Thursday 23 February 2012

 ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ၂၂ ရက်နေ့တွင် ရာဟုထောင့် အောင်မြေ၌ကျင်းပ



ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရွှေတိဂုံစေတီရင်ပြင်တော် ရာဟုထောင့် အောင်မြေဗဟိုမဏ္ဍပ်နှင့် မဟာပဋ္ဌာန်းမဏ္ဍပ်၌ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားအား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကု မာရာဘိဝံသ(ဗန်းမော်ဆရာတော်)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်တို့က ဆီမီးအလင်းတိုင်များ ထွန်းညှိပူဇော်ကာ ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် ယင်းဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသာသနာ ရေးဗျူရိုမှ ဒုတိယ၀န်ကြီးဦးဆောင်ကာ ဗုဒ္ဓစွယ်တော်တိုက်မှ ဘုန်းတော်ကြီးအချို့ပါ တက်ရောက်ခဲ့ကြပြီး သံဃာတော်၊ သီလရှင်၊ ဥပသကာ၊ ဥပါသိကာအစရှိသည်တို့ကလည်း မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသ တို့ကိုရွတ်ဆိုခြင်းနှင့် သံဃာတော်များက မဟာပဋ္ဌာန်းဒေသနာတော်များ အသံမစဲရွတ်ဖတ်ပူဇော်ကြောင်း သိရှိရသည်။

ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ကျင်းပမည်ဟု သိရသည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes