(၂ဝဝ၆)ခုနှစ်မှ စပြီး ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားများကို နိုင်ငံသားစိစစ်မှု စတင်ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများကိုမူ (၂ဝဝ၉)ခုနှစ်၊ သြဂုတ်လမှ စတင်စိစစ်မှု ပြုလုပ်ခဲ့သည်။ ထိုသုံးနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများသည် (၂ဝ၁၁)ခုနှစ် ဖေဖော်ဝါရီလအထိ ယာယီနိုင်ငံကူးလက်မှတ် လက်ဝယ်ရရှိပြီးသူပေါင်းမှာ (၅၅ဝ,ဝဝဝ)ဦးဖြစ်သည်။ ထိုအထဲတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား (၃၅၂, ၇၄၈)ဦးတို့ပါဝင်သည်။ ဌင်းတို့သည် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် အလုပ်လုပ်ကိုင်နိုင်ကြသူများဖြစ်သည်။ (၂ဝ၁ဝ)ခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံသားစိစစ်ရန်လုပ်ခွင့်အကျုံးဝင်သူ (၉၃၂,၂၅၅)ဦးအနက်မှ (၅၄၇,၇၄၉)ဦးသည် (၂ဝ၁ဝ)ခုနှစ် ဒီဇင်ဘာလအထိ ထိုနိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်ဆောင် ရွက်မှုမပြီးဆုံးသေးဖြစ်နေသည်။ ဌင်းတို့အနေဖြင့် ထိုင်းနိုင်ငံတွင်ဆက်လက် နေထိုင်လိုသည်၊ အလုပ်လုပ်လိုသည်ဆိုပါက (၂ဝ၁ဝ)ခုနှစ် ဖေဖော်ဝါရီလ ကုန်တွင် ဌင်းတို့၏အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးရမည်ဖြစ်သည်။ (၂၉၅, ၁၃၆)ဦးသာ ထိုသတ်မှတ်ရက်အမှီ အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးနိုင်ခဲ့ ကြသည်။
ထိုစာရင်းဇယားများအရ အလုပ်လုပ်ခွင့်သက်တမ်းမတိုးရသေးသည့် ရွှေ့ ပြောင်းအလုပ်သမားပမာဏ အများအပြားရှိသည်ကို ပြသနေသလို ထိုအများစုသည် တရားမဝင်လာရောက် အလုပ်လုပ်ကိုင်ကြသူများအဖြစ် ခံရတော့မည် ဖြစ်သည်။ သို့သော် ထိုအလုပ်သမားမှတ်ပုံတင်သည့် လုပ်ငန်းစဉ်အသစ်ပြန် စရန် ဆွေးနွေးမှုများက တိုးတက်မှုများရှိလာနေရာ ထိုင်းနိုင်ငံတွင် အလုပ် လုပ်နေထိုင်သည့်အခြေအနေမျိုးကို မှတ်ပုံမတင်ရသေးသည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အလမ်းကောင်းများပေါ်ပေါက်လာနိုင်သည့် အရိပ်လက္ခဏာပင်ဖြစ်သည်။
ထိုစာရင်းဇယားများအရ အလုပ်လုပ်ခွင့်သက်တမ်းမတိုးရသေးသည့် ရွှေ့ ပြောင်းအလုပ်သမားပမာဏ အများအပြားရှိသည်ကို ပြသနေသလို ထိုအများစုသည် တရားမဝင်လာရောက် အလုပ်လုပ်ကိုင်ကြသူများအဖြစ် ခံရတော့မည် ဖြစ်သည်။ သို့သော် ထိုအလုပ်သမားမှတ်ပုံတင်သည့် လုပ်ငန်းစဉ်အသစ်ပြန် စရန် ဆွေးနွေးမှုများက တိုးတက်မှုများရှိလာနေရာ ထိုင်းနိုင်ငံတွင် အလုပ် လုပ်နေထိုင်သည့်အခြေအနေမျိုးကို မှတ်ပုံမတင်ရသေးသည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အလမ်းကောင်းများပေါ်ပေါက်လာနိုင်သည့် အရိပ်လက္ခဏာပင်ဖြစ်သည်။
(၂ဝ၁၁)ခုနှစ် မတ်လ(၃ဝ)ရက်နေ့က ပြည်ပအလုပ်သမားများဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော် မတီက ရွှေ့ပြောင်းအလုပ်သမားများအတွက် မှတ်ပုံတင် လုပ်ငန်းစဉ်အသစ်လုပ်ရန်သဘောတူခဲ့သည်။ (၂ဝ၁၁)ခုနှစ် ဧပြီလ(၁၉)ရက်နေ့တွင် ထိုလုပ်ငန်းစဉ်အစီအစဉ်ကိုအတည်ပြုရန် တရားမဝ င်ပြည်ပအလုပ်သမား များဆိုင်ရာ အမျိုးသားကော်မတီသို့တင်သွင်းမည်ဖြစ်သည်။ ထိုကော်မတီက အတည်ဖြစ်က အစိုးရအဖွဲ့အစည်းအဝေးသို့ နောက်ဆုံးအတည်ပြုချက်ရရန် တင်သွင်းရမည်ဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံအစိုးရ၏ရွေးကောက်ပွဲမတိုင်မီ အချိန်မရှိသည့်အတွက် ထိုအလုပ်သမားများမှတ်ပုံတင်အသစ်ပြုလုပ်ရေးအစီ အစဉ်သည် ကြန့်ကြာနိုင်ပြီး ယခုနှစ်ကုန်အထိ အချိန်ဆွဲသွားနိုင်သည်။
(၂ဝ၁ဝ)ခုနှစ်၊ မေလ(၄)ရက်နေ့ ထိုင်းအစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ချက်ချပေးခဲ့ရာ ထိုင်းနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသော ရွှေ့ပြောင်းအလုပ်သမားများကို ယာယီနေထိုင်ခွင့်နှင့် ယာယီ အလုပ်လုပ်ကိုင်ခွင့် တရားဝင်ပေးမည်ဟု ဆိုခဲ့သည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အလုပ်အကိုင် ရှာဖွေပေးရေးဌာနသည် ယခုအခါ လူကုန်ကူးခံခဲ့ရသူများအား အလုပ်အကိုင် ရှာဖွေပေးရန်နှင့် ၄င်းတို့နှင့် သင့်တင့်သော အလုပ်အမျိုးအစားများကို သတ်မှတ်ပြဋ္ဌာန်းပေးရန် စီစဉ်နေပြီဖြစ်သည်။ The Ministry Of Social Development and Human Security မှလည်း ¤င်းတို့နှင့် သင့်တော်သော အလုပ်အမျိုးအစားများ ဆိုင်ရာ သတင်းအချက်အလက်များ ကူညီပေးပို့ထားသည်။ တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ထိုလူကုန်ကူးခံရသူများ ယာယီနေထိုင်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်း အမိန့်နှင့် ကြေညာချက်များကို ပြင်ဆင်နေသည်။
(၂ဝ၁၁)ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် ပြုလုပ်သော ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးက ထိုင်းနိုင်ငံပညာရေး ဝန်ကြီးဌာန၏ ထိုင်းနိုင်ငံသားမဟုတ် သောသူများနှင့် အဖွဲ့အစည်းများကို အခြေခံပညာသင်ကြားရန်အတွက် သင် ကြားရေးဌာနများ ဖွင့်လှစ်ဆောင်ရွက် ရေးမူကြမ်းကို မူအားဖြင့် သဘောတူ ခဲ့သည်။ ထိုမူကြမ်းကို The Office Of The Council Of State Of Thailand အား ပြန်လည်သုံးသပ်ရန် အစိုးရအဖွဲ့မှ တာဝန်ပေးထားသည်။
ထိုမူကြမ်းတွင် အထောက်အထားမဲ့ ထိုင်းနိုင်ငံသား မဟုတ်သူများကို ပညာရေး အခြေခံသင်ကြားရေး အတွက် နိုင်ငံတော်အဆင့် ကော်မတီ ဖွဲ့စည်းပေးရေး ထိုကော်မတီတွင် ပညာရေးဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူရေး၊ ပြည်နယ်အလိုက် ကော်မတီတွင် ပြည်နယ် အုပ်ချုပ်ရေးမှူးများက ဥက္ကဌအဖြစ် တာဝန်ယူကြရေးနှင့် အခြေခံ ပညာရေးဌာနမှ ကော်မတီဝင်များသည် ထိုကော်မတီများတွင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အဖြစ် ပါဝင်ရေးတို့ ထည့်သွင်းပြဋ္ဌာန်း ထားသည်။ ထိုမူကြမ်းတွင် ရွှေ့ပြောင်း ပညာသင်ကြားရေးဌာနထူထောင်ခြင်းနှင့် ဖျက်သိမ်းခြင်းစသည့်ပြဋ္ဌာန်းချက်များလည်း ထည့်သွင်းထားသည်။ နိုင်ငံတော် အဆင့်မှ ထိုမူကြမ်းကို အတည်ပြုချက်ရပါက အလုပ်ခန့်ထားရေးဌာနမှ တရားဝင်ဥပဒေအဖြစ် သက်ဝင်လာမည်ဖြစ်သည်။ ထိုင်းနိုင်ငံကျန်းမာရေး ဝန်ကြီးဌာနသည် (၂ဝ၁၂)ခုနှစ်မှ(၂ဝ၁၆)အထိ ရွှေ့ပြောင်းအလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်မူကြမ်း ပြင်ဆင်ရေးဆွဲလျက် ရှိနေသည်။ တစ်ချိန်တည်းမှပင် နယ်စပ်ကျန်းမာရေးစောင့်ရှောက်မှုကိုပါ တစ်ခါ တည်းရေးဆွဲလျက်ရှိသည်။
ထို(၅)နှစ်စီမံကိန်းတွင် ရွှေ့ပြောင်း အလုပ်သမားများထံသို့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိစေရန် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာ စကားများနှင့် ထုတ်ဝေဖြန့်ချီမည့် အစီအစဉ်များ၊ ဆေးခန်းများလည်း ထို အလုပ်သမား အသိုင်းအဝိုင်းသို့ အရောက်ဖွင့်လှစ်မည့် အစီအစဉ်များ၊ ခေတ်မီ ဆေးကုသမှု အစီအစဉ်များနှင့် ရွှေ့ပြောင်းအလုပ်သမားများပါ, ပါဝင်သည့် ကျန်းမာရေးပညာရေး အစီအစဉ်များ၊ ကျန်းမာရေး သတိပေးသင်တန်းများတို့ ပါဝင်ကြသည်။
တရားမဝင် အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများကို ကင်းလွတ်ခွင့်ပေးကာ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်စေသည်။ ထိုအလုပ်သမားများကို အလုပ်သမားနစ်နာကြေး ရန်ပုံငွေအဖွဲ့နှင့် လူမှုရေးရာ လုံခြုံရေးရန်ပုံငွေများနှင့် အကျုံးဝင်စေခဲ့သည်။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများ ခွဲခြားဆက်ဆံခံရသည့် မူဝါဒတစ်ခုသည် လူမှုရေးရာ လုံခြုံမှုရုံး၏ ရန်ပုံငွေပင်ဖြစ်သည်။ ထိုရန်ပုံငွေကို မှတ်ပုံတင်ထားပြီးသော ရွှေ့ပြောင်း အလုပ်သမားများ ခံစားခွင့်မရှိဟု ငြင်းပယ်ခံနေရခြင်းဖြစ်သည်။ သို့သော် မသန်မစွမ်းဖြစ်ခဲ့လျှင်တော့ ထိုရန်ပုံငွေနှင့် အကျုံးဝင်စေသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားမိသားစု တစ်စုသည် (၂ဝဝ၇)ခုနှစ်က အလုပ်ခွင်မှာ ထိခိုက်မှုဖြင့် သေဆုံးခဲ့သည့် မိသားစုဝင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအတွက် နစ်နာကြေးရရန် ထိုင်းတရားရုံးတွင် အမှုရင်ဆိုင်ခဲ့ကြသည်။ ထိုမိသားစုက (၂ဝ၁ဝ)ခုနှစ် ဇူလိုင်လတွင် အောက်တရားရုံး၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သည်။ ထိုအယူခံမှုတွင် လူမှုရေးဆိုင်ရာ လုံခြုံရေးရုံး၏ အမိန့်ရုတ်သိမ်းပေးရန်ဖြစ်သည်။ ထိုအမိန့်သည် အလုပ်ရှင်ကိုသာ နစ်နာကြေး ပေးရန် ညွှန်ကြားသည့်အမိန့်ဖြစ်သည်။ ထိုနှစ်ကုန်ပိုင်းတွင် တရားရုံးချုပ်က ထိုအယူခံဝင်မှုကို စီရင်ချက်မချခဲ့ပါ။ ထိုမိသားစုလည်း နစ်နာကြေးမရရှိခဲ့ပါ။
(၂ဝ၁ဝ)ခုနှစ်၊ မတ်လက ထိုင်းအစိုးရထံ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ကျွမ်းကျင်ပညာရှင်များ ကော်မတီက လူမှုရေးလုံခြုံရေးရုံး၏ ရန်ပုံငွေမူဝါဒအား ပြန်လည်သုံးသပ်ရန်နှင့် ထိုရုံးကို အပြုသဘောဆောင်ကာ အရေးတကြီးဆောင်ရွက်မှုများ ပြုလုပ်ရေးညွှန်ကြားပေးရန် တိုက်တွန်းခဲ့သည်။ အရေးတကြီးဆောင်ရွက်စရာမှာ ကန့်သတ်ထားသည့် အခြေအနေများကို ဖယ်ရှားပေးရန်ဖြစ်သည်။ မည်သည့် နိုင်ငံသားကိုမဆို အလုပ်သမားများ နစ်နာကြေးရန်ပုံငွေနှင့် အကျုံးဝင်စေရမည်ဖြစ်သည်။ ထိုသို့တိုက်တွန်းမှုသည်(၂ဝဝ၉)ခုနှစ်က ရွှေပြောင်းအလုပ်သမားများ အလုပ်ခွင်ထိခိုက်မှုများကို အလုပ်သမား နစ်နာကြေးရန်ပုံငွေနှင် အကျုံးဝင်မှုအား ငြင်းခဲ့သည့် တိုင်ကြားမှုတစ်ခုကြောင့် ဖြစ်လာသည်။ ထိုအချက်သည် ထိုင်းနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏ ကွန်ဗင်းရှင်း(၁၉) ကိုချိုးဖောက်ခြင်းပင် ဖြစ်သည်ဟု အလုပ်သမားများ အခွင့်အရေး စောင့်ကြည့်အဖွဲ့များက မှတ်ယူထားကြသည်။
ဝင်းနိုင်ထွန်း
0 comments:
Post a Comment