဖမ်းဆီး


မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် တာလီဘန် ၁၃ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးမှုကို ပြည်ထဲရေးဝန်ကြိးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက နေပြည်တော်တွင် ယနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ ရှင်းလင်းပြောကြားစဉ်
တာလီဘန်တွေ ဘူးသီးတောင် မောင်တောကနေ၀င်လာတာ အင်မတန်အန္တရာယ်ကြီးတယ်။ အခုလိုမျိုး သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းပြီး ပြည်သူတွေသိအောင် သတင်းထုတ်ပြန်ပေးတာ အလွန်ကောင်းပါတယ်။ အခုဖမ်းဆီးထားတဲ့ တာလီဘန် ၁၃ ယောက်ကို ဘယ်လိုအရေးယူမှုတွေပြုလုပ်မယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ” ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
တာလီဘန်များသည် လွန်ခဲ့သည့်နှစ်က ရခိုင်ပြည်နယ်ဘူးသီးတောင်၊ မောင်းတောမြို့ နယ်စပ်ဘက်မှ ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို ယခုအခါ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 
 Ref: YangonTimes

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes