Friday 1 July 2011

ရွှေ့ပြောင်းအလုပ်သမားလက်မှတ်အသစ်လုပ်မှု ယခုအချိန်ထိ ၄သိန်းနီးပါရှိနေပြီ

ဇွန်လ၁၅ရက်နေ့မှဇူလိုင်လ၁၄ရက်နေ့အတွင်းထိုင်းအစိုးရက တရားမ၀င်ဝင်ရောက်လာသောရွှေ့ပြောင်း အလုပ်သမားများကို လက်မှတ်ပြုလုပ်ခွင့်ပေးထားရာတွင်  ဇွန်လ၁၅ရက်နေ့မှဇွန်လ၂၉ရက်နေ့ အထိ လာရောက်မှတ်ပုံတင်သူများ ၄သိန်းနီးပါးခန့်ရှိသွားပြီဖြစ်သည်။ ချင်းရိုင်ခရိုင်မဲ့ကျန်းမြို့တွင် အလုပ်သမား မှတ်ပုံတင်မှုကိုလာရောက်စစ်ဆေးနေသော အလုပ်သမားဝန်ကြီးဌာနအတွင်းဝန် နိုင်စုမ်းကီယတ် ချာယာ့စီဝုန် က ယမန်နေ့ကပြောကြားရာတွင် ထိုင်းတစ်နိုင်ငံလုံး၌ အလုပ်ရှင်ပေါင်း ၆၂ ၃၀၀ ဦးက အလုပ်သမားအရေအတွက် ၃၉၆၉၃၆ဦးကို လက်မှတ်လုပ်ရန်စာရင်းတင်ထားပြီး ထိုအထဲ
တွင် မြန်မာနိုင်ငံသား၂၈၆ ၅၄၂ဦး၊ လောနိုင်ငံသား၃၆ ၅၁၄ဦး၊ ကမ်ပူးချားနိုင်ငံသား၇၃ ၈၈၀ဦး ဖြစ်သည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့်  ယခုအကြိမ်လက်မှတ်လုပ်ပေးရာတွင် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁သန်းခန့် လာရောက်လက်မှတ်လုပ်ကြမည်ဟု ခန့်မှန်းထားကြောင်း ၎င်းကပြောကြားသွားခဲ့သည်။ ထို့အပြင် ယခုလက်မှတ်လုပ်နေစဉ်ကာလအတွင်း ဖမ်းဆီးမှုများဆိုင်းငံ့ထားပေးရန် နိုင်ငံတော်ရဲတပ်ဖွဲ့ရုံးသို့ စာပို့ပေးထားကြောင်း၊ ယခုအခါ အလုပ်ရှင်များက လက်မှတ်လုပ်ဆောင်ခြင်းကို ကိုယ်တိုင်မပြုလုပ်ပဲ ပွဲစားများနှင့်ပြုလုပ်ခိုင်းမှုကြောင့် သတ်မှတ်ဈေးနှုန်းထက်ပိုပေးနေရခြင်းများရှိကြောင်းကိုလည်း ပြောကြား ခဲ့သည်။ 

ရည်ညွှန်း။           ။ http://thainews.prd.go.th

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes