Wednesday 19 September 2012

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုသို့
 ရောက်ရှိနေ
PDF Print
Tuesday, 18 September 2012 20:45
AddThis Social Bookmark Button
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွက် မြန်မာနိုင်ငံမှ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် 
ထွက်ခွာသွားရာ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ၌ ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံမှုတွင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်
 ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
su-heliry1
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်တို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြသေးသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီသို့ မရောက်
ရှိမီ နာရီပိုင်းအလိုတွင် မြန်မာသမ္မတ ဦးသိန်းစိန်သည် အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ
 ၁၇ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခဲ့သည်။ ထိုအထဲတွင် အကျဉ်းကျနေသည့် နိုင်ငံရေးအ
ကျဉ်းသား အချို့လည်း ပါဝင်ခဲ့သည်။နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ၁၈ ရက်နေ့တွင် Asia Society Global Vision Award ဆုကို လက်ခံ ရယူမည်ဖြစ်ပြီးစက်တင်ဘာလ ၁၉ရက်နေ့တွင် အမေရိကန် ကွန်ဂရက်လွှတ်တော် 
ရွှေတံဆိပ် ဆုပေးပွဲ သို့ တက်ရောက်ကာ ဆုလက်ခံရ ယူမည်ဖြစ်သည်။ အဆိုပါဆုသည် အမေရိကန် ကွန်ဂရက်လွှတ်တော် က အရပ်သားများသို့ ပေးအပ်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သည်။
su-heliry2
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်)၊ ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးကျော်သူ
 (ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း- ရန်ကုန်)၊ ဒေါက်တာစင်သီယာမောင် (မယ်တော်ဆေးခန်း)၊ ဦးအောင်ဒင် (ညွှန်ကြားရေးမှုး၊ U.S. Campaign for Burma) တို့အား ၀ါရှင်တန်ဒီစီ အခြေစိုက် National Endowment for Democracy (NED) မှ ချီးမြင့် မည့် ဆုပေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန်ဒီစီတွင် ရှိနေစဉ်အတွင်း အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရတ်အိုဘားမားနှင့် တွေ့ဆုံသွားရန် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အမေရိကန် သမ္မတ၏ အိမ်ဖြူတော်က အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ထို့ပြင် စက်တင်ဘာ လ ၂၁ ရက်နေ့တွင် နယူးယောက် မြို့တွင် ကျင်းပမည့် Atlantic Council
Global Citizen Award ဆုပေးပွဲသို့တက်ရောက်မည်ဖြစ်သည်။
အလားတူ ဒေါ်အောင်ဆန်းစု ကြည်သည် Louisville ၊ ယေးနှင့် ဟားဗတ်တက္ကသိုလ်များသို့လည်း သွားရောက်မည်ဖြစ်ပြီး ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပမည့် Freedom Forum သို့ တက်ရောက်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံသွား ရန်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုမှ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည် ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၂၀ ကျော်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ပထမ ဆုံးရောက်ရှိလာသည့် ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်
 မြောက်လာပြီးနောက်ပိုင်း တတိယ အကြိမ်မြောက် ပြည်ပခရီးစဉ်ဖြစ်သည်။ ပထမဆုံးပြည်ပခရီးစဉ်
 အဖြစ် ထိုင်းနိုင်ငံသို့ မေလက သွားရောက်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် ဥရောပနိုင်ငံများ ဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင် ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ ဇွန်လက သွားရောက်ခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်လည်း အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ နောက်ဆုံးပတ်တွင် သွားရောက်မည်ဖြစ်ပြီး အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတ ကာမှ အကြီးအကဲများနှင့် သီးသန့် တွေ့ဆုံမှုများ ပြုလုပ်
သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် မတ်လက စတင်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပြုပြင် ပြောင်းလဲရေးများ ဖော်ဆောင်မှုကြောင့် ဥရောပ၊ အမေရိကန်တို့နှင့် ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်လာသလို အဆိုပါနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ်
ချမှတ်ထားသည့် အရေးယူပိတ်ဆို့ မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်လာကြသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိက ခရီးစဉ်မှာ အမေရိကန်သမ္မတဟာ သမ္မတဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော နှစ်ယောက်စလုံး နဲ့ တွေ့သင့်တယ်လို့မြင်တယ်။
အ ချိန်ရရင် ကျွန်တော့်အမြင်၊ ဘားရက်အိုဘားမားဟာ နှစ်ယောက်လုံးနဲ့ တစ်ပြိုင်နက်တည်း
ဒုတိယအကြိမ် ထပ်တွေ့နိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။ အဲဒါဟာ အမေရိကန်ရဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ
အင်တိုက်အားတိုက် ပါဝင်တယ်ဆိုတာကို ပြသရာ ရောက်သလို တရုတ်နိုင်ငံကိုလည်း အမေရိကန်ရဲ့အခန်းကဏ္ဍကို လှစ်ပြလိုက်သလို ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် တွေ့သင့်တယ်လို့ ပြတ်ပြတ်သားသား ပြောတာပါ။ တစ်ယောက်ထဲကိုပဲ တွေ့မယ်ဆိုရင်တော့ နိုင်ငံရေး ချိန်ခွင်လျှာ ထိန်းညှိမှုကို ထိခိုက်
မလားလို့ စိုးရိမ်ရပါတယ်”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်မှု ဆောင်းပါးများရေးသားသူ
 ဒေါက်တာရန်မျိုးသိမ်းက
 ပြောကြားခဲ့သည်။

ဓါတ်ပုံ- AFP
http://eleven

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes