M.W.R. N အဖွဲ့သည် 9-10 sep 2012 တွင် နာခွန်နာရွတ် ခရိုင်သို့သွားရောက်က ကော်မတီ၂၇ဦးနှင့် H.R.D.F မှဝန်ထမ်း ၅ ဦးလိုက်ပါပြီးအောက်ပါလုပ်ငန်းစဉ်များကိုရေးဆွဲ တနှစ်တာလုပ်ဆောင်ရန်အတွက်
ဆွေးနွေးတိုင် ဆုံးဖြတ်အတည်ပြုခဲ့ပါသည်။
၁။မဟာချိုင်မြို့ဈေးကြီးအတွင်းရှိ မြန်မာအလုပ်သမား လာာရောက်လည်ပတ်မှု အများဆုံးဖြင့်သော နမ်းဖု
ပလာဇာ (မြန်မာခေါ်) ရေပန်းကုန်တိုက်ကြီးတွင် sep 30မှစတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အလုပ်သ
မားများအား အသိပညာဖွံ့တိုးတက်ရန်နှင့် အလုပ်သမားခွင့်ရေးများ ရှင်းလင်းပြတ်သားစွာ သိရှိစေရန် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို အပတ်စဉ်ပြုလုပ်ပေးသွားမည်။
၂။4.11.2012 ရက်နေ့တွင် ကော်မတီများနှင့် အလုပ်သမားများအား ထိုင်း မြန်မာ ဥပဒေများကို ရှင်းလင်းမှုသင်တန်းအကို မဟာချိုင်မြို့ မူစီရပ်ကွက်ရှ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ပေးသွားမည်
ဖြစ်ပါသည်။
၃။မြန်မာစာပေနှင့် လက်လှမ်းဝေးနေသော မြန်မာအလုပ်သမားမျာ မြန်မာစာနှင့်နီးစပ်မှုရရန်နှင့် မျိုးစားရေးစိတ်ဓါတ်နှင့်အညီ စည်းလုံးညီညွတ်စွာနေထိုင်ခြင်းကိုရရှိရန်ရည်ရွယ်၍ လည်းကောင်းလူငယ်များဗဟုသုတအဖျာဖျာ ရရှိရန်အတွက်လည်းကောင်း စာပေဟောပြောပွဲကို ထိုင်းနိုင်ငံတွင် နာမည်ကြီးအချိုရည် M150 co.ltd နှင့် M.W.R.N တို့ပူးပေါင်း၍ စာပေဟောပြောပွဲကြီးကို
အောက်တိုဘာ ပထမ အပတ်တွင် ပြုလုပ်ကျင်းပသွားမည်။
၎။ ထိုင်းနိုင်ငံတွင် နာမည်ကြီးအချိုရည် M150 co.ltd နှင့် M.W.R.N တို့ပူးပေါင်း၍ မြန်မာအလုပ်သမားများ စုံညီပွဲတော် အနေနှင့်လည်းကောင်း ကမ္ဘာတွင်ကျော်ကြားဆုံး အားကစားဖြစ်သော ဘောလုံးပွဲကို စိတ်ဝင်စား မှုပိုများလာစေရန်ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲကို အလုပ်ပိတ်ရက်ဖြစ်သော နှစ်သစ်ကူး ဒီဇင်ဘာ ၃၁ရက်နေ့နှင့် ဇန်နဝါရီ ၁ ရက်နေ့တို့တွင်ပြုလုပ်ကျင်းပသွားပါမည်။ ပွဲတော်အတွင်းအလုပ်သမားအခွင့်ရေးဆိုင် ဟောပြော ပွဲများ အသိပညာပေးပွဲများကိုလည်း ထည့် သွင်း သွားပါမည်။
၎။လက်ကမ်းစာစောင်နှင့် သတင်းဂျာနယ်ကိုလည်း အခါအားလျှောစွာ ထုတ်ဝေသွားမည်ဖြစ်သည်။
၂၀၁၂ =၂၀၁၃ ကော်မတီများ |
0 comments:
Post a Comment