Friday 2 September 2011

စက်သုံးဆီ စမတ်ကတ်များကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်လလျှင် အရေအတွက် ၁,၀၀၀ နှုန်းဖြင့် ရောင်းချသွားမည်





Smart Card to Replace Petrol Book Starting This September
Smart Card to Replace Petrol Book Starting This September
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များ အားလုံးတွင် ဆီစာအုပ်အစား ပြောင်းလဲ့အသုံးပြုရသည့် စက်သုံးဆီ စမတ်ကတ်များကို စက်တင်ဘာလ ၁ ရက်နေ့ မှ စတင်ကာ တစ်လလျှင် အရေအတွက် ၁,၀၀၀ နှုန်းဖြင့် ရောင်းချပေးသွားမည်ဟု အဆိုပါ စမတ်ကတ် နည်းပညာပိုင်း ဆိုင်ရာများကို ရေးဆွဲခဲ့သည့် အင်ဖိုစစ် မြန်မာတက်က နော်လော်ဂျီ ၊ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်မင်းအေးက ပြောသည်။

“စက်တင်ဘာလ ၁ ရက်နေ့ကနေ စပြီးတော့ တစ်လကို ကားအစီးရေ ၁,၀၀၀ နှုန်း စီမံကိန်းနဲ့ ရောင်းသွားဖို့ရှိပါတယ်။ စည်ပင်သာယာရေး နယ်နမိတ် အတွင်းမှာ ရှိတဲ့ ၃၂ ဆိုင် မှာ အသုံးပြုလို့ရမှာပါ။ ဒီလိုလုပ်လိုက်တော့ ဒီကားက ဒီနေ့ ဆီထုတ်ဖို့ ရှိလားဆိုတာကိုသိရမယ်။ ဆီ တကယ်ထုတ်ချင်တဲ့ သူတွေ အတွက် ကောင်းတယ်။ ယာဉ်ပိုင်ရှင် ဟုတ် မဟုတ် စစ်လို့ရမယ်။ ဘယ်နေ့ ဘယ်နေရာမှာ ထုတ်ခဲ့လည်းဆိုတာကို သိရမယ်။ ၈ ဂါလံ ထုတ်ထားရင် နောက် ၃၊၄ ရက်လောက် ထုတ်လို့မရတော့ဘူး။ ကတ်တွေကိုတော့ ကျပ် ၁,၅၀၀ နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
 ရောင်းချပေးမယ့် နေရတွေကို မကြာခင် သက်ဆိုင်ရာက ထုတ်ပြန်ပေးသွားမှာပါ” ဟု ဦးဇော်မင်းအေး က ပြောသည်။

အဆိုပါ ဆီစာအုပ်များအား စမတ်ကတ် ပြောင်းလဲလိုသူများသည် စာအုပ်အသစ် ပြုလုပ်စဉ်ပုံစံအတိုင်း သက်ဆိုင်ရာ စာရွက်စာတမ်းများ နှင့် ပြောင်းလဲနိုင်မည်ဖြစ်သည်။
အဆိုပါ နိုင်ငံခြားမှ မှာယူထားသည့် စမတ်ကတ်များတွင် 1kb chipset ပါဝင်ကာ ယင်းကတ်ထဲ၌ ပိုင်ရှင်အမည်၊ ကားနံပါတ် အစရှိသော ယာဉ်နှင့် ပတ်သက်သော အချက်အလက် အသေးစိတ်ကို ရိုက်ထည့်ပေးထားသည်။

ထို့အပြင် ကတ်များ၏ အချက်အလက် လုံခြုံရေးပိုင်ဆိုင်ရာများကိုလည်း ဆင့်ပွားလို့မရအောင် နည်းပညာ အဆင့် ၁၆ ဆင့်ဖြင့် တားဆီးထားကာ သာမန်နည်းမျိုးဖြင့် ကတ်များ မကျိုးပျက်နိုင်အောင် ပြုလုပ်ထားသည်ဟု သိရသည်။

“ဒီကတ်တွေကို သုံးပြီးတော့ ဆီထုတ်မယ် ဆိုရင်တောင် ဆိုင်ကရောင်းချပေးတဲ့သူ လက်ဗွေနဲ့မှ ထုတ်လို့ရမှာပါ။ ကတ် တွေကိုပွားလို့ရခဲ့ရင်တောင်မှ အချက်အလက်တွေကို encrypt လုပ်လို့ရမှာမဟုတ်ပါဘူး။ သက်မှတ်ထားတဲ့ ဂါလံ ၇၀ ပြည့်ပြီဆိုတာနဲ့ ထုတ်လို့ရမှာမဟုတ်တော့ပါဘူး။ တကယ်လို့ ပိုထုတ်ထားတာတွေ့ရင် ဒါသူ အတုလုပ်ထားတာပဲ။ ဌာနတွေကလည်း အချိန်ပြည့် auto-check လုပ်လို့ရမှာပါ။ ကတ်တွေက ရေစိုလည်းခံတယ်၊ နောက် သာမန်နည်းနဲ့ ဘယ်လိုမှ ကျိုးသွားဖို့မရှိပါဘူး။ ကတ်ပျောက်၊ ပျက်စီးတာတွေရှိလာခဲ့ရင်လည်း စိစစ်မှုတွေ ပြုလုပ်ပြီးသွားရင် နေ့ချင်းပြီး ပြန်ထုတ်ပေးသွားလို့ရမှာပါ။ တာဝန်ရှိသူတွေက ဈေးနှုန်းတွေ နဲ့ ထုတ်ယူရမဲ့ နေရာကို သက်မှတ်ပေးပါလိမ့်မယ်။ နှစ်နာမှု တွေ မရှိအောင် ကတ်အဟောင်းက ကျန်ရှိနေသေးတဲ့ ပမဏကို ကတ်အသစ်မှာ ထပ်ပေါင်းထည့်ပေးသွားမှာပါ” ဟု ဦးဇော်မင်းအေး ကပြောသည်။

အင်ဖိုစစ် မြန်မာတက်ကနော်လော်ဂျီ မှ ပြီးခဲ့သည့် နှစ် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့ မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စက်သုံးဆီဆိုင်များကို ပုဂ0x081ဂလိကသို့ လွှဲပြောင်းခဲ့ပြီး နောက် အဆိုပါ ဖုန်းလိုင်းဖြင့် ချိတ်ဆက် ကာ အချိန်ပြည့် စောင့်ကြည့်မှု ပြုလုပ်နိုင်သည့် စက်ဆိုင်သုံး Software များကို စတင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ စမတ်ကတ်များကို စက်သုံးဆီဝယ်ယူရန် ယခုလ ၂၂ ရက်မှ စတင်ကာ ၃၁ ရက်နေ့အထိ စမ်းသပ်ကာလ အဖြစ် ယာဉ်စီးရေ ၅၀၀ ကို စတင်ပြောင်းလဲပေးခဲ့သည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီ လက်လီဝယ်ယူသုံးစွဲရသည့် နှုန်းမြင့်မားမှုမှာ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။
Source: Form Share Mail

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes